Thursday, July 6, 2017

ကဗ်ာဆရာရဲ႕ဒီအန္ေအထဲက ေတြ႕ရွိမႈအနည္းငယ္

Zawgyi version

ကဗ်ာဆရာရဲ႕ဒီအန္ေအထဲက ေတြ႕ရွိမႈအနည္းငယ္
###########################

ဖူးပြင့္ၿပီးရင္ ေႂကြႏြမ္းရတာမဆန္းေပမယ့္
ျဖတ္သန္းခဲ့တဲ့လမ္းေတြက ၾကမ္းတမ္းတယ္
ကဗ်ာဆရာတဲ့လား
အရာရာကိုေတာ္လွန္ၿပီး ႏွလံုးသားနဲ႔လူလုပ္ေနရတဲ့
အစြန္႔ပစ္ခံေတြ
နာက်င္စရာေတြကိုဖူးဖူးမႈတ္ၿပီး
ကဗ်ာနဲ႔ေျဖသိမ့္ေနရတဲ့ ဒဏ္ရာလူသားေတြ
တစ္ဖက္သက္ဆန္တဲ့ကစားကြက္ထဲကိုပဲ
အ႐ံႈးခံၿပီး ေက်ေက်နပ္နပ္ႀကီးကစားေနၾကတယ္
လမ္းေတြကလည္း မဆံုးႏိုင္ဘူး
ျမစ္ေတြကလည္း က်ယ္လြန္းတယ္
အားလံုးက ေဖာင္ဖ်က္ၿပီးအသက္ကိုလွ်ဳထားတယ္
လူငယ္ဘဝကို ကဗ်ာနဲ႔စြန္႔စားၿပီး
အသက္ကို ကဗ်ာနဲ႔ထုပ္ထားတဲ့ ေတာ္လွန္ေရးလူငယ္
စိတ္တဆံုး ေရကုန္ေရခန္း ကဗ်ာၿပီးရင္လည္း ကဗ်ာ
ဘာမွျပန္မရတာကိုပဲ ေမွ်ာ္လင့္တႀကီး
ေတာ္လွန္စိတ္နဲ႔ အဝါေရာင္ကိုအံဝွတ္ထဲထည့္လို႔
လက္ဘက္ရည္တစ္ခြက္အျပင္ ထပ္မေတာင့္တခဲ့ဘူး
ဆိုက္ပရက္လမ္းမွာ လြင့္ေနတဲ့လြယ္အိတ္ေတြ
ဆင္စြယ္နန္းေတာ္ထဲက ေဆးလိပ္မီးခိုးေတြ
တေယာသံေတြက မီးေလာင္ျပင္ထက္က်ယ္ခဲ့တယ္
အသံေတြ အသံေတြ
ဘာသံမွမထြက္တဲ့တိတ္ဆိတ္ျခင္းထဲကအသံေတြ
ကဗ်ာဆရာတဲ့လား
တစ္ဘဝတည္းနဲ႔ကဗ်ာေရးဖို႔မလံုေလာက္တဲ့ကဗ်ာဆရာေတြ
ေနဝင္ခ်ိန္ေတြက အေမွာင္ထက္ဘယ္ေလာက္လွလွ
အေမွာင္ထက္လွတဲ့ မနက္ခင္းေတြကေပၚမလာခဲ့ဘူး
ကဗ်ာဆရာတဲ့လား
ေနာင္ဘဝရဲ႕တစ္ဖက္ကမ္းထိ ဒဏ္ရာေတြသယ္ၿပီး ကဗ်ာေရးေနအံုးမယ္သူေတြ။    ။

လင္းအိမ္ငယ္
12 / February / 2017

Unicode version
ကဗျာဆရာရဲ့ဒီအန်အေထဲက တွေ့ရှိမှုအနည်းငယ်
###########################

ဖူးပွင့်ပြီးရင် ကြွေနွမ်းရတာမဆန်းပေမယ့်
ဖြတ်သန်းခဲ့တဲ့လမ်းတွေက ကြမ်းတမ်းတယ်
ကဗျာဆရာတဲ့လား
အရာရာကိုတော်လှန်ပြီး နှလုံးသားနဲ့လူလုပ်နေရတဲ့
အစွန့်ပစ်ခံတွေ
နာကျင်စရာတွေကိုဖူးဖူးမှုတ်ပြီး
ကဗျာနဲ့ဖြေသိမ့်နေရတဲ့ ဒဏ်ရာလူသားတွေ
တစ်ဖက်သက်ဆန်တဲ့ကစားကွက်ထဲကိုပဲ
အရှုံးခံပြီး ကျေကျေနပ်နပ်ကြီးကစားနေကြတယ်
လမ်းတွေကလည်း မဆုံးနိုင်ဘူး
မြစ်တွေကလည်း ကျယ်လွန်းတယ်
အားလုံးက ဖောင်ဖျက်ပြီးအသက်ကိုလျှုထားတယ်
လူငယ်ဘဝကို ကဗျာနဲ့စွန့်စားပြီး
အသက်ကို ကဗျာနဲ့ထုပ်ထားတဲ့ တော်လှန်ရေးလူငယ်
စိတ်တဆုံး ရေကုန်ရေခန်း ကဗျာပြီးရင်လည်း ကဗျာ
ဘာမှပြန်မရတာကိုပဲ မျှော်လင့်တကြီး
တော်လှန်စိတ်နဲ့ အဝါရောင်ကိုအံဝှတ်ထဲထည့်လို့
လက်ဘက်ရည်တစ်ခွက်အပြင် ထပ်မတောင့်တခဲ့ဘူး
ဆိုက်ပရက်လမ်းမှာ လွင့်နေတဲ့လွယ်အိတ်တွေ
ဆင်စွယ်နန်းတော်ထဲက ဆေးလိပ်မီးခိုးတွေ
တယောသံတွေက မီးလောင်ပြင်ထက်ကျယ်ခဲ့တယ်
အသံတွေ အသံတွေ
ဘာသံမှမထွက်တဲ့တိတ်ဆိတ်ခြင်းထဲကအသံတွေ
ကဗျာဆရာတဲ့လား
တစ်ဘဝတည်းနဲ့ကဗျာရေးဖို့မလုံလောက်တဲ့ကဗျာဆရာတွေ
နေဝင်ချိန်တွေက အမှောင်ထက်ဘယ်လောက်လှလှ
အမှောင်ထက်လှတဲ့ မနက်ခင်းတွေကပေါ်မလာခဲ့ဘူး
ကဗျာဆရာတဲ့လား
နောင်ဘဝရဲ့တစ်ဖက်ကမ်းထိ ဒဏ်ရာတွေသယ်ပြီး ကဗျာရေးနေအုံးမယ်သူတွေ။    ။

လင်းအိမ်ငယ်
12 / February / 2017

No comments:

Post a Comment