Saturday, April 22, 2017

ဖိတ္စာ

Zawgyi version

ဖိတ္​စာ
llllllllllll

သို႕.........တဲ့
႐ွင္​သန္​​ေနတဲ့ပန္​းပင္​က​ေလးကို
အဆိပ္​ရည္​ေလာင္​းၿပီးသတ္​ပစ္​လိုက္​သလိုပါပဲ
အခု...အိပ္​ရာထဲလဲ​ေနတဲ့​ေမွ်ာ္​လင္​့္​ျခင္​းဟာ
ဘယ္​​ေတာ့မွျပန္​​ေရာက္​မလာ​ႏိုင္​တဲ့ အနမ္​း​ေငြ႕​ေငြ႕လား
​ေခါင္​း​ေပၚမွာအခ်ိန္​ျပည္​့ကြၽတ္​က်​ေနတဲ့ဆံပင္​​ေတြလို
ခႏၶာကိုယ္​​ေပၚမွာအခ်ိန္​တိုင္​းျမည္​​ေနတဲ့အသံဟာ သတိရျခင္​း​ေပါ့
နဖူးက​ေလးကိုစမ္​း​ေပးတာကအစ
လက္​ဖ၀ါး​ေလး​ေတြႏွိပ္​နယ္​​ေပးတာအဆံုး
အထီးက်န္​ျခင္​းဟာ
​ေန႔​ေန႔ညည​ေဆာင္​ထားရတဲ့​ေအာက္​ဆီဂ်င္​ဘူးလိုအဓိပၸါယ္​႐ွိပါတယ္​
`​ေလတ္​ိုက္​မခံနဲ႔​ေနာ္´​
`အက်ႌထူထူ၀တ္​​ေနာ္´​
စကားပံုေတြဟာ
၂၄နာရီ​တပ္​ဆင္​ထားရတဲ့​​​ေဆးပိုက္​​ေတြလိုတန္​ဖိုး႐ွိပါတယ္​
မ​ေသာက္​ခ်င္​ပဲ​ေသာက္​​ေနရတဲ့​ေဆး​ေတြထက္​
မင္​း​ေပးထားတဲ့စိတ္​ပုတီး​ေလးက
၀င္​သက္​ထြက္​သက္​ကို ပိုထိ​ေရာက္​​ေစပါတယ္​
မျဖစ္​ႏိုင္​မွန္​းသိ​ေပမဲ့
ဖိတ္​စာက​ေလးကိုဖြင္​့​ေဖာက္​ၿပီး
အထပ္​ထပ္​အခါခ​ါဖတ္ၾကည္​့မိပါတယ္
​မၾကားႏိုင္​မွန္​းသိ​ေပမဲ့
ဖိတ္​စာက​ေလးကိုကိုင္​ၿပီး
အထပ္​ထပ္​အခါခါဆု​ေတာင္​းမိပါတယ္​
`​ေသအတူ႐ွင္​မကြာ ​ေပါင္​းဖက္​ႏိုင္​ပါ​ေစ´....။

ေအာင္ကိုကိုလတ္(တမူး)
FACES Magazine, February 2015

Unicode version
ဖိတ်စာ
llllllllllll

သို့.........တဲ့
ရှင်သန်နေတဲ့ပန်းပင်ကလေးကို
အဆိပ်ရည်လောင်းပြီးသတ်ပစ်လိုက်သလိုပါပဲ
အခု...အိပ်ရာထဲလဲနေတဲ့မျှော်လင့်ခြင်းဟာ
ဘယ်တော့မှပြန်ရောက်မလာနိုင်တဲ့ အနမ်းငွေ့ငွေ့လား
ခေါင်းပေါ်မှာအချိန်ပြည့်ကျွတ်ကျနေတဲ့ဆံပင်တွေလို
ခန္ဓာကိုယ်ပေါ်မှာအချိန်တိုင်းမြည်နေတဲ့အသံဟာ သတိရခြင်းပေါ့
နဖူးကလေးကိုစမ်းပေးတာကအစ
လက်ဖဝါးလေးတွေနှိပ်နယ်ပေးတာအဆုံး
အထီးကျန်ခြင်းဟာ
နေ့နေ့ညညဆောင်ထားရတဲ့အောက်ဆီဂျင်ဘူးလိုအဓိပ္ပါယ်ရှိပါတယ်
`လေတိုက်မခံနဲ့နော်´
`အကျႌထူထူဝတ်နော်´
စကားပုံတွေဟာ
၂၄နာရီတပ်ဆင်ထားရတဲ့ဆေးပိုက်တွေလိုတန်ဖိုးရှိပါတယ်
မသောက်ချင်ပဲသောက်နေရတဲ့ဆေးတွေထက်
မင်းပေးထားတဲ့စိတ်ပုတီးလေးက
ဝင်သက်ထွက်သက်ကို ပိုထိရောက်စေပါတယ်
မဖြစ်နိုင်မှန်းသိပေမဲ့
ဖိတ်စာကလေးကိုဖွင့်ဖောက်ပြီး
အထပ်ထပ်အခါခါဖတ်ကြည့်မိပါတယ်
မကြားနိုင်မှန်းသိပေမဲ့
ဖိတ်စာကလေးကိုကိုင်ပြီး
အထပ်ထပ်အခါခါဆုတောင်းမိပါတယ်
`သေအတူရှင်မကွာ ပေါင်းဖက်နိုင်ပါစေ´....။

အောင်ကိုကိုလတ်(တမူး)
FACES Magazine, February 2015

No comments:

Post a Comment