Showing posts with label သြယ္ဘ. Show all posts
Showing posts with label သြယ္ဘ. Show all posts

Friday, June 30, 2017

ရာသီဥတုက ေဖါက္ျပန္ရင္းေမာင္းႏွင္

Zawgyi version

ရာသီဥတုက
ေဖါက္ျပန္ရင္းေမာင္းႏွင္
                          သြယ္ဘ

သတင္းစာထဲက မတ္လ ၂၃ ရက္ေန႔ဟာ ကမၻ႔ာမိုးေလဝသေန႔
ယေန႔ေခတ္ရာသီေတြက ေခတ္စမ္းအေရးအသားမဟုတ္ေတာ့ျပန္ဘူး
ရႈပ္ေထြးစရာ မိုးေခါင္ ေရႀကီး အပူလိႈင္းမိ
အစဥ္အလာ အကန္႔အသတ္ကို ရိုက္ခ်ိဳးရင္း မိုးႀကီးေလႀကီး ခ်ဥ္းကပ္လာေနျပီ ။

ကဗ်ာ ကမၻာထဲေလထုညစ္ညမ္းမႈအႀကီးႀကီးရွိတယ္
သက္ရွိလူသားသတၱဝါမ်ိဳးစိတ္တစ္ခုလုံးအေပၚ
အနက္ေရာင္မီးခိုးလိႈင္းေတြအျမစ္ပြားျဖစ္တည္ေနႀက
သစ္ပင္ေတြေစာင့္ႀကပ္ေနတဲ႔ကဗ်ာ ကမၻာမွာေနေပ်ာ္ပါတယ္
အစြန္းထိက်ေရာက္လာတဲ႔ ရာသီကိုကဗ်ာနဲ႔ ျပန္ဆြဲတင္ဦးမယ္
ကမၻာကိုသစ္ပင္ေတြနဲ႔ေပါင္းကူးေပးဖို႔ ။

ခ်စ္စဖြယ္ျမစ္ေခ်ာင္းေတြထဲ ငါးေတြကို ဘယ္သူတိတ္တိတ္ပုန္းအဆိပ္ခ်သလဲ
လွ်ပ္စစ္ေရွာ႔ခ္တန္းနဲ႔ ပြတ္တိုက္ခဲ႔ႀက
ကိုယ့္အေသြးအသားေတြကို ကိုယ္တိုင္အႀကမ္းဖက္တတ္
ေခါင္းေမာ့မႀကည့္ႏိုင္ေလာက္ေအာင္ ေႏြဟာလာကိုက္ေနတာ ။

ရာသီဥတုဟာျခိမ္းေျခာက္စကားလာလာေျပာတယ္
ရူးႏွမ္းေစမယ့္စာေတြ ခပ္တည္တည္ပို႔တယ္
ေလျပင္းေမႊ မုန္တိုင္းထေနတာထက္စာရင္
မိုးယိုေနတာက ဘာမွမျဖစ္ ။

အယ္လ္နီညိဳဟာ ေရခဲမုန္႔ႀကိဳက္တယ္
ပူေလာင္လြန္းလွေတာ့ ပင္လယ္ဟာမီးေလာင္ျပီ
ရာသီဥတုဟာ ေရခ်ိဳေရသန္႔ပိတ္ဆို႔မႈနဲ႔ရာဇဝတ္မႈကိုဖိတ္ေခၚ
တေနရာရာမွာ ေရာဂါပိုးမႊားေတြပူစျပဳလာျပီ ။

စက္ရုံကထုတ္လုပ္တဲ႔အရုပ္ေတြဟာငါတို႔ေပါ့
စက္ရုံထြက္မီးခိုးကို ရွဴရႈိက္ေနရတယ္
အျမင့္ဆုံးမီးခိုးထုတ္လႊတ္မႈဟာ ပန္းျခံ အားကစားကြင္းေတြထိေနထိုင္လာႀကျပီ။

မိုးဟာစေနေထာင့္ကဓားကိုင္တက္လာတယ္
ေရေအာက္နစ္ျမဳပ္သြားတဲ႔ျမိဳ႕ကိုေအာ္ေခၚႀကည့္တယ္
ငါမမွတ္မိေတာ့ဘူး အနံ႔လည္းမရေတာ့ဘူး
ေရအရင္းအျမစ္က လူအရင္းအျမစ္ကို ဦးေႏွာက္ေဖာက္စားတယ္။

ပင္လယ္ဟာသတိႀကီးစြာ မုန္တိုင္းကိုေမြးျမဴျပီ
ပူေႏြးရာကေန အပူလြန္ေပါက္ကြဲလာမႈ
ေရခဲေတာင္ႀကီးလည္းအေပ်ာ္လြန္ျပီး အရည္ေပ်ာ္က်လာ
ဒုကၡပြင့္ျပီ ။

သဘာဝေလဖိအားနည္းရပ္ဝန္းဟာ ပင္လယ္ျပင္ကိုဗဟိုျပဳ
မုန္တိုင္းအျဖစ္ေန႔စဥ္သတင္းစာထဲခုန္ခ်လာတယ္
ဘဂၤလားပင္လယ္ကေအာ္ျပီးလာေနတယ္
သဘာဝအပူဟာ ေတာင္ထိပ္ပိုင္းထိတက္လာတယ္ ။

လယ္သမားဘဝဆီ မိုးစိုစပါးလာေနတယ္
ကိုယ္လက္ေတြကိုက္ခဲေအးစက္ ကမၻာေလျဖတ္ခ်င္လာတယ္ ။

အေပါက္ကိုဖာ အျပဲကိုခ်ဳပ္
၂၁ ရာစုရာသီဥတုျပဳျပင္ေျပာင္းလဲမႈ
အညစ္အေႀကးေတြ ရွင္းလင္းေအာင္ ေရႏုတ္ေျမာင္းေကာင္းစြာစီးပါေစ
တစ္စတစ္စ ပိုေမွ်ာ္မိတယ္
ကမၻာလုံးဆိုင္ရာ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေစာင့္ေရွာက္ေရးဗ်ဴဟာ
ေနေရာင္ျခည္ေအာက္ျမက္ခင္းစိမ္းစိမ္းလြင္ျပင္ထဲ
ကမၻာေျမကခ်စ္ျခင္းေမတၱာကဗ်ာရြတ္ဆိုတယ္ ။             ။

                             သြယ္ဘ
အမွတ္ ၃၉  ဇူလိုင္လ  ၂၀၁၇   ေခတ္ရနံ႔  မဂၢဇင္း

Unicode version

ရာသီဥတုက
ဖေါက်ပြန်ရင်းမောင်းနှင်
                          သွယ်ဘ

သတင်းစာထဲက မတ်လ ၂၃ ရက်နေ့ဟာ ကမ္ဘ့ာမိုးလေဝသနေ့
ယနေ့ခေတ်ရာသီတွေက ခေတ်စမ်းအရေးအသားမဟုတ်တော့ပြန်ဘူး
ရှုပ်ထွေးစရာ မိုးခေါင် ရေကြီး အပူလှိုင်းမိ
အစဉ်အလာ အကန့်အသတ်ကို ရိုက်ချိုးရင်း မိုးကြီးလေကြီး ချဉ်းကပ်လာနေပြီ ။

ကဗျာ ကမ္ဘာထဲလေထုညစ်ညမ်းမှုအကြီးကြီးရှိတယ်
သက်ရှိလူသားသတ္တဝါမျိုးစိတ်တစ်ခုလုံးအပေါ်
အနက်ရောင်မီးခိုးလှိုင်းတွေအမြစ်ပွားဖြစ်တည်နေကြ
သစ်ပင်တွေစောင့်ကြပ်နေတဲ့ကဗျာ ကမ္ဘာမှာနေပျော်ပါတယ်
အစွန်းထိကျရောက်လာတဲ့ ရာသီကိုကဗျာနဲ့ ပြန်ဆွဲတင်ဦးမယ်
ကမ္ဘာကိုသစ်ပင်တွေနဲ့ပေါင်းကူးပေးဖို့ ။

ချစ်စဖွယ်မြစ်ချောင်းတွေထဲ ငါးတွေကို ဘယ်သူတိတ်တိတ်ပုန်းအဆိပ်ချသလဲ
လျှပ်စစ်ရှော့ခ်တန်းနဲ့ ပွတ်တိုက်ခဲ့ကြ
ကိုယ့်အသွေးအသားတွေကို ကိုယ်တိုင်အကြမ်းဖက်တတ်
ခေါင်းမော့မကြည့်နိုင်လောက်အောင် နွေဟာလာကိုက်နေတာ ။

ရာသီဥတုဟာခြိမ်းခြောက်စကားလာလာပြောတယ်
ရူးနှမ်းစေမယ့်စာတွေ ခပ်တည်တည်ပို့တယ်
လေပြင်းမွှေ မုန်တိုင်းထနေတာထက်စာရင်
မိုးယိုနေတာက ဘာမှမဖြစ် ။

အယ်လ်နီညိုဟာ ရေခဲမုန့်ကြိုက်တယ်
ပူလောင်လွန်းလှတော့ ပင်လယ်ဟာမီးလောင်ပြီ
ရာသီဥတုဟာ ရေချိုရေသန့်ပိတ်ဆို့မှုနဲ့ရာဇဝတ်မှုကိုဖိတ်ခေါ်
တနေရာရာမှာ ရောဂါပိုးမွှားတွေပူစပြုလာပြီ ။

စက်ရုံကထုတ်လုပ်တဲ့အရုပ်တွေဟာငါတို့ပေါ့
စက်ရုံထွက်မီးခိုးကို ရှူရှိုက်နေရတယ်
အမြင့်ဆုံးမီးခိုးထုတ်လွှတ်မှုဟာ ပန်းခြံ အားကစားကွင်းတွေထိနေထိုင်လာကြပြီ။

မိုးဟာစနေထောင့်ကဓားကိုင်တက်လာတယ်
ရေအောက်နစ်မြုပ်သွားတဲ့မြို့ကိုအော်ခေါ်ကြည့်တယ်
ငါမမှတ်မိတော့ဘူး အနံ့လည်းမရတော့ဘူး
ရေအရင်းအမြစ်က လူအရင်းအမြစ်ကို ဦးနှောက်ဖောက်စားတယ်။

ပင်လယ်ဟာသတိကြီးစွာ မုန်တိုင်းကိုမွေးမြူပြီ
ပူနွေးရာကနေ အပူလွန်ပေါက်ကွဲလာမှု
ရေခဲတောင်ကြီးလည်းအပျော်လွန်ပြီး အရည်ပျော်ကျလာ
ဒုက္ခပွင့်ပြီ ။

သဘာဝလေဖိအားနည်းရပ်ဝန်းဟာ ပင်လယ်ပြင်ကိုဗဟိုပြု
မုန်တိုင်းအဖြစ်နေ့စဉ်သတင်းစာထဲခုန်ချလာတယ်
ဘင်္ဂလားပင်လယ်ကအော်ပြီးလာနေတယ်
သဘာဝအပူဟာ တောင်ထိပ်ပိုင်းထိတက်လာတယ် ။

လယ်သမားဘဝဆီ မိုးစိုစပါးလာနေတယ်
ကိုယ်လက်တွေကိုက်ခဲအေးစက် ကမ္ဘာလေဖြတ်ချင်လာတယ် ။

အပေါက်ကိုဖာ အပြဲကိုချုပ်
၂၁ ရာစုရာသီဥတုပြုပြင်ပြောင်းလဲမှု
အညစ်အကြေးတွေ ရှင်းလင်းအောင် ရေနုတ်မြောင်းကောင်းစွာစီးပါစေ
တစ်စတစ်စ ပိုမျှော်မိတယ်
ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးဗျူဟာ
နေရောင်ခြည်အောက်မြက်ခင်းစိမ်းစိမ်းလွင်ပြင်ထဲ
ကမ္ဘာမြေကချစ်ခြင်းမေတ္တာကဗျာရွတ်ဆိုတယ် ။             ။

                             သွယ်ဘ
အမှတ် ၃၉  ဇူလိုင်လ  ၂၀၁၇   ခေတ်ရနံ့  မဂ္ဂဇင်း

Tuesday, May 16, 2017

အ႐ူးေတြ

Zawgyi version

အ႐ူးေတြ

=======

သူ႔ဘာသာသူေလ်ွာက္ေရးထားတဲ့ဟာႀကီးကိုငါကက်က်နနဖတ္မိတယ္

ေလ်ွာက္ေရးေတြရမယ္ေလ်ွာက္ေရးေတြရမယ္
စိတ္ကူးယဥ္ဝါဒေတြရမယ္စိတ္ကူးယဥ္ၾကမယ္
လက္ေတြ႔မရိွေတြရမယ္လို႔ေအာ္ေျပာသြားေသးတယ္

တဟားဟားလည္းေအာ္ရယ္သြားတယ္
ၿပီးေတာ့ကိုယ့္ေဘးနားကထထြက္သြားတယ္

ကိုယ္စဥ္းစားတယ္
တစ္ေယာက္တည္းက်န္ခဲ့တယ္

ဘဏ္တိုက္ႀကီးထဲကေန
သူ႔ကိုကိုက္သတ္ပစ္မယ့္ေႁမြေတြထုတ္လာခဲ့တယ္

ဒီကမၻာႀကီးမွာအ႐ူးျဖစ္ဖို႔အခြင့္အလမ္းေတြအမ်ားႀကီးရိွတယ္
အႏုပညာသည္အ႐ူးေတြအတြက္လို႔အ႐ူးကေႂကြးေၾကာ္တယ္
သူေနတဲ့အိမ္ကိုေတာ့မိုးတိမ္လို႔ေခၚၾကည့္လိုက္တယ္

ငါမိုးေရထဲေလ်ွာက္သြားေနတာဘယ္သူလာၿပီးတားလို႔တုန္း
ငါ့မွာစားစရာမရိွတာဘယ္သူလာၿပီးေကြၽးလို႔တုန္း
ငါ့မိသားစုကိုငါမမွတ္မိေတာ့တာဘယ္ေလာက္ၾကာၿပီတုန္း

၁၀ႏွစ္ခံနာရီဓာတ္ခဲလို႔ဆိုင္႐ွင္ကေျပာတယ္
ႏွစ္ေထာင္က်ပ္နဲ႔ကြၽန္ေတာ္ဝယ္ခဲ့လိုက္တယ္
လာမယ့္၁၀ႏွစ္ဟာေပ်ာ္စရာ

အ႐ူးမွာပရိသတ္ရိွတယ္
ပရိသတ္မရိွေတာ့မွာကိုေၾကာက္ေနတဲ့အမူအရာမ်က္ႏွာမွာေတြ႔တယ္

ႏွစ္သစ္မွာ
အ႐ူးကဘာဆုေတာင္းမလဲ

ငါတို႔သိထားတဲ့အ႐ူးက
ငါတို႔ကိုအ႐ူးလို႔ေျပာသြားေသးတယ္
အ႐ူးရဲ႕

အ႐ူးအတုေတြမလာနဲ႔
အ႐ူးအစစ္ဟာခ်စ္စရာေကာင္းတယ္

အ႐ူးေတြကမ်ားတယ္
အသံေတြၾကားေနရတယ္
မိတ္ေဆြကဘယ္လိုအ႐ူးမ်ိဳးပါလဲ

ပူရင္ပူတယ္လို႔႐ူး
ေအးရင္ေအးတယ္လို႔႐ူး

ေလတိုက္ရင္ေလတိုက္တယ္လို႔႐ူး
မိုးရြာရင္မိုးရြာတယ္လို႔႐ူး

ငါတို႔လို
ရာသီဥတုဟာ႐ူးေၾကာင္ေၾကာင္ျဖစ္ေနၿပီ

အ႐ူးမွာမီးမဝိုင္းပါဘူး
မီးကမ႐ူးေသးသူဆီမွာ

ေအာ္ဟစ္ၿပီးရယ္မယ္
တိတ္တဆိတ္ငိုတယ္

ေအာ္ဟစ္ၿပီးငိုမယ္
တိတ္တဆိတ္ရယ္တယ္

ငိုသံနဲ႔ရယ္သံကို
ကဗ်ာျပဳလုပ္တယ္

အ႐ူးကိုဘာလို႔႐ိုက္တာလဲ
အ႐ူးကိုမ႐ိုက္ခင္ဘာလို႔ရြယ္လိုက္တာလဲ

အ႐ူးကို႐ိုက္ဖို႔မရြယ္ခင္ဘာလို႔ေအာ္လိုက္တာလဲ
အခါခါ႐ူးေပါ့

ငါ့ကိုေဝဖန္တိုက္ခိုက္ေနလည္းဂ႐ုမစိုက္ဘူး
ငါကတစ္ေကာင္တည္း
ဒါေပမယ့္အ႐ူး

ႏိုင္ငံေတာ္ကအ႐ူးေတြကိုသားလိုသမီးလိုသေဘာထားရဲ႕လားလို႔အ႐ူးကေတြးတယ္

ရဲရဲေတာက္အ႐ူးမ်ားသည္ႏွစ္ကာလေရြ႔လ်ားမႈစီးေၾကာင္းထဲတြင္ေဖ်ာ့ေတာ့ေတာ့အ႐ူးအျဖစ္သာက်န္ရစ္ကုန္၏

အ႐ူးဆိုေတာ့
လူေတြဝိုင္းအုံၾကည့္တာေပါ့

ဘယ္ကလာတာလဲေျပာ
ဘယ္ကိုသြားမွာလဲေျပာ

ကမၻာႀကီးထဲမွာအႏိုင္ရလိုသူသာမ်ားျပားေနၿပီး
အ႐ႈံးေပးလိုသူဟာ႐ွားပါးေနတယ္

ေက်ေက်နပ္နပ္ႀကီး႐ူးခဲ့ပါတယ္
ေက်ေက်နပ္နပ္ႀကီး႐ႈံးခဲ့ပါတယ္ ။

16.5.2017

သြယ္ဘ

Unicode version

အရူးတွေ

=======

သူ့ဘာသာသူလျှောက်ရေးထားတဲ့ဟာကြီးကိုငါကကျကျနနဖတ်မိတယ်

လျှောက်ရေးတွေရမယ်လျှောက်ရေးတွေရမယ်
စိတ်ကူးယဉ်ဝါဒတွေရမယ်စိတ်ကူးယဉ်ကြမယ်
လက်တွေ့မရှိတွေရမယ်လို့အော်ပြောသွားသေးတယ်

တဟားဟားလည်းအော်ရယ်သွားတယ်
ပြီးတော့ကိုယ့်ဘေးနားကထထွက်သွားတယ်

ကိုယ်စဉ်းစားတယ်
တစ်ယောက်တည်းကျန်ခဲ့တယ်

ဘဏ်တိုက်ကြီးထဲကနေ
သူ့ကိုကိုက်သတ်ပစ်မယ့်မြွေတွေထုတ်လာခဲ့တယ်

ဒီကမ္ဘာကြီးမှာအရူးဖြစ်ဖို့အခွင့်အလမ်းတွေအများကြီးရှိတယ်
အနုပညာသည်အရူးတွေအတွက်လို့အရူးကကြွေးကြော်တယ်
သူနေတဲ့အိမ်ကိုတော့မိုးတိမ်လို့ခေါ်ကြည့်လိုက်တယ်

ငါမိုးရေထဲလျှောက်သွားနေတာဘယ်သူလာပြီးတားလို့တုန်း
ငါ့မှာစားစရာမရှိတာဘယ်သူလာပြီးကျွေးလို့တုန်း
ငါ့မိသားစုကိုငါမမှတ်မိတော့တာဘယ်လောက်ကြာပြီတုန်း

၁၀နှစ်ခံနာရီဓာတ်ခဲလို့ဆိုင်ရှင်ကပြောတယ်
နှစ်ထောင်ကျပ်နဲ့ကျွန်တော်ဝယ်ခဲ့လိုက်တယ်
လာမယ့်၁၀နှစ်ဟာပျော်စရာ

အရူးမှာပရိသတ်ရှိတယ်
ပရိသတ်မရှိတော့မှာကိုကြောက်နေတဲ့အမူအရာမျက်နှာမှာတွေ့တယ်

နှစ်သစ်မှာ
အရူးကဘာဆုတောင်းမလဲ

ငါတို့သိထားတဲ့အရူးက
ငါတို့ကိုအရူးလို့ပြောသွားသေးတယ်
အရူးရဲ့

အရူးအတုတွေမလာနဲ့
အရူးအစစ်ဟာချစ်စရာကောင်းတယ်

အရူးတွေကများတယ်
အသံတွေကြားနေရတယ်
မိတ်ဆွေကဘယ်လိုအရူးမျိုးပါလဲ

ပူရင်ပူတယ်လို့ရူး
အေးရင်အေးတယ်လို့ရူး

လေတိုက်ရင်လေတိုက်တယ်လို့ရူး
မိုးရွာရင်မိုးရွာတယ်လို့ရူး

ငါတို့လို
ရာသီဥတုဟာရူးကြောင်ကြောင်ဖြစ်နေပြီ

အရူးမှာမီးမဝိုင်းပါဘူး
မီးကမရူးသေးသူဆီမှာ

အော်ဟစ်ပြီးရယ်မယ်
တိတ်တဆိတ်ငိုတယ်

အော်ဟစ်ပြီးငိုမယ်
တိတ်တဆိတ်ရယ်တယ်

ငိုသံနဲ့ရယ်သံကို
ကဗျာပြုလုပ်တယ်

အရူးကိုဘာလို့ရိုက်တာလဲ
အရူးကိုမရိုက်ခင်ဘာလို့ရွယ်လိုက်တာလဲ

အရူးကိုရိုက်ဖို့မရွယ်ခင်ဘာလို့အော်လိုက်တာလဲ
အခါခါရူးပေါ့

ငါ့ကိုဝေဖန်တိုက်ခိုက်နေလည်းဂရုမစိုက်ဘူး
ငါကတစ်ကောင်တည်း
ဒါပေမယ့်အရူး

နိုင်ငံတော်ကအရူးတွေကိုသားလိုသမီးလိုသဘောထားရဲ့လားလို့အရူးကတွေးတယ်

ရဲရဲတောက်အရူးများသည်နှစ်ကာလရွေ့လျားမှုစီးကြောင်းထဲတွင်ဖျော့တော့တော့အရူးအဖြစ်သာကျန်ရစ်ကုန်၏

အရူးဆိုတော့
လူတွေဝိုင်းအုံကြည့်တာပေါ့

ဘယ်ကလာတာလဲပြော
ဘယ်ကိုသွားမှာလဲပြော

ကမ္ဘာကြီးထဲမှာအနိုင်ရလိုသူသာများပြားနေပြီး
အရှုံးပေးလိုသူဟာရှားပါးနေတယ်

ကျေကျေနပ်နပ်ကြီးရူးခဲ့ပါတယ်
ကျေကျေနပ်နပ်ကြီးရှုံးခဲ့ပါတယ် ။

16.5.2017

သွယ်ဘ

Friday, May 12, 2017

အ႐ူး ၁၈

Zawgyi version

အ႐ူး (၁၈)

အ႐ူးဆိုေတာ့
လူေတြဝိုင္းအုံၾကည့္တာေပါ့ ။

သြယ္ဘ

....................................................................................

Unicode version

အရူး (၁၈)

အရူးဆိုတော့
လူတွေဝိုင်းအုံကြည့်တာပေါ့ ။

သွယ်ဘ

....................................................................................

အ႐ူး ၁၇

Zawgyi version

အ႐ူး (၁၇)

ရဲရဲေတာက္အ႐ူးမ်ားသည္ႏွစ္ကာလေရြ႔လ်ားမႈစီးေၾကာင္းထဲတြင္ေဖ်ာ့ေတာ့ေတာ့အ႐ူးအျဖစ္သာက်န္ရစ္ကုန္၏ ။

သြယ္ဘ

....................................................................................

Unicode version

အရူး (၁၇)

ရဲရဲတောက်အရူးများသည်နှစ်ကာလရွေ့လျားမှုစီးကြောင်းထဲတွင်ဖျော့တော့တော့အရူးအဖြစ်သာကျန်ရစ်ကုန်၏ ။

သွယ်ဘ

....................................................................................

အ႐ူး ၁၆

Zawgyi version

အ႐ူး (၁၆)

ႏိုင္ငံေတာ္ကအ႐ူးေတြကိုသားလိုသမီးလိုသေဘာထားရဲ႕လားလို႔အ႐ူးကေတြးတယ္ ။

သြယ္ဘ

....................................................................................

Unicode version

အရူး (၁၆)

နိုင်ငံတော်ကအရူးတွေကိုသားလိုသမီးလိုသဘောထားရဲ့လားလို့အရူးကတွေးတယ် ။

သွယ်ဘ

....................................................................................

အ႐ူး ၁၅

Zawgyi version

အ႐ူး (၁၅)

ငါ့ကိုေဝဖန္တိုက္ခိုက္ေနလည္းဂ႐ုမစုိက္ဘူး
ငါကတစ္ေကာင္တည္း
ဒါေပမယ့္ အ႐ူး ။

သြယ္ဘ

....................................................................................

Unicode version

အရူး (၁၅)

ငါ့ကိုဝေဖန်တိုက်ခိုက်နေလည်းဂရုမစိုက်ဘူး
ငါကတစ်ကောင်တည်း
ဒါပေမယ့် အရူး ။

သွယ်ဘ

....................................................................................

အ႐ူး ၁၄

Zawgyi version

အ႐ူး (၁၄)

အ႐ူးကိုဘာလို႔႐ိုက္လိုက္တာလဲ
အ႐ူးကိုမ႐ိုက္ခင္ဘာလို႔ရြယ္လိုက္တာလဲ
အ႐ူးကို႐ိုက္ဖို႔မရြယ္ခင္ဘာလို႔ေအာ္လိုက္တာလဲ
အခါခါ႐ူးေပါ့ ။

သြယ္ဘ

....................................................................................

Unicode version

အရူး (၁၄)

အရူးကိုဘာလို့ရိုက်လိုက်တာလဲ
အရူးကိုမရိုက်ခင်ဘာလို့ရွယ်လိုက်တာလဲ
အရူးကိုရိုက်ဖို့မရွယ်ခင်ဘာလို့အော်လိုက်တာလဲ
အခါခါရူးပေါ့ ။

သွယ်ဘ

....................................................................................

အ႐ူး ၁၃

Zawgyi version

အ႐ူး (၁၃)

ေအာ္ဟစ္ၿပီးရယ္မယ္
တိတ္တဆိတ္ငိုတယ္ ။

ေအာ္ဟစ္ၿပီးငိုမယ္
တိတ္တဆိတ္ရယ္တယ္ ။

ငိုသံနဲ႔ရယ္သံကို
ကဗ်ာျပဳလုပ္တယ္ ။

သြယ္ဘ

....................................................................................

Unicode versiom
အရူး (၁၃)

အော်ဟစ်ပြီးရယ်မယ်
တိတ်တဆိတ်ငိုတယ် ။

အော်ဟစ်ပြီးငိုမယ်
တိတ်တဆိတ်ရယ်တယ် ။

ငိုသံနဲ့ရယ်သံကို
ကဗျာပြုလုပ်တယ် ။

သွယ်ဘ

....................................................................................

အ႐ူး ၁၂

Zawgyi version

အ႐ူး (၁၂)

အ႐ူးမွာမီးမဝိုင္းပါဘူး
မီးကမ႐ူးေသးသူေတြဆီမွာ ။

သြယ္ဘ

....................................................................................

Unicode version

အရူး (၁၂)

အရူးမှာမီးမဝိုင်းပါဘူး
မီးကမရူးသေးသူတွေဆီမှာ ။

သွယ်ဘ

....................................................................................

အ႐ူး ၁၁

Zawgyi version

အ႐ူး (၁၁)

ပူရင္ပူတယ္လို႔႐ူး
ေအးရင္ေအးတယ္လို႔႐ူး ။

ေလတိုက္ရင္ေလတိုက္တယ္လို႔႐ူး
မိုးရြာရင္မိုးရြာတယ္လို႔႐ူး ။

ငါတို႔လို
ရာသီဥတုဟာ႐ူးေၾကာင္ေၾကာင္ျဖစ္ေနၿပီ ။

သြယ္ဘ

....................................................................................

Unicode version

အရူး (၁၁)

ပူရင်ပူတယ်လို့ရူး
အေးရင်အေးတယ်လို့ရူး ။

လေတိုက်ရင်လေတိုက်တယ်လို့ရူး
မိုးရွာရင်မိုးရွာတယ်လို့ရူး ။

ငါတို့လို
ရာသီဥတုဟာရူးကြောင်ကြောင်ဖြစ်နေပြီ ။

သွယ်ဘ

....................................................................................

အ႐ူး ၁၀

Zawgyi version

အ႐ူး (၁၀)

အ႐ူးေတြကမ်ားတယ္
အသံေတြၾကားေနရတယ္
မိတ္ေဆြကဘယ္လိုအ႐ူးမ်ိဳးပါလဲ ။

သြယ္ဘ

....................................................................................

Unicode version

အရူး (၁၀)

အရူးတွေကများတယ်
အသံတွေကြားနေရတယ်
မိတ်ဆွေကဘယ်လိုအရူးမျိုးပါလဲ ။

သွယ်ဘ

....................................................................................

Saturday, April 22, 2017

အ႐ူး (၉)

Zawgyi version

အ႐ူး (၉)

အ႐ူးအတုေတြမလာနဲ႔
အ႐ူးအစစ္ဟာခ်စ္စရာေကာင္းတယ္ ။

သြယ္ဘ
..............................................................

Unicode version

အရူး (၉)

အရူးအတုတွေမလာနဲ့
အရူးအစစ်ဟာချစ်စရာကောင်းတယ် ။

သွယ်ဘ
....................................................................................

Friday, April 21, 2017

အ႐ူး (၈)

Zawgyi version

အ႐ူး (၈)

ငါတို႔သိထားတဲ့အ႐ူးက
ငါတို႔ကိုအ႐ူးလို႔ေျပာသြားေသးတယ္
အ႐ူးရဲ႕ ။

သြယ္ဘ

...........................................................

Unicode version

အရူး (၈)

ငါတို့သိထားတဲ့အရူးက
ငါတို့ကိုအရူးလို့ပြောသွားသေးတယ်
အရူးရဲ့ ။

သွယ်ဘ

....................................................................................

Tuesday, April 18, 2017

အ႐ူး (၇)

Zawgyi version

အ႐ူး (၇)

ႏွစ္သစ္မွာ
အ႐ူးကဘာဆုေတာင္းမလဲ ။

သြယ္ဘ

.

Unicode version

အရူး (၇)

နှစ်သစ်မှာ
အရူးကဘာဆုတောင်းမလဲ ။

သွယ်ဘ

.

Friday, April 14, 2017

အ႐ူး (၆)

Zawgyi version

အ႐ူး (၆)

အ႐ူးမွာပရိတ္သတ္႐ွိတယ္
ပရိတ္သတ္မ႐ွိေတာ့မွာကိုေၾကာက္ေနတဲ့အမူအရာသူ့မ်က္ႏွာမွာေတြ႔တယ္ ။

သြယ္ဘ

Unicode version

အရူး (၆)

အရူးမှာပရိတ်သတ်ရှိတယ်
ပရိတ်သတ်မရှိတော့မှာကိုကြောက်နေတဲ့အမူအရာသူ့မျက်နှာမှာတွေ့တယ် ။

သွယ်ဘ

Wednesday, April 12, 2017

အ႐ူး(၅)

Zawgyi version

အ႐ူး (၅)

၁၀ႏွစ္ခံနာရီဓာတ္ခဲလို႔ဆိုင္ရွင္ကေျပာတယ္
ႏွစ္ေထာင္က်ပ္နဲ႔ကြၽန္ေတာ္ဝယ္ခဲ့လိုက္တယ္
လာမယ့္၁၀ႏွစ္ဟာေပ်ာ္စရာ ။

သြယ္ဘ

Unicode version

အရူး (၅)

၁၀နှစ်ခံနာရီဓာတ်ခဲလို့ဆိုင်ရှင်ကပြောတယ်
နှစ်ထောင်ကျပ်နဲ့ကျွန်တော်ဝယ်ခဲ့လိုက်တယ်
လာမယ့်၁၀နှစ်ဟာပျော်စရာ ။

သွယ်ဘ

တက္တူး (၂)

Zawgyi version

တက္တူး (၂)

တက္တူးကိုလူနဲ႔တြဲကပ္ပူးခ်ည္ထားလိုက္တယ္
ခင္ဗ်ားဆီကေနတက္တူးေတြထြက္ေျပးဖုိ႔ႀကိဳးစားဘူးလား
ခင္ဗ်ားကေရာႏွင္ထုတ္ဘူးလား ။

သြယ္ဘ

Unicode version

တက်တူး (၂)

တက်တူးကိုလူနဲ့တွဲကပ်ပူးချည်ထားလိုက်တယ်
ခင်ဗျားဆီကနေတက်တူးတွေထွက်ပြေးဖို့ကြိုးစားဘူးလား
ခင်ဗျားကရောနှင်ထုတ်ဘူးလား ။

သွယ်ဘ

တက္တူး

Zawgyi version

တက္တူး

ကြၽန္ေတာ္ရဲ႕ေခါင္းေပၚတက္တူးေတြပ်ံသန္းသြားၾက
တိုက္ေလယာဥ္ပ်ံေတြလိုတေဝါေဝါ
ကြၽန္ေတာ္ေၾကာက္တယ္ ။

သြယ္ဘ

Unicode version

တက်တူး

ကျွန်တော်ရဲ့ခေါင်းပေါ်တက်တူးတွေပျံသန်းသွားကြ
တိုက်လေယာဉ်ပျံတွေလိုတဝေါဝေါ
ကျွန်တော်ကြောက်တယ် ။

သွယ်ဘ

Tuesday, April 4, 2017

အ႐ုး ၄

Zawgyi version

အ႐ူး (၄)

ငါမိုးေရထဲေလွ်ာက္သြားေနတာဘယ္သူလာၿပီးတားလို႔တုန္း
ငါ့မွာစားစရာမရွိတာဘယ္သူလာၿပီးေကြၽးလို႔တုန္း
ငါ့မိသားစုကိုငါမမွတ္မိေတာ့တာဘယ္ေလာက္ၾကာၿပီတုန္း ။

သြယ္ဘ
342017

Unicode version
အ႐ူး (၄)

ငါမိုးေရထဲေလွ်ာက္သြားေနတာဘယ္သူလာၿပီးတားလို႔တုန္း
ငါ့မွာစားစရာမရွိတာဘယ္သူလာၿပီးေကြၽးလို႔တုန္း
ငါ့မိသားစုကိုငါမမွတ္မိေတာ့တာဘယ္ေလာက္ၾကာၿပီတုန္း ။

သြယ္ဘ
342017

Saturday, April 1, 2017

အ႐ူး(၃)

Zawgyi version

အ႐ူး (၃)

ဒီကမၻာႀကီးမွာအ႐ူးျဖစ္ဖုိ႔အခြင့္အလမ္းေတြအမ်ားႀကီးရွိတယ္
အႏုပညာသည္အ႐ူးေတြအတြက္လို႔အ႐ူးကေႂကြးေၾကာ္တယ္
သူေနတဲ့အိမ္ကိုေတာ့မိုးတိမ္လို႔ေခၚၾကည့္လိုက္တယ္ ။

သြယ္ဘ
142017

Unicode version
အရူး (၃)

ဒီကမ္ဘာကြီးမှာအရူးဖြစ်ဖို့အခွင့်အလမ်းတွေအများကြီးရှိတယ်
အနုပညာသည်အရူးတွေအတွက်လို့အရူးကကြွေးကြော်တယ်
သူနေတဲ့အိမ်ကိုတော့မိုးတိမ်လို့ခေါ်ကြည့်လိုက်တယ် ။

သွယ်ဘ
142017