Showing posts with label လင်းဆက်ပိုင်. Show all posts
Showing posts with label လင်းဆက်ပိုင်. Show all posts

Thursday, March 24, 2016

အ​မေ(သို့)​ဒေါ်​အောင်​ဆန်းစုကြည်

 
အ​မေ(သို့)​ဒေါ်​အောင်​ဆန်းစုကြည်
========================
အချစ်​ဆုံးမိသားစုကို စွန့်​ခွာခဲ့ရတဲ့အ​မေ
စည်းစိမ်​ချမ်းသာ​တွေကို ချန်​ထားရစ်​ခဲ့ရတဲ့အ​မေ
အချစ်​ဆုံးတိုင်းပြည်​ကို ခွဲခွာခဲ့ရတဲ့အ​မေ
အ​မေဟာ သာမန်​မိန်းမတစ်​​ယောက်​ထက်​ပိုပါတယ်
မီးပင်​လယ်​ကိုဖြတ်​​လျှောက်​ရဲခဲ့တဲ့အ​မေ
လှိုင်း​လေထန်​တဲ့မြစ်​ကို ကူးဖြတ်​ဝံ့ခဲ့တဲ့အ​မေ
မရဏမင်းနှင့်​အကြိမ်​ကြိမ်​စီးချင်းထိုးခဲ့တဲ့အ​မေ
အ​မေဟာ သာမန်​မိန်းမတစ်​​ယောင်​ထက်​ပိုပါတယ်
ကျောကုန်းမှာမတရားမှုအမာရွတ်​​တွေပြည့်​နက်​​နေတဲ့အ​မေ
ခန္ဓာမှာနာကျင်​စရာအရှိုးရာ​တွေသယ်​​ဆောင်​ထားရတဲ့အ​မေ
သေမင်းတမန်​​ခြေချင်း​တွေမချွတ်​တမ်းဝတ်​ဆင်​ခဲ့ရတဲ့​အ​မေ
အ​မေဟာ သာမန်​မိန်းမတစ်​​ယောက်​ထက်​ပိုပါတယ်
အကြမ်းမဖက်​နူးညံ့တဲ့စွမ်းအား​တွေ​ပွေ့ဖက်​ထားတဲ့​အ​မေ
အ​သေးအဖွဲ​လေးကစ ​မေတ္တာထားတတ်​တဲ့အ​မေ
တောက်​ပတဲ့အနာဂါတ်​အတွက်​ ဘဝကိုစွန့်​လွတ်​အနစ်​နာခံခဲ့တဲ့​အ​မေ
အ​မေ့မျက်​ရည်​​တွေက လွတ်​လပ်​ခြင်းမြစ်ဖျားဆီက​နေစီးဆင်းလာတယ်
အ​မေ့​ချွေးစက်​​တွေက ဒီမိုက​ရေစီရဲ့ အ​ခြေခံအုတ်​မြစ်​ဖြစ်​တယ်
 ပြည်​သူ့စွမ်းအားဟာ အ​မေ့ရဲ့ခွန်​အားပဲ
အ​မေ့ရဲ့လွတ်​မြောက်​ခြင်းဟာ အနာဂါတ်​မြန်​မာနိုင်​ငံ​တော်​ဖြစ်​တယ်
အ​မေ့ကို အရမ်းချစ်​တယ်​အ​မေ
ကျ​နော်​တို့နှလုံးသားမှာ အ​မေ့ပုံရိပ်​​တွေကို ထာဝရက​ဗ္ဗည်းထိုးထားမှာပါ ​အ​မေ
ဒီဇာတ်​လမ်း​လေး​တွေကို ​နောင်​မျိုးဆက်​​တွေသိ​အောင်​ လက်​ဆင့်​ကမ်း​ဝေမျှသွားပါ့မယ်
အ​မေ့ရဲ့​မေတ္တာတရား၊အ​မေ့ရဲ့ဂရုစိုက်​မှုနှင့်
 မြန်​မာနိုင်​ငံ​တော်​ကြီးအ​ပေါ် အ​မေ့ရဲ့စွန့်​လွတ်​အနစ်​နာခံမှု​တွေကို​ပေါ့....။

ဘာသာပြန်​သူ ....လင်းဆက်​ပိုင်
မူရင်းအင်္ဂလိပ်ကဗျာရေးသားသူ--ချင်းတိုင်းရင်းသားလေး Mang ဖြစ်ပါတယ်။
မြန်မာဘာသာပြန်ဆိုရာမှာ လွဲချော်မှုအားနည်းချက်များရှိပါက ဘာသာပြန်သူ ကျနော်၏ ချို့ယွင်းချက်သာဖြစ်ပါသည်။
ဘာသာပြန်​သူ ....လင်းဆက်​ပိုင်

Thursday, March 17, 2016

နွေ

 
  နွေ
 ===
လင်းဆက်ပိုင်

 နှင်းစက်လေးတွေကလက်ပြနှုတ်ဆက်တော့မှ

ငါဟာ….အိပ်မက်ကလန့်နိုးခဲ့ရ

အရာအားလုံးဟာ ဆိတ်ငြိမ်သွေ့ခြောက်နေခဲ့

ငတ်မွတ်မှုတွေရိုးတံ အပြိုင်းပြိုင်းဖြစ်နေတာတောင်

 ကောင်းကင်က ဂရုမစိုက်ဘူး

ဥသြငှက်တစ်ကောင်သာလွမ်းတေးဆိုလို့

ငါ့ကို..အချိန်မှန်ကြိုလင့်နေခဲ့…

မုတ်သုန်ရေ

တစ်ခေါက်လောက်တော့ အလည်လာခဲ့ဦးကွဲ့

ပုရစ်ဖူးတွေနှင့်ငွါးငွါးစွင့်စွင့် ငါကြိုလင့်မယ်လေ….

စိတ်ကူးနဲ့အိပ်မက်တွေကို အရောင်ခြယ်တော့

ကောင်းကင်ကပြာတယ်

အို…ချစ်သောပင်လယ်

မင်းရင်ဘတ်ကိုငွေ့ရည်ဖွဲ့ပြီး

ဘယ်ကိုများခရီးဆန့်နေပြီလဲကွယ်

ငါ့မှာတော့

 မျှော်လင့်ချက်တွေဆေးရောင်စုံနှင့် ရှင်သန်လိုက်ရတာ

စိတ်မောတာပဲအဖတ်တင်တယ်…

အဲဒီလိုနဲ့ပဲ… ဘ၀ကို

ကန္တာရဆန်ဆန်ဖြတ်သန်းခဲ့ရတယ်….။
                                        လင်းဆက်ပိုင်
ကလျာမဂ္ဂဇင်း-ဇွန်လ-2015 

Monday, February 1, 2016

ဒဏ်ရာတွေရေစိုတဲ့နေ့

 

ဒဏ်ရာတွေရေစိုတဲ့နေ့
 ============
ဟက်ပီဘတ်ဒေးဆိုပြီး
နွေဦးရဲ့ ပုရစ်ဖူးတွေလိုလည်း
လေအဝေ့မှာ မလွင့်လူးချင်တော့ဘူး။
ငါ့ရဲ့အလွမ်းတွေဟာ
အလွမ်းတွေအဖြစ်ပီပီပြင်ပြင်မပွင့်ဝေခင်မှာပဲ
ခြွေခူးခံခဲ့ရတယ်။
သူငယ်ချင်းတဲ့
ဒီစကားသုံးလုံးက
ကြိုးတစ်ချောင်းရဲ့ဆက်ထုံးလို
ငါ့ကိုလှောင်ပြုံးနေခဲ့။
နှင်းပွင့်ကိုမြတ်နိုးမိမှတော့
နွေလယ်မိုးကို တမ်းတမနေတော့ပါဘူး။
တစ်ချိန်က လမ်းတွေဟာ
အလျားလိုက် ကခုန်နေခဲ့ကြတယ်
တစ်ချိန်က ပန်းတွေဟာ
ခရမ်းရောင်ရနံ့သင်းထုံခဲ့တယ်
အခုတော့ကွယ်-----
နတ်ဆိုးရဲ့ အပြုံးတစ်ပွင့်မှာ
ငါ့ရဲ့ပင်လယ်လေးနာဖျားနေတယ်။

လင်းဆက်ပိုင်
1.2.2013