Showing posts with label လရောင်ဦး(တမူး). Show all posts
Showing posts with label လရောင်ဦး(တမူး). Show all posts
Saturday, May 27, 2017
Zawgyi version
''''''''''''''"""""""""""""""""""""""""""""""""""""""""""""
ရူးသွပ်ခြင်းက ကြယ်တွေကိုရေတွက်နေမိသလို
အလိုမကျမှူများက သူမနားက ကာလာစုံလိပ်ပြာတွေ ၊
ဖြစ်ချင်တာတွေဖြစ်ဖို့ အတွက်လည်း
အချစ်က လိုသလောက်ခရီးမပေါက်ခဲ့ပါဘူး ။
တစ်ဖက်သတ်ဆိုတော့ အဆုံးသတ်ညံ့မယ်ဆိုတာ
အချစ်ဝတ္ထု တွေမှာ ဖန်ခဲ့ဖူးတယ် ၊
ရှေ.့ ဆက် အရှူံးအမြတ်တွက်မထားတာမို့  ပေးဆပ်ခြင်းသက်
သက်နဲ့ 
လို၇င်လိုသလို မလိုရင်ကျောခိုင်းသွားတဲ့သူအတွက်
ကိုယ့်မာန ကိုယ့်သိက္ခာကို ဈေးလျှော့ ထားတဲ့ကောင် ။
ဒါမှမဟုတ် မိုက်ရူးရဲဆန်လွန်းတဲ့ ပိုးဖလံလေးလား
သူမနဲ့ ထိတွေ့ ပတ်သက်ပြီးကတည်းက
ငါ့ကိုယ်ငါ ဘာတံဆိပ်ကပ်ရမယ်မှန်းမသိသေးဘူး ။
အချစ်က ဟန်ဆောင်ကောင်းပြီး မာယာများတတ်သူကိုသာ
အနိုင်ရစေသလား ........
အရှူံးသမားတစ်ယောက်အနေနဲ့  ဒီဘ၀မှာထွေးပိုက်ခွင့်မရ
လိုက်လို့ 
နောင်ဘ၀အတွက် နမ်းရှို က်ခွင့်လေးရအောင်တော့
အိပ်ပျက်ညတွေထဲ ဆုတောင်းမိတုန်းပါ ။.  ။
                         လရောင်ဦး-တမူး
Unicode version
''''''''''''''"""""""""""""""""""""""""""""""""""""""""""""
ရူးသွပ်ခြင်းက ကြယ်တွေကိုရေတွက်နေမိသလို
အလိုမကျမှူများက သူမနားက ကာလာစုံလိပ်ပြာတွေ ၊
ဖြစ်ချင်တာတွေဖြစ်ဖို့ အတွက်လည်း
အချစ်က လိုသလောက်ခရီးမပေါက်ခဲ့ပါဘူး ။
တစ်ဖက်သတ်ဆိုတော့ အဆုံးသတ်ညံ့မယ်ဆိုတာ
အချစ်ဝတ္ထု တွေမှာ ဖန်ခဲ့ဖူးတယ် ၊
ရှေ.့ ဆက် အရှူံးအမြတ်တွက်မထားတာမို့  ပေးဆပ်ခြင်းသက်
သက်နဲ့ 
လို၇င်လိုသလို မလိုရင်ကျောခိုင်းသွားတဲ့သူအတွက်
ကိုယ့်မာန ကိုယ့်သိက္ခာကို ဈေးလျှော့ ထားတဲ့ကောင် ။
ဒါမှမဟုတ် မိုက်ရူးရဲဆန်လွန်းတဲ့ ပိုးဖလံလေးလား
သူမနဲ့ ထိတွေ့ ပတ်သက်ပြီးကတည်းက
ငါ့ကိုယ်ငါ ဘာတံဆိပ်ကပ်ရမယ်မှန်းမသိသေးဘူး ။
အချစ်က ဟန်ဆောင်ကောင်းပြီး မာယာများတတ်သူကိုသာ
အနိုင်ရစေသလား ........
အရှူံးသမားတစ်ယောက်အနေနဲ့  ဒီဘ၀မှာထွေးပိုက်ခွင့်မရ
လိုက်လို့ 
နောင်ဘ၀အတွက် နမ်းရှို က်ခွင့်လေးရအောင်တော့
အိပ်ပျက်ညတွေထဲ ဆုတောင်းမိတုန်းပါ ။.  ။
                         လရောင်ဦး-တမူး
Friday, May 19, 2017
ပါးစပ်
Zawgyi version
ပါးစပ်
းးးးးးးးးး
ချို ချင်သလား ရတယ်
ခါးချင်သလား ရတယ်
လိုတမျိုး မလိုတမျိုး အပြောင်းလဲလုပ်လို့ ရတယ်
အဲ့အပေါက်က ဘယ်တော့မှပိတ်မရတားမရ ။  ။
                   လရောင်ဦး - တမူး
                   20 5 2017
Unicode version
ပါးစပ်
းးးးးးးးးး
ချိူ ချင်သလား ရတယ်
ခါးချင်သလား ရတယ်
မင်းတို့သဘောတွေ့မယ့်စကားလုံးတွေ ရွေးပြောလို့ရတယ်
တရားစာလည်း ရွတ်ဖတ်တယ်
မကောင်းတာလည်း ထွက်ကျတယ်
လိုတမျိူ း မလိုတမျိူ း အပြောင်းလဲလုပ်လို့ရတယ်
ဗူးတစ်ရာပဲ လုံသွားတယ်
အ့ဲအပေါက်က ဘယ်တော့မှပိတ်မရတားမရ ။  ။
                   လရောင်ဦး - တမူး
                   20 5 2017
Thursday, March 30, 2017
နွလံုးသား အခ်ပ္ပို
Zawgyi version
နှလုံးသား အချပ်ပို
***************
ရူးသွပ်နေခြင်းက
                                လရောင်ဦး -တမူး
Unicode version
နှလုံးသား အချပ်ပို
***************
ရူးသွပ်နေခြင်းက
ကြယ်တွေကိုရေတွက်နေသလို ၊
နေမြင့်လေအရူးရင့်လေလေ
အပြင်မှာမိုးကသဲနေတော့
အခန်းကျဉ်းကျဉ်းထဲ စိတ္တဇဆန်ဆန် ။
အလွမ်းတွေထည့်ဖျော်ထားတဲ့ညတွေနဲ့
သတိရခြင်းတပိုင်းဖြစ်နေတဲ့ နေ့တွေမှာ
ငါ့ရဲ့အလိုမကျမှုက သူမအနားက လိပ်ပြာတွေ ၊
ဖြစ်ချင်တာဖြစ်ဖို့အတွက် လုပ်ချင်ရာလုပ်လို့မရတော့
အချစ်က လိုသလောက်ခရီးမပေါက်ခဲ့ဘူး ။
ငါက သူမရေးသားနေတဲ့စာမျက်နှာတွေမှာ အချပ်ပိုလေးပါ
လိုရင်လိုသလို မလိုရင်ဥပေက္ခာပြု ခံထားရတာတောင်
ကိုယ့်မာန ကိုယ့်သိက္ခာကို ကိုယ်တိုင်ဈေးလျော့ထားရင်း
သူမရဲ့အလှပြဓာတ်ပုံလေးကို ခဏခဏထုတ်ကြည့်နေခဲ့တယ် ။ 
                                လရောင်ဦး -တမူး
Monday, March 27, 2017
ထာဝရ အရှုံးသမား
Zawgyi Version
ထာဝရအရှုံး
!!!!!!!!!!!!!!!!!!!!!!!!!!!
ဘီလူးလို  ချစ်ပါတယ် ။
မသိဘူး ၊
တယ် ။
အနိုင်ပေးတာလား ..........
                                               လရောင်ဦး- တမူး
Unicode version
ထာဝရအရှုံး
!!!!!!!!!!!!!!!!!!!!!!!!!!!
အရှုံးအမြတ်တွက်မထားသူမို့ ပေးဆပ်ခြင်းသက်သက်
တာနောရက္ခဘီလူးလို ချစ်ပါတယ်
ဦးခေါင်းအများကြီးပါတဲ့
ဘီလူးလို  ချစ်ပါတယ် ။
တဖက်သတ်ဆိုတော့လည်း အဆုံးသတ်တွေညံ့မယ်ဆိုတာ
မိုးကောင်းကင်က ကြယ်ပွင့်လေးပြောပြထားပြီးပြီ ၊
ဆင်ကန်းတောတိုးလို့ ပြောရမလား
မျက်ကန်းတစ္ဆေမကြောက်လို့ ပြောရမလား
ဒါမှမဟုတ် မိုက်ရူးရဲဆန်တဲ့ ပိုးဖလံလေးလား
သူမနဲ့ပတ်သက်ပြီးကတည်းက ငါ့ကိုယ်ငါဘာတံဆိပ်ကပ်ရမှန်း
မသိဘူး ၊
သေချာတာက အိပ်ရေးတွေပျက်လို့ အစားတွေပျက်လာ
တယ် ။
အချစ်က ဟန်ဆောင်ကောင်းပြီး မာယာများတတ်တဲ့သူကိုပဲ
အနိုင်ပေးတာလား ..........
ဒါဆို ငါကထာ၀ရအရှုံးသမားပါ ၊
ဒီဘဝမှာ ထွေးပိုက်ခွင့်မရလိုက်လို့
နောင်ဘဝအတွက် နမ်းရှိုက်ခွင့်ရအောင်တော့ ဆုတောင်းခွင့်ပြု ပါ
ငါဟာ ပကာဓနမဲ့တဲ့ ထာ၀ရအရှုံးသမားမို့ .......။.       ။
                                               လရောင်ဦး- တမူး
Wednesday, April 6, 2016
ညီမေလးမဖတ္ရေသးတဲ့ ကဗ်ာ(၂)
ညီမေလးမဖတ္ရေသးတဲ့ ကဗ်ာ(၂)
==================================
ဇာတ်လမ်းရဲ့အစက အအေးဆိုင်လေးထဲ
အအေးဘူးလေးနှစ်လုံးစဖောက်လိုက်တဲ့အချိန်
သိပ်မကြာလိုက်ဘူး
ကြည်နူးခြင်းတွေ အပိုင်းပိုင်းပြတ်ခါ
ဇာတ်လမ်းက ပြီးဆုံးသွားပြီဆိုတော့
တဆတ်ဆတ်တုန်နေတဲ့ နှုတ်ခမ်းတွေက
တိုက်ဆိုင်မှုတွေကြောင့်သတိရတိုင်း
သူနာမည်ကို ရေရွတ်ကြတယ်။
နှလုံးသားက တငွေ့ငွေ့ လောင်ကျွမ်းနေတဲ့ကြားက
အမှတ်မရှိသူ့ကို တမ်းတခဲ့တယ်။
ဆေးလိပ်မီးခိုးတွေကို လည်ချောင်းထဲထိ ရှိုက်သွင်းလိုက်
လေဟာနယ်မှာ မှုတ်ထုတ်လိုက်နဲ့
အတွေးတွေက ဟိုပြေးဒီပြေး
အနီးကပ်ခံစားဖူးတဲ့ သနပ်ခါးရနံ့လေးတွေဆီရောက်သွားတယ်။
တကယ်ဆို အပြစ်ဆိုစရာမရှိအောင်
သူမရဲ့ ပုံစံခွက်ထဲမှာ အသားတကျ နေခဲ့တာပဲ
အခုကျ အနောက်က ကပ်ပါနေတဲ့ ငါ့ခြေထောက်တွေကို
အနှောက်အယှက်တွေတဲ့လား ညီမလေး
အချစ်ကို ကိန်းသေလို သဘောထားမိတဲ့ငါ့မှာ
မင်းပေးခဲ့တဲ့ သစ္စာတရားတွေကို အတုအစစ်မခွဲတတ်ခဲ့လို့
အလွမ်းတွေနှင့် နေထိုင်စားသောက်ရင်း
ညစဉ်မက်တဲ့ ငါ့အိပ်မက်တွေ ဆေးရောင်ပျက်ကုန်ပါပြီ
သွေးမထွက်တဲ့ ဒဏ်ရာဆိုပေမယ့်လည်း
သေရာပါမယ့် ဒဏ်ရာတွေပါ ညီမလေး။
လရောင်ဦး-တမူး 
မေလ၊ ကလျာမဂ္ဂဇင်း 2016
Tuesday, February 2, 2016
အင်ဂျလီနာဂျိုလီနှုတ်ခမ်းထက်ချိုတယ်
အင်ဂျလီနာဂျိုလီနှုတ်ခမ်းထက်ချိုတယ်
့
ပထမဆုံး ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို 
ဖွဖွလေးနမ်းလိုက်တယ် ။
ဒုတိယအကြိမ် နဖူးမို့မို့လေးကို 
ဖွဖွလေးနမ်းလိုက်တယ် ။
တတိယအကြိမ် လက်ချောင်းသေးသးသွယ်သွယ်လေးတွေကို 
ဖွဖွလေးပဲထပ်နမ်းလိုက်တယ် ။
နူတ်ခမ်းမွှေး မုတ်ဆိတ်မွှေး အရှည်မထားဖြစ်တာလည်း
အခုလိုအိပ်နေတဲ့အချိန် 
စိတ်အလိုရှိ တိုင်း နမ်းချင်လို့ ။
ငါ့ရဲ့အနမ်းတွေချိုလား ချဉ်လားတော့ မသိဘူး
ခိုးပြီးနမ်းရတဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်နဲ့ နဖူးမို့မို့လေး 
လက်ချောင်းသေးသေးသွယ်သွယ်လးတွေကတော့
အင်ဂျလီနာဂျိုလီနူတ်ခမ်းထက် အများကြီးချိုမြပါတယ်။
သားလေးရေ့ 
မင်းမက်တဲ့အိမ်မက်ထဲမှာလဲ မင်းလိုတာတွေရနေပါစေကွယ် ။ ။
လရောင်ဦး(တမူး)