Wednesday, April 6, 2016

လူနာ(၄)

လူနာ(၄)
llllllllllllllll
တစ်စက္ကန့်ပြီးတစ်စက္ကန့်
အချိန်ဆွဲတယ်ဆိုတာလည်း
ပွဲသိမ်းခရာမမှုတ်ခင်အထိပါပဲ
လူ့သက်တမ်းဟာပုခက်ပေါ်မှာငိုနေဆဲ
လူ့သက်တမ်းဟာလမ်းပေါ်မှာလျှောက်နေဆဲ
လူ့သက်တမ်းဟာပိုက်ဆံနောက်လိုက်နေဆဲ
အခု...လူ့သက်တမ်းဟာ
မျက်ရည်နဲ့မျက်ခွက်နဲ့
အရိုးပေါ်အရေတင်တဲ့ခန္ဓာကိုယ်နဲ့
မျောနေတဲ့စိတ်နဲ့
တကယ်တော့
ပိုက်ဆံနဲ့အသက်ကိုတစ်စက္ကန့်ချင်းဆွဲဆန့်တာလည်း
ပိုက်ဆံနဲ့အသက်ကိုတစ်စက္ကန့်ချင်းညှင်းဆဲသလိုပါပဲ...။

 အောင်ကိုကိုလတ်(တမူး)
ကမ်းဝေးကြိုးကြာမှ

No comments:

Post a Comment