Showing posts with label ျမစ္႐ိုး. Show all posts
Showing posts with label ျမစ္႐ိုး. Show all posts

Monday, April 24, 2017

ကေလးကဗ်ာ(၄)ပုဒ္

Zawgyi version

#ကေလးကဗ်ာ(၄)ပုဒ္

ေမာင္က စေခၚမယ္
။။။။။။။။။။။။။။။။။။။။။။။။။။

ေမာင္နဲ႔မမ၊ ရန္ျဖစ္တယ္
ေမာင္က စေခၚမယ္၊
စိတ္ေကာက္လည္းကြယ္၊ တစ္ခဏ
ရယ္လိုက္ေမာလိုက္ၾက၊

ေမာင္နဲ႔ညီမ၊ ရန္ျဖစ္တယ္
ေမာင္က စေခၚမယ္၊
ညီမေလးရယ္၊ ေမာင္ကေခ်ာ့
အငိုတိတ္ပါေတာ့၊

ေမာင္တို႔ေဆာ့လို႔၊ ၿပီးသြားရင္
အားလုံးခ်စ္ခ်စ္ခင္၊
စိတ္ပုပ္ၿငိဳျငင္၊ ေ႐ွာင္လို႔႐ွား
ေမာင္ႏွမစိတ္ထား။  ။

ျမစ္႐ိုး
5-2-2017

ခဲလုံးေလး
။။။။။။။။။။။။။

ခဲလုံးေလးေတြ၊ ပစ္ၾကတယ္
ေရျပင္ထဲကိုကြယ္၊
စိတ္ၾကည္ႏူးဖြယ္၊ လႈိင္းကေလး
ကမ္းစပ္ဆီကိုေျပး၊

ကဗ်ာေရးတဲ့၊ သူေတြဟာ
ခဲလုံးေလးလိုပါ၊
စာကဗ်ာေတြ၊ ေရးကာထား
လႈိင္းကေလးလိုဗ်ား၊

စာဖတ္သူမ်ား၊ စိတ္ေပ်ာ္႐ႊင္
စာကဗ်ာ ခ်စ္ခင္၊
စာကဗ်ာ႐ွင္၊ ကိုခဲလုံး
ေရမွာ နစ္ျမဳပ္ဆုံး။   ။

ျမစ္႐ိုး
3-2-2017

ေမေမဆရာမ
။။။။။။။။။။။။။။။။။

ဖိုးလမင္းႀကီး၊ ထိန္ထိန္သာ
ညခ်မ္း အခ်ိန္ခါ၊
ေမေမ့ေ႐ွ႕မွာ၊ မတ္တပ္ရပ္
လက္ကို ပိုက္လ်က္၊

သားက်က္ထားတဲ့၊ စာေတြအံ
ခ်စ္တဲ့ ေမေမ့ထံ၊
စာအံသံကို၊ ေမေမၾကား
ေမေမ ေပ်ာ္လို႔သြား၊

သားသားေလးလည္း၊ ေပ်ာ္ပါတယ္
ေမေမနဲ႔တူတယ္၊
သားသားကိုကြယ္၊ သြန္သင္ျပ
ေမေမ ဆရာမ
မဂၤလာပါဗ်။  ။

ျမစ္႐ိုး
23-4-2017

​
​ေဒၚ​ေအာင္​ဆန္​းစုၾကည္​
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇြန္​ဆယ္​့ကိုးမွာ၊ ေမြးဖြားသည္​
​ေဒၚ​ေအာင္​ဆန္​းစုၾကည္​၊
​ဖခင္​အမည္​၊ ​ ဦး​ေအာင္​ဆန္​း
​အာဇာနည​္​ေ​အာင္ဆန္​း။

ကမၻာတစ္​ဝွမ္​း ဂုဏ္​​ေရာင္​​ေျပာင္​
ျမန္​မာ့တို႔​ေ​ခါင္းေဆာင္​၊
အက်ယ္​ခ်ဳပ္​​ေထာင္​၊ အက်ဥ္​းက်
​ေတာ္​လွန္​စစ္​ဝါဒ။

ကိုယ္​ပိုင္​ဘဝ၊ စြန္​႔လႊတ္​ကာ
ကိုယ္​က်ိဳးစြန္​႔ခဲ့တာ၊
ၿငိမ္​းခ်မ္​း​ေရးမွာ၊ ႏိုဘယ္​လ္​ဆု
ကမၻာက ဂုဏ္​ျပဳ။

ျမန္​မာဆန္​မႈ၊ သူ႔မူဟန္
အလွပန္​းကိုပန္​၊
သစၥာအမွန္​၊ သူလမ္​းျပ
႐ိုးသားလိမၼာၾက။         ။

ျမစ္႐ိုး
12-6-2016

Unicode version

#ကလေးကဗျာ(၄)ပုဒ်

မောင်က စခေါ်မယ်
။။။။။။။။။။။။။။။။။။။။။။။။။။

မောင်နဲ့မမ၊ ရန်ဖြစ်တယ်
မောင်က စခေါ်မယ်၊
စိတ်ကောက်လည်းကွယ်၊ တစ်ခဏ
ရယ်လိုက်မောလိုက်ကြ၊

မောင်နဲ့ညီမ၊ ရန်ဖြစ်တယ်
မောင်က စခေါ်မယ်၊
ညီမလေးရယ်၊ မောင်ကချော့
အငိုတိတ်ပါတော့၊

မောင်တို့ဆော့လို့၊ ပြီးသွားရင်
အားလုံးချစ်ချစ်ခင်၊
စိတ်ပုပ်ငြိုငြင်၊ ရှောင်လို့ရှား
မောင်နှမစိတ်ထား။  ။

မြစ်ရိုး
5-2-2017

ခဲလုံးလေး
။။။။။။။။။။။။။

ခဲလုံးလေးတွေ၊ ပစ်ကြတယ်
ရေပြင်ထဲကိုကွယ်၊
စိတ်ကြည်နူးဖွယ်၊ လှိုင်းကလေး
ကမ်းစပ်ဆီကိုပြေး၊

ကဗျာရေးတဲ့၊ သူတွေဟာ
ခဲလုံးလေးလိုပါ၊
စာကဗျာတွေ၊ ရေးကာထား
လှိုင်းကလေးလိုဗျား၊

စာဖတ်သူများ၊ စိတ်ပျော်ရွှင်
စာကဗျာ ချစ်ခင်၊
စာကဗျာရှင်၊ ကိုခဲလုံး
ရေမှာ နစ်မြုပ်ဆုံး။   ။

မြစ်ရိုး
3-2-2017

မေမေဆရာမ
။။။။။။။။။။။။။။။။။

ဖိုးလမင်းကြီး၊ ထိန်ထိန်သာ
ညချမ်း အချိန်ခါ၊
မေမေ့ရှေ့မှာ၊ မတ်တပ်ရပ်
လက်ကို ပိုက်လျက်၊

သားကျက်ထားတဲ့၊ စာတွေအံ
ချစ်တဲ့ မေမေ့ထံ၊
စာအံသံကို၊ မေမေကြား
မေမေ ပျော်လို့သွား၊

သားသားလေးလည်း၊ ပျော်ပါတယ်
မေမေနဲ့တူတယ်၊
သားသားကိုကွယ်၊ သွန်သင်ပြ
မေမေ ဆရာမ
မင်္ဂလာပါဗျ။  ။

မြစ်ရိုး
23-4-2017

ဒေါ်အောင်ဆန်းစုကြည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဇွန်ဆယ့်ကိုးမှာ၊ မွေးဖွားသည်
ဒေါ်အောင်ဆန်းစုကြည်၊
ဖခင်အမည်၊  ဦးအောင်ဆန်း
အာဇာနည်အောင်ဆန်း။

ကမ္ဘာတစ်ဝှမ်း ဂုဏ်ရောင်ပြောင်
မြန်မာ့တို့ခေါင်းဆောင်၊
အကျယ်ချုပ်ထောင်၊ အကျဉ်းကျ
တော်လှန်စစ်ဝါဒ။

ကိုယ်ပိုင်ဘဝ၊ စွန့်လွှတ်ကာ
ကိုယ်ကျိုးစွန့်ခဲ့တာ၊
ငြိမ်းချမ်းရေးမှာ၊ နိုဘယ်လ်ဆု
ကမ္ဘာက ဂုဏ်ပြု။

မြန်မာဆန်မှု၊ သူ့မူဟန်
အလှပန်းကိုပန်၊
သစ္စာအမှန်၊ သူလမ်းပြ
ရိုးသားလိမ္မာကြ။         ။

မြစ်ရိုး
12-6-2016

ေမေမဆရာမ

Zawgyi version

#ကေလးကဗ်ာ

ေမေမဆရာမ
။။။။။။။။။။။။။။။။။

ဖိုးလမင္းႀကီး၊ ထိန္ထိန္သာ
ညခ်မ္း အခ်ိန္ခါ၊

ေမေမ့ေ႐ွ႕မွာ၊ မတ္တပ္ရပ္
လက္ကို ပိုက္လ်က္၊

သားက်က္ထားတဲ့၊ စာေတြအံ
ခ်စ္တဲ့ ေမေမ့ထံ၊

စာအံသံကို၊ ေမေမၾကား
ေမေမ ေပ်ာ္လို႔သြား၊

သားသားေလးလည္း၊ ေပ်ာ္ပါတယ္
ေမေမနဲ႔တူတယ္၊

သားသားကိုကြယ္၊ သြန္သင္ျပ
ေမေမ ဆရာမ
မဂၤလာပါဗ်။  ။

ျမစ္႐ိုး
23-4-2017

Unicode version

#ကလေးကဗျာ

မေမေဆရာမ
။။။။။။။။။။။။။။။။။

ဖိုးလမင်းကြီး၊ ထိန်ထိန်သာ
ညချမ်း အချိန်ခါ၊

မေမေ့ရှေ့မှာ၊ မတ်တပ်ရပ်
လက်ကို ပိုက်လျက်၊

သားကျက်ထားတဲ့၊ စာတွေအံ
ချစ်တဲ့ မေမေ့ထံ၊

စာအံသံကို၊ မေမေကြား
မေမေ ပျော်လို့သွား၊

သားသားလေးလည်း၊ ပျော်ပါတယ်
မေမေနဲ့တူတယ်၊

သားသားကိုကွယ်၊ သွန်သင်ပြ
မေမေ ဆရာမ
မင်္ဂလာပါဗျ။  ။

မြစ်ရိုး
23-4-2017

Monday, April 10, 2017

တပည့္ပန္းတေဝေဝ

Zawgyi version

တပည့္ပန္းေဝေဝ
။။။။။။။။။။။။။။။။။။။။။။

ႏွင္းဆီစံပယ္ ခ်ယ္ရီပိေတာက္
ႀကိဳင္ေလွာက္တဲ့ပန္းေတြ။

ရဂုံၿမိဳင္အတြင္း
ထုံသင္းကာေန။

တပည့္ပန္းေဝေဝ
ပီတိလႊမ္း ဥယ်ာဥ္မွဴး။

ပင္အျမင့္
အစဥ္တင့္ပါလို႔
ျမင့္ျမတ္ရာေရာက္ေစေၾကာင္း
ေတာင္းတယ္ဆုထူး။   ။

ျမစ္႐ိုး
11-4-2017

("ထက္ျမက္"ႏွင့္ "ေမာ္ကြန္းသစ္" ေက်ာင္းသား/သူေဟာင္းမ်ား၏ ဆရာကန္ေတာ့ပြဲ အမွတ္တရ)

Unicode version

တပည့်ပန်းဝေဝေ
။။။။။။။။။။။။။။။။။။။။။။

နှင်းဆီစံပယ် ချယ်ရီပိတောက်
ကြိုင်လှောက်တဲ့ပန်းတွေ။

ရဂုံမြိုင်အတွင်း
ထုံသင်းကာနေ။

တပည့်ပန်းဝေဝေ
ပီတိလွှမ်း ဥယျာဉ်မှူး။

ပင်အမြင့်
အစဉ်တင့်ပါလို့
မြင့်မြတ်ရာရောက်စေကြောင်း
တောင်းတယ်ဆုထူး။   ။

မြစ်ရိုး
11-4-2017

("ထက်မြက်"နှင့် "မော်ကွန်းသစ်" ကျောင်းသား/သူဟောင်းများ၏ ဆရာကန်တော့ပွဲ အမှတ်တရ)

Sunday, April 9, 2017

အ​ေမ့႐ြာအျပန္​

Zawgyi version

#ျမစ္႐ိုး

အ​ေမ့႐ြာအျပန္​
။။။။။။။။။။။။။။။။။။

အ​ေမ့႐ြာ အဝင္​လမ္​း
ပင္​ထန္​းက စီရရီ။
​ေကာက္​ပင္​ပ်ဳိ ​ေဖာ္​တစ္​သင္​းရယ္​နွင္​့
မွည္​့ဝင္​းစုံညီ။
ဘုတ္​ငွက္​ကအီ
​ေနရီ​ေပါ့​ေလး။
သုတ္​​ေျခတင္​ အျမန္​လွမ္​းတယ္​
​ေရာ္​ရမ္​းလို႔​ေငး။

အ​ေမ့အိမ္​ အဝင္​​ေပါက္​
ႀကိဳ​ေထာက္​လို႔ ​ေဆြတစ္​စုံ။
တူ​ေတာ္​​ေမာင္​ လာမယ္​့လမ္​းကို
မွန္​း​ေမ်ွာ္​ၾကပုံ။
လြမ္​း​ေဖာ္​မ်ားအကုန္​
အဖုံဖုံ စိတ္​​ေစာ။
ၿမိဳ႕ႀကီးျပန္​ လူယဥ္​​ေက်းကို
​ေထြးခ်င္​လို႔​ေနွာ။

အ​ေမ့အိမ္​ သားအ​ေရာက္​
ဝင္​​ေပါက္​က အ​ေမႀကိဳ။
မျမင္​တာ ၾကာၿပီမို႔႔
မ်က္​ရည္​စို႔ငို။
​ေထြး​ေပြ႕ပါလို႔အ​ေမ့ကို
ပိုပိုလို႔ ခ်စ္​​ေသး။
မိသားစု ဆုံတဲ့ပြဲကို
နႊဲၾကစို႔​ေလး ။

ျမစ္႐ိုး

(အရင္က ရင္​႐ိုးနဲ႔ေရးထားတဲ့ကဗ်ာ)

Unicode version

#မြစ်ရိုး

အမေ့ရွာအပြန်
။။။။။။။။။။။။။။။။။။

အမေ့ရွာ အဝင်လမ်း
ပင်ထန်းက စီရရီ။
ကောက်ပင်ပျို ဖော်တစ်သင်းရယ်နှင့်
မှည့်ဝင်းစုံညီ။
ဘုတ်ငှက်ကအီ
နေရီပေါ့လေး။
သုတ်ခြေတင် အမြန်လှမ်းတယ်
ရော်ရမ်းလို့ငေး။

အမေ့အိမ် အဝင်ပေါက်
ကြိုထောက်လို့ ဆွေတစ်စုံ။
တူတော်မောင် လာမယ့်လမ်းကို
မှန်းမျှော်ကြပုံ။
လွမ်းဖော်များအကုန်
အဖုံဖုံ စိတ်စော။
မြို့ကြီးပြန် လူယဉ်ကျေးကို
ထွေးချင်လို့နှော။

အမေ့အိမ် သားအရောက်
ဝင်ပေါက်က အမေကြို။
မမြင်တာ ကြာပြီမို့
မျက်ရည်စို့ငို။
ထွေးပွေ့ပါလို့အမေ့ကို
ပိုပိုလို့ ချစ်သေး။
မိသားစု ဆုံတဲ့ပွဲကို
နွှဲကြစို့လေး ။

မြစ်ရိုး

(အရင်က ရင်ရိုးနဲ့ရေးထားတဲ့ကဗျာ)

Saturday, April 8, 2017

သၾကၤန္အလြမ္း

Zawgyi version

#ျမစ္႐ိုး

သၾကၤန္​အလြမ္း
။။။။။။။။။။။။။။။။။။။

ေႏြပိေတာက္ဝါ ေဝကာသင္းျပန္ေတာ့
ေဗြေဖာက္ကာ ေဝဒနာရင္းရတယ္
မေျဖသာျခင္းရယ္နဲ႔ လြမ္းျပန္တဖုံ။

သၾကၤန္ေန႔
ျပန္ေတြ႔မယ္ တေဖမွန္းပါဘိ
ခေရနန္း ကုသိုလ္ေတာ္ဘုရားမွာလ
မေသြျမန္း သူ႔ကိုေမွ်ာ္ေစာင့္စားပါလို႔
ေက်ာက္ပ်ဥ္မွာ သနပ္ခါးေအးကိုတဲ့
ေသြးလို႔ရယ္တစ္ပုံ။

သည္ေနရာ သည္ဘုရားမွာပဲ
ဤေမကညာ မဒီ နားပါခဲ့
သနပ္ခါးလိမ္းရင္း ေတြ႔ကာဆုံ
ၾကဳံမိေတာ့ စြဲလမ္း။

ကတိမထားခဲ့ေတာ့
မသိသားရယ္လို႔ မဆိုသင့္ပါဘု
ႀကိဳလင့္သူ တစ္ဖက္႐ူးကိုက
ႏွစ္ကူးမွာ ေတြ႔လိမ့္ႏိုးရယ္နဲ႔
ခိုးတိတ္ဆိတ္လြမ္းး။   ။

ျမစ္႐ိုး
7-4-2017

Unicode version

#မြစ်ရိုး

သင်္ကြန်အလွမ်း
။။။။။။။။။။။။။။။။။။။

နွေပိတောက်ဝါ ဝေကာသင်းပြန်တော့
ဗွေဖောက်ကာ ဝေဒနာရင်းရတယ်
မဖြေသာခြင်းရယ်နဲ့ လွမ်းပြန်တဖုံ။

သင်္ကြန်နေ့
ပြန်တွေ့မယ် တဖေမှန်းပါဘိ
ခရေနန်း ကုသိုလ်တော်ဘုရားမှာလ
မသွေမြန်း သူ့ကိုမျှော်စောင့်စားပါလို့
ကျောက်ပျဉ်မှာ သနပ်ခါးအေးကိုတဲ့
သွေးလို့ရယ်တစ်ပုံ။

သည်နေရာ သည်ဘုရားမှာပဲ
ဤမေကညာ မဒီ နားပါခဲ့
သနပ်ခါးလိမ်းရင်း တွေ့ကာဆုံ
ကြုံမိတော့ စွဲလမ်း။

ကတိမထားခဲ့တော့
မသိသားရယ်လို့ မဆိုသင့်ပါဘု
ကြိုလင့်သူ တစ်ဖက်ရူးကိုက
နှစ်ကူးမှာ တွေ့လိမ့်နိုးရယ်နဲ့
ခိုးတိတ်ဆိတ်လွမ်းး။   ။

မြစ်ရိုး
7-4-2017

အေမ့ရြာအျပန္

Zawgyi version

#ျမစ္႐ိုး

အ​ေမ့႐ြာအျပန္​
။။။။။။။။။။။။။။။။။။

အ​ေမ့႐ြာ အဝင္​လမ္​း
ပင္​ထန္​းက စီရရီ။
​ေကာက္​ပင္​ပ်ဳိ ​ေဖာ္​တစ္​သင္​းရယ္​နွင္​့
မွည္​့ဝင္​းစုံညီ။
ဘုတ္​ငွက္​ကအီ
​ေနရီ​ေပါ့​ေလး။
သုတ္​​ေျခတင္​ အျမန္​လွမ္​းတယ္​
​ေရာ္​ရမ္​းလို႔​ေငး။

အ​ေမ့အိမ္​ အဝင္​​ေပါက္​
ႀကိဳ​ေထာက္​လို႔ ​ေဆြတစ္​စုံ။
တူ​ေတာ္​​ေမာင္​ လာမယ္​့လမ္​းကို
မွန္​း​ေမ်ွာ္​ၾကပုံ။
လြမ္​း​ေဖာ္​မ်ားအကုန္​
အဖုံဖုံ စိတ္​​ေစာ။
ၿမိဳ႕ႀကီးျပန္​ လူယဥ္​​ေက်းကို
​ေထြးခ်င္​လို႔​ေနွာ။

အ​ေမ့အိမ္​ သားအ​ေရာက္​
ဝင္​​ေပါက္​က အ​ေမႀကိဳ။
မျမင္​တာ ၾကာၿပီမို႔႔
မ်က္​ရည္​စို႔ငို။
​ေထြး​ေပြ႕ပါလို႔အ​ေမ့ကို
ပိုပိုလို႔ ခ်စ္​​ေသး။
မိသားစု ဆုံတဲ့ပြဲကို
နႊဲၾကစို႔​ေလး ။

ျမစ္႐ိုး

(အရင္က ရင္​႐ိုးနဲ႔ေရးထားတဲ့ကဗ်ာ)

Unicode version
#မြစ်ရိုး

အမေ့ရွာအပြန်
။။။။။။။။။။။။။။။။။။

အမေ့ရွာ အဝင်လမ်း
ပင်ထန်းက စီရရီ။
ကောက်ပင်ပျို ဖော်တစ်သင်းရယ်နှင့်
မှည့်ဝင်းစုံညီ။
ဘုတ်ငှက်ကအီ
နေရီပေါ့လေး။
သုတ်ခြေတင် အမြန်လှမ်းတယ်
ရော်ရမ်းလို့ငေး။

အမေ့အိမ် အဝင်ပေါက်
ကြိုထောက်လို့ ဆွေတစ်စုံ။
တူတော်မောင် လာမယ့်လမ်းကို
မှန်းမျှော်ကြပုံ။
လွမ်းဖော်များအကုန်
အဖုံဖုံ စိတ်စော။
မြို့ကြီးပြန် လူယဉ်ကျေးကို
ထွေးချင်လို့နှော။

အမေ့အိမ် သားအရောက်
ဝင်ပေါက်က အမေကြို။
မမြင်တာ ကြာပြီမို့
မျက်ရည်စို့ငို။
ထွေးပွေ့ပါလို့အမေ့ကို
ပိုပိုလို့ ချစ်သေး။
မိသားစု ဆုံတဲ့ပွဲကို
နွှဲကြစို့လေး ။

မြစ်ရိုး

(အရင်က ရင်ရိုးနဲ့ရေးထားတဲ့ကဗျာ)

Monday, April 3, 2017

ႏိုင္ငံေတာ္အလြမ္း

Zawgyi version

ႏိုင္ငံေတာ္အလြမ္း
။။။။။။။။။။။။။။။။။။။။။။။။

ခ်စ္တဲ့သူငယ္ေလ
သူငယ္ခ်င္းေကာင္း၊ ျပည္သူအေပါင္းတို႔ေရ။

ငါတို႔ႏိုင္ငံမွာ၊ ေကာက္ပဲသီးႏွံ
ဆန္ေရစပါး၊ ေပါမ်ားလွပါတယ္
ပတၱျမားေက်ာက္သံ၊ သယံဇာတ
တြင္းထြက္ျမႏွင့္၊ ေက်ာက္စိမ္းကထြက္ေသးတယ္
ျမစ္ဝတစ္ဝွမ္း၊ ေျမဆီလႊမ္းႏွင့္
ေတာင္တန္းသာေမာ၊ ေရေျမေတာေတာင္
ကမ္းေျမာင္ပင္လယ္၊ ႐ႈတိုင္းႂကြယ္လွပါတယ္။

လူသားရင္းျမစ္၊ စြမ္းအားႏွစ္ႏွင့္
အားသစ္ဖြံ႔ၿဖိဳး၊ လူမ်ိဳးေပါင္းစုံလည္း႐ိွတယ္
သတၱိၾသဇာ၊ လြန္စြာႀကီးမား
ကမၻာကပင္ေလးစားတဲ့
မဟာဗႏၶဳလသားေကာင္းလည္း႐ိွခဲ့တယ္
ကုလသမဂၢအတြင္းေရးမွဴး
ရာထူးေနရာ၊ ထည္ဝါခန္႔ခန္႔
ဦးသန္႔လို ပညာတတ္လည္း႐ိွခဲ့တယ္။

အဘက္ဘက္ျပည့္စုံ၊ ဇာတိဂုဏ္ႏွင့္
ကမၻာကုန္အလယ္မွာ
ဝင့္ထည္ေနသင့္ပါတယ္။

ေရခံေျမခံ၊ အေၾကာင္းကံႏွင့္
လူခံလူေကာင္း၊
အေၾကာင္းေပါင္းျပည့္စုံခဲ့ေပမယ့္
ႏိုင္ငံဂုဏ္မြဲ၊ ဆင္းရဲခဲ့ရတယ္။

ေကာက္က်စ္ယုတ္မာ၊ အာဏာဓားျပ
တိုင္းျပည္ကိုလုခဲ့ၾကလို႔
ငါတို႔ဘဝေတြ၊ နာက်င္ေၾကမြ
ယူၾကဳံးမရျဖစ္ခဲ့ရတယ္ေလး။ ....။

ျမစ္႐ိုး
3-4-2017

Unicode version

နိုင်ငံတော်အလွမ်း
။။။။။။။။။။။။။။။။။။။။။။။။

ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း၊ ပြည်သူအပေါင်းတို့ရေ။

ငါတို့နိုင်ငံမှာ၊ ကောက်ပဲသီးနှံ
ဆန်ရေစပါး၊ ပေါများလှပါတယ်
ပတ္တမြားကျောက်သံ၊ သယံဇာတ
တွင်းထွက်မြနှင့်၊ ကျောက်စိမ်းကထွက်သေးတယ်
မြစ်ဝတစ်ဝှမ်း၊ မြေဆီလွှမ်းနှင့်
တောင်တန်းသာမော၊ ရေမြေတောတောင်
ကမ်းမြောင်ပင်လယ်၊ ရှုတိုင်းကြွယ်လှပါတယ်။

လူသားရင်းမြစ်၊ စွမ်းအားနှစ်နှင့်
အားသစ်ဖွံ့ဖြိုး၊ လူမျိုးပေါင်းစုံလည်းရှိတယ်
သတ္တိသြဇာ၊ လွန်စွာကြီးမား
ကမ္ဘာကပင်လေးစားတဲ့
မဟာဗန္ဓုလသားကောင်းလည်းရှိခဲ့တယ်
ကုလသမဂ္ဂအတွင်းရေးမှူး
ရာထူးနေရာ၊ ထည်ဝါခန့်ခန့်
ဦးသန့်လို ပညာတတ်လည်းရှိခဲ့တယ်။

အဘက်ဘက်ပြည့်စုံ၊ ဇာတိဂုဏ်နှင့်
ကမ္ဘာကုန်အလယ်မှာ
ဝင့်ထည်နေသင့်ပါတယ်။

ရေခံမြေခံ၊ အကြောင်းကံနှင့်
လူခံလူကောင်း၊
အကြောင်းပေါင်းပြည့်စုံခဲ့ပေမယ့်
နိုင်ငံဂုဏ်မွဲ၊ ဆင်းရဲခဲ့ရတယ်။

ကောက်ကျစ်ယုတ်မာ၊ အာဏာဓားပြ
တိုင်းပြည်ကိုလုခဲ့ကြလို့
ငါတို့ဘဝတွေ၊ နာကျင်ကြေမွ
ယူကြုံးမရဖြစ်ခဲ့ရတယ်လေး။ ....။

မြစ်ရိုး
3-4-2017

Friday, March 31, 2017

ေကာင္းေစဖို႔႐ြယ္

Zawgyi Version

ေကာင္းေစဖို႔႐ြယ္
။။။။။။။။။။။။။။။။။။။။။

NLD အစိုးရ
အတိုးခ်  ႀကိဳးစားကြယ္
အားေပးေနမယ္။

ေကာင္းေစဖို႔႐ြယ္
ေဒါင္းေတြမို႔ ယုံစား။

ျပည္သူႏွင့္အတူ
ညီတူလႊင့္ထူၾကပါစို႔
လူမမာ တိုင္းျပည္ပ်က္ကို
တိုးတက္ေစသားး။   ။

ျမစ္႐ိုး
31-3-2017

Unicode Version

ကောင်းစေဖို့ရွယ်
။။။။။။။။။။။။။။။။။။။။။

NLD အစိုးရ
အတိုးချ  ကြိုးစားကွယ်
အားပေးနေမယ်။

ကောင်းစေဖို့ရွယ်
ဒေါင်းတွေမို့ ယုံစား။

ပြည်သူနှင့်အတူ
ညီတူလွှင့်ထူကြပါစို့
လူမမာ တိုင်းပြည်ပျက်ကို
တိုးတက်စေသား။   ။

မြစ်ရိုး
31-3-2017

Thursday, March 30, 2017

ဇာတိအလြမ္း

Zawgyi version

ဇာတိအလြမ္း
။။။။။။။။။။။။။။။။။။။။

ေ႐ႊမန္းေတာင္ ေျမာက္တလႊားက
တစ္ေထာက္နား စခန္းသာ
ၿမိဳ႕မတၱရာ။

တစ္ႏွစ္ရယ္တစ္ခါ
ျပန္ပါမယ့္ရည္မွန္းး။

ဇာတိ​ေျမ ေမြးအရပ္ကိုလ
ဗ်ာဓိေပြ ေဆြးလ်က္ကယ္ႏွင့္
ေျပးထြက္ကာ မလွမ္းႏိုင္ေတာ့
ေဝးးလ်က္သာလြမ္းး။ ။

ျမစ္႐ိုး
30-3-2017

Unicode version

ဇာတိအလွမ်း
။။။။။။။။။။။။။။။။။။။။

ရွှေမန်းတောင် မြောက်တလွှားက
တစ်ထောက်နား စခန်းသာ
မြို့မတ္တရာ။

တစ်နှစ်ရယ်တစ်ခါ
ပြန်ပါမယ့်ရည်မှန်းး။

ဇာတိမြေ မွေးအရပ်ကိုလ
ဗျာဓိပွေ ဆွေးလျက်ကယ်နှင့်
ပြေးထွက်ကာ မလှမ်းနိုင်တော့
ဝေးးလျက်သာလွမ်းး။ ။

မြစ်ရိုး
30-3-2017

Tuesday, March 28, 2017

ပီယေဆး

Zawgyi version

ပီယေဆး
။။။။။။။။။။။။။။။။။။

ခ်စ္ရသူ ေျခဖဝါးေအာက္က
ေျမသားကို ေက်ာခင္းအိပ္ရင္ျဖင့္
ခ်စ္သူစိတ္ ၫြတ္လိမ့္မယ္။

ေဖာ္သင္းေဆြ တစ္ေယာက္စကားရယ္ေၾကာင့္
ေမွ်ာ္ရင္းေလ ေျခေထာက္အသြားကိုျဖင့္
ေစာင့္စားၾကည့္တယ္။

အခ်စ္႐ူးပါဘိ
ျဖစ္ဖူးသူ စာနာႏိုင္လိမ့္
ေျခဖဝါးရာ ေျမသားမႈန္ကေလးကို
တုန္မေႏွး ေျပးလို႔ရယ္
ေထြးဖို႔ကြယ္ ျမတ္တႏိုး။

အိပ္ရာကိုခင္း
ခ်စ္ရသူ ေျခမႈန္နင္းကို
ဖိစင္းကာ ေက်ာခင္းအိပ္ေသာ္လည္း
အတိတ္ကံ အေၾကာင္းမလွတယ္
ကြယ္..........
ေပါင္းရကံဆိုး။       ။

ျမစ္႐ိုး
28-3-2017

Unicode version

ပီယဆေး
။။။။။။။။။။။။။။။။။။

ချစ်ရသူ ခြေဖဝါးအောက်က
မြေသားကို ကျောခင်းအိပ်ရင်ဖြင့်
ချစ်သူစိတ် ညွတ်လိမ့်မယ်။

ဖော်သင်းဆွေ တစ်ယောက်စကားရယ်ကြောင့်
မျှော်ရင်းလေ ခြေထောက်အသွားကိုဖြင့်
စောင့်စားကြည့်တယ်။

အချစ်ရူးပါဘိ
ဖြစ်ဖူးသူ စာနာနိုင်လိမ့်
ခြေဖဝါးရာ မြေသားမှုန်ကလေးကို
တုန်မနှေး ပြေးလို့ရယ်
ထွေးဖို့ကွယ် မြတ်တနိုး။

အိပ်ရာကိုခင်း
ချစ်ရသူ ခြေမှုန်နင်းကို
ဖိစင်းကာ ကျောခင်းအိပ်သော်လည်း
အတိတ်ကံ အကြောင်းမလှတယ်
ကွယ်..........
ပေါင်းရကံဆိုး။       ။

မြစ်ရိုး
28-3-2017

Monday, March 27, 2017

အို တပ္မေတာ္

Zawgyi version

အို တပ္မေတာ္
။။။။။။။။။။။။။။။။။။။။

အို တပ္မေတာ္၊ ျပည့္ရဲေဘာ္သည္
က်ဴးေက်ာ္ဝါဒ၊ ေခ်မႈန္းျပသည္
အာဂေယာက်္ားေကာင္းတကား။

အို တပ္မေတာ္၊ ျပည့္ရဲေဘာ္သည္
က်ဴး​ေက်ာ္​ဖက္ဆစ္၊ တိုက္ထုတ္ပစ္သည္
ျပည္ခ်စ္သားေကာင္းမ်ားတကား။

အို တပ္မေတာ္၊ ျပည့္ရဲေဘာ္တို႔
ေလာ္မာေဖာက္ျပား၊ မစိမ္းကားႏွင့္
ျပည့္အားထားရာ၊ စြမ္းေဆာင္ပါေလာ့။

အို တပ္မေတာ္၊ ျပည့္ရဲေဘာ္တို႔
အေဖာ္ေဆြမြန္၊ ျပည္သူ႔ကြၽန္ဟု
က်ိဳးႏြံ႐ိုက်ိဳး၊ သယ္ပိုးပါေလာ့။

ျပည္သူ႔ဘက္က၊ ရပ္တည္ၾကလွ်င္
ျပည္သူကလည္း၊ ခ်စ္ျမဲသာတည့္။

ျပည္သူ႔အက်ိဳး၊ ႐ြက္သယ္ပိုးလွ်င္
ျပည္သူျမတ္ႏိုး၊ လြန္အားကိုး၏။

သမိုင္းစဥ္လာ၊ ဂုဏ္ထည္ဝါျဖင့္
ဖြားကာျဖစ္တည္၊ အို စစ္သည္တို႔
တိုင္းျပည္ဂုဏ္ျမႇင့္၊ သေရတင့္ေအာင္
က်င့္ၾကံပါေလာ့ က်င့္ပါေလာ့။     ။

ျမစ္႐ိုး
27-3-2017

Uni version

အို တပ်မတော်
။။။။။။။။။။။။။။။။။။။။

အို တပ်မတော်၊ ပြည့်ရဲဘော်သည်
ကျူးကျော်ဝါဒ၊ ချေမှုန်းပြသည်
အာဂယောကျ်ားကောင်းတကား။

အို တပ်မတော်၊ ပြည့်ရဲဘော်သည်
ကျူးကျော်ဖက်ဆစ်၊ တိုက်ထုတ်ပစ်သည်
ပြည်ချစ်သားကောင်းများတကား။

အို တပ်မတော်၊ ပြည့်ရဲဘော်တို့
လော်မာဖောက်ပြား၊ မစိမ်းကားနှင့်
ပြည့်အားထားရာ၊ စွမ်းဆောင်ပါလော့။

အို တပ်မတော်၊ ပြည့်ရဲဘော်တို့
အဖော်ဆွေမွန်၊ ပြည်သူ့ကျွန်ဟု
ကျိုးနွံရိုကျိုး၊ သယ်ပိုးပါလော့။

ပြည်သူ့ဘက်က၊ ရပ်တည်ကြလျှင်
ပြည်သူကလည်း၊ ချစ်မြဲသာတည့်။

ပြည်သူ့အကျိုး၊ ရွက်သယ်ပိုးလျှင်
ပြည်သူမြတ်နိုး၊ လွန်အားကိုး၏။

သမိုင်းစဉ်လာ၊ ဂုဏ်ထည်ဝါဖြင့်
ဖွားကာဖြစ်တည်၊ အို စစ်သည်တို့
တိုင်းပြည်ဂုဏ်မြှင့်၊ သရေတင့်အောင်
ကျင့်ကြံပါလော့ ကျင့်ပါလော့။     ။

မြစ်ရိုး
27-3-2017