Zawgyi version
"စံေတာ္ခ်ိန္" ေန႔စဥ္သတင္းစာ၊
ကြၽန္ေတာ္ ဆယ္တန္းေအာင္ေသာေန႔
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကြၽန္ေတာ္ ဆယ္တန္းေအာင္ေသာေန႔တြင္ ကမၻာႀကီးသည္ ႀကီးႀကီးက်ယ္က်ယ္ေျပာင္းလဲမသြားပါ။ ငလ်င္ေတြ လႈပ္၊ မိုးအႀကီးအက်ယ္႐ြာသြန္း၊ ေတာင္ေတြၿပိဳ၊ ေတာ္လဲသံေတြ မၾကားရပါ။ ဧရာဝတီျမစ္သည္ ေျမာက္အရပ္မွ ေတာင္အရပ္သို႔ စီးဆင္းလ်က္သာ ျဖစ္ပါသည္။ ေနသည္ အေ႐ွ႕အရပ္မွ ထြက္၍ အေနာက္အရပ္သို႔ ဝင္လ်က္သာ ျဖစ္ပါသည္။ သို႔ေသာ္ ကြၽန္ေတာ့္ဘဝသည္ ေျပာင္းလဲခဲ့ပါသည္။ ကြၽန္ေတာ္ ဆယ္တန္းေအာင္ၿပီးေနာက္ ကြၽန္ေတာ့္အသက္ေမြးဝမ္းေက်ာင္းအလုပ္သည္ ေျပာင္းလဲခဲ့၏။
ကြၽန္ေတာ္ ဆယ္တန္းေအာင္ေသာေန႔သည္ ကြၽန္ေတာ့္ဘဝ၏ ဂုဏ္ယူဖြယ္ရာေန႔တစ္ေန႔ျဖစ္ပါသည္။ ကြၽန္ေတာ့္ဘဝတြင္ ဂုဏ္ယူဖြယ္ရာေန႔မ်ားစြာ မ႐ိွပါ။ ထိုမ်ားစြာမ႐ိွေသာေန႔ထဲတြင္ ဆယ္တန္းေအာင္ေသာေန႔တစ္ေန႔သည္ အပါအဝင္ျဖစ္ပါသည္။ ဆယ္တန္းေအာင္စာရင္းထြက္ခါနီးတိုင္း ကြၽန္ေတာ့္လိပ္ျပာသည္ ႏိုးလ်က္႐ိွ၏။ ေသြးပူတုန္း၊ ေသြးေႏြးတုန္း၊ ရင္ခုန္တုန္းပင္ျဖစ္ပါသည္။ ဆယ္တန္းေအာင္စာရင္းထြက္ခါနီး ညေတြတိုင္း အိပ္မက္ထဲတြင္ ကြၽန္ေတာ္သည္ ဆယ္တန္းေအာင္စာရင္းကို ခဏခဏျပန္ၾကည့္ေနရပါသည္။ တစ္ခါတစ္ရံ စာေမးပြဲက်ေနေသးသည္။ ဆယ္တန္းတေစၦသည္ ကြၽန္ေတာ့္ကို ေျခာက္လွန္႔ေနတုန္းပင္ ျဖစ္သည္။
ကြၽန္ေတာ္သည္ ဆယ္တန္းေအာင္ျမင္ဖို႔ အထူးလိုလားေတာင့္တခဲ့ပါ၏။ ေသေရး႐ွင္ေရးတမွ် အေရးထားခဲ့၏။
တစ္ခါက ဂရိအေတြးအေခၚပညာ႐ွင္ ေဆာ့ခရတၱိက သူ႔ဆီမွာ ပညာသင္ခ်င္သည့္ လူငယ္တစ္ေယာက္ကို ဘာမေျပာညာမေျပာ ေရႏွစ္လိုက္သည္။ ၿပီးေတာ့မွ လူငယ္ကို ေမး၏။ "ေရထဲနစ္ေနတဲ့အခ်ိန္မွာ မင္း ဘာကိုအလိုခ်င္ဆုံးလဲ"ဟု။ လူငယ္ကလည္း "ကြၽန္ေတာ္ ေလကို လိုခ်င္တာေပါ့"ဟု ျပန္ေျဖပါသည္။ ေရထဲနစ္ခ်ိန္မွာ ေလကို လိုအပ္သလို ပညာကို လိုလားဖို႔လိုေၾကာင္း ေဆာ့ခရတၱိက လက္ေတြ႔ျပသျခင္းျဖစ္ပါသည္။ ကြၽန္ေတာ္သည္လည္း ေရထဲနစ္သူတစ္ေယာက္ ေလကို လိုအပ္သကဲ႔သို႔ ဆယ္တန္းေအာင္ျမင္ဖို႔ လိုအပ္ခဲ့ပါသည္။ ကြၽန္ေတာ္သည္ "ငါ ဆယ္တန္းေအာင္မွ ျဖစ္မယ္"ဟု ႀကိဳးစားခဲ့ပါ၏။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကြၽန္ေတာ္သည္ အေမ့လက္ညႇိဳးကေလးကို ဆြဲ၍ ေက်ာင္းသြားခဲ့ရေသာေန႔ရက္မ်ားကို မွတ္မိပါသည္။ အေမက အိမ္ဆိုင္ဖြင့္ထား၍ ေန႔စဥ္ ေဈးသြားရ၏။ အေမ ေဈးဝယ္သြားေသာ မတၱရာၿမိဳ႕မေဈးသည္ ကြၽန္ေတာ္ တက္ေရာက္ခဲ့ေသာ မတၱရာၿမိဳ႕မ အထက္တန္းေက်ာင္းႏွင့္ လမ္းအတူတူျဖစ္ပါသည္။ ကြၽန္ေတာ့္ေက်ာင္းဖြင့္ရက္မ်ားႏွင့္ တိုက္ဆိုင္လွ်င္ တစ္ခါတစ္ရံ သားအမိႏွစ္ေယာက္ အတူတူသြားၾက၏။
အေမႏွင့္အတူတူ ေက်ာင္းသြားရေသာေန႔တိုင္း အေမက အျမဲဆုံးမသည္။ ေက်ာင္းမွန္မွန္တက္ဖို႔၊ စာမွန္မွန္က်က္ဖို႔၊ လိမ္လိမ္မာမာေနဖို႔။ ကြၽန္ေတာ္သည္ ေက်ာင္းမွန္၊ စာက်က္၊ လိမၼာသူတစ္ေယာက္ျဖစ္ပါ၏။ အေမ အထူးဆုံးမသည္မွာ၊ ကြၽန္ေတာ့္ကို နားစြဲေအာင္ ေျပာဆိုသည္မွာ "အေမက ပညာအေမြပဲေပးႏိုင္တာ"ဟူေသာ စကားျဖစ္၏။ အေမသည္ အေမွ်ာ္အျမင္႐ိွလွပါသည္။ ေ႐ွ႕ေရးကို ႀကိဳေတြးတတ္၏။
အေမ့တြင္ ေနာက္ေယာက်္ားႏွင့္ရေသာ ကေလးသုံးေယာက္႐ိွ၏။ အားလုံး ေယာက်္ားေလးမ်ားျဖစ္၏။ အေမက အျဖစ္မွန္အတိုင္း၊ ပကတိအ႐ိွတရားအတိုင္း ခ်ဥ္းကပ္ဆုံးမ၏။ ညီေလးေတြက ဘာပဲျဖစ္ျဖစ္ အေဖဟူသည့္ အားကိုးရာ႐ိွေၾကာင္း၊ ကြၽန္ေတာ္က ကိုယ့္အားကိုယ္ကိုးရမည္ျဖစ္ေၾကာင္း၊ ပညာကို အားကိုးရာတစ္ခုအျဖစ္ ႐ႈျမင္၍ ႀကိဳးစားရမည္ျဖစ္ေၾကာင္း ဆုံးမ၏။
ကြၽန္ေတာ္သည္ အေမ့ကို မိခင္တစ္ဦးထက္ပို၍ ေက်းဇူးတင္မိပါသည္။ ကြၽန္ေတာ္ သြားရမည့္လမ္းကို ႐ွင္း႐ွင္းလင္းလင္းၫႊန္ျပေပးခဲ့၏။ စိတ္ႏွလုံးမွာ စြဲျမဲေနေအာင္ ႐ိုက္သြင္းေပးခဲ့ပါသည္။ ကြၽန္ေတာ္သည္လည္း ကြၽန္ေတာ္သြားရမည့္လမ္းကို ထင္းထင္းႀကီးျမင္ကာ ေလွ်ာက္လွမ္းခဲ့ပါသည္။ လမ္းလြဲသြား၍မျဖစ္ဟူေသာစိတ္ျဖင့္ တစိုက္မတ္မတ္ေလွ်ာက္လွမ္းခဲ့၏။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကြၽန္ေတာ္ ဆယ္တန္းေျဖေသာႏွစ္သည္ ကြၽန္ေတာ္တို႔မိသားစု၏ အက်ပ္အတည္းကာလႀကီးျဖစ္၏။ ကြၽန္ေတာ္သည္ ထိုအေၾကာင္းကို "လူေနတဲ့နတ္စင္"အက္ေဆးတြင္ ထည့္ေရးဖူးပါသည္။
႐ြာထိပ္ခေရပင္ႀကီးေအာက္႐ိွ နတ္စင္ေ႐ွ႕ ေျမကြက္လပ္တြင္ အေမက အိမ္ေပၚကဆင္း၍ တဲထိုးေန၏။ ထိုတဲတြင္ အိမ္ဆိုင္ကို ေ႐ႊ႔ထားသည္။ ကြၽန္ေတာ္က အေမ့ေနာက္ေယာက်္ားအိမ္တြင္ ေန၏။ မနက္တိုင္း အေမ့တဲကို ျဖတ္၍ ေက်ာင္းသြားရသည္။ အေမ့ကို ၾကည့္ကာ စိတ္မေကာင္းသျဖင့္ ေက်ာင္းထြက္ေတာ့မည္ေျပာလွ်င္ အေမက "ေက်ာင္းထြက္ခ်င္ရင္ အေမ့ကို အရင္သတ္"ဟု ေဒါသတႀကီးတုန္႔ျပန္တတ္၏။
ဤသို႕ လင္မယားကြဲလိုက္၊ ျပန္ေပါင္းလိုက္ျဖင့္ ကြၽန္ေတာ့္ဆယ္တန္းႏွစ္သည္ ေရဆန္ခရီးျဖစ္ခဲ့သည္။ ကြၽန္ေတာ္သည္ ကြၽန္ေတာ္ ေလွ်ာက္ရမည့္လမ္းကို ထင္းထင္းႀကီးျမင္ထား၍သာ ၿပိဳလဲမသြားျခင္းျဖစ္ပါသည္။
ကြၽန္ေတာ္သည္ စာဘက္တြင္သာ စိတ္ႏွစ္ထား၏။ အေမတို႔အိမ္ေထာင္ေရးကို လ်စ္လ်ဴရႈထား၏။ ည ၇နာရီထိုးလွ်င္ စာၾကည့္စားပြဲသို႔ အျမဲေရာက္၏။ ည ၁၂နာရီအထိ စာက်က္၏။ ည ၁၁နာရီအထိသာ စာက်က္သည့္ရက္မွာ လက္ခ်ိဳးေရ၍ရပါသည္။ MRTV၊ ျမဝတီ ႐ုပ္ျမင္သံၾကားအစီအစဥ္မ်ားသည္ ကြၽန္ေတာ့္စာက်က္ခ်ိန္ထက္ ေစာၿပီးၾက၏။ ႐ုပ္ျမင္သံၾကားၾကည့္၍ ျပန္လာသည့္သူမ်ားက ကြၽန္ေတာ့္ကို ခ်ိီးမြမ္းသြားၾကသည္။ "ဘိုဦး ခုခ်ိန္ထိ စာက်က္တုန္းပဲဟ"ဟု။
လသာေသာညမ်ားတြင္ ႐ြာလယ္ဓမၼာ႐ုံ၌ ေျခေညာင္းလက္ဆန္႔ ဆင္းေလွ်ာက္သည္မွအပ စာကိုသာ က်က္ေနခဲ့ပါသည္။ စာက်က္ရာတြင္ လွ်ပ္စစ္မီးမ႐ိွ။ ဘက္ထရီမီးမ႐ိွ။ ဖေယာင္းတိုင္မီးႏွင့္သာ စာက်က္ရ၏။ ႐ြာထဲက အစ္မတစ္ဦး ဝယ္ေပးထားသည့္ မွန္အိမ္အလယ္တြင္ ဖေယာင္းတိုင္ တစ္တိုင္သာ ထြန္းထားရသည္။ တစ္တိုင္တည္းေသာ ဖေယာင္းတိုင္မီးျဖင့္ ကြၽန္ေတာ့္အနာဂတ္အလင္းကို ႐ွာေဖြခဲ့ပါသည္။
တစ္ညတြင္ ကြၽန္ေတာ္ အိပ္ေပ်ာ္သြားသျဖင့္ ဖေယာင္းမီးအပူဟပ္ကာ မွန္အိမ္ကေလး ကြဲသြားပါသည္။ ခါတိုင္းေန႔ေတြ ကြၽန္ေတာ့္စာက်က္သံဆိတ္သြားလွ်င္ အိမ္ေအာက္ကေန "ကိုဦး..ကိုဦး"ဟု သတိေပးတတ္ေသာ အေမသည္လည္း အိပ္ေပ်ာ္သြားပုံရ၏။ ကံေကာင္း၍ အိမ္မီးမေလာင္သည္ပင္။
မနက္တိုင္း ၅နာရီတြင္ အိပ္ရာထ၏။ အေမ့မီးဖိုေဘးတြင္ ထမင္းၾကမ္းစားရင္း စာေႏႊးတတ္၏။ မနက္ ၅နာရီခြဲလွွ်င္ က်ဴ႐ွင္မီဖို႔ ႐ြာက စထြက္ေတာ့သည္။ ေဆာင္းရက္မ်ား ေရာက္လွ်င္ ဓာတ္မီးေဆာင္ထားရ၏။ ႐ြာကအထြက္၊ ႐ြာသို႔အဝင္ ေမွာင္မည္းေနသျဖင့္ ဓာတ္မီးႏွင့္ ေက်ာင္းတက္ရသည္။
စီးရသည့္စက္ဘီးက ဟီး႐ိုးစက္ဘီး ေယာက်္ားစီးအက်။ ကြၽန္ေတာ့္ပေထြး သရက္ထိုး၍ ဝယ္ေပးထားသည့္စက္ဘီး။ ကြၽန္ေတာ္ အေျခခံပညာ အထက္တန္းေက်ာင္းသား ဘဝတစ္ေလွ်ာက္ ကြၽန္ေတာ္၏ တစ္စီးတည္းေသာ ကိုယ္ပိုင္စက္ဘီး။ သူသည္ ကြၽဲအိုႀကီးကဲ့သို႔ ကြၽန္ေတာ့္ကို ထမ္းပိုးေပးခဲ့ပါသည္။ ကြၽန္ေတာ့္ အစ္ကိုဝမ္းကြဲ ကိုေက်ာ္မိုးက သူ၏ ဖီးဆင့္စက္ဘီးကေလး ငွါးေပးေသာေန႔မ်ားတြင္ေတာ့ ကြၽန္ေတာ္သည္ ဖီးဆင့္ႏွင့္ ခရီးလြင့္ေနခဲ့ပါသည္။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကြၽန္ေတာ္ ဆယ္တန္းေအာင္ျမင္ခဲ့သည္မွာ "ေ႐ႊ" ဒသမတန္း ဘာသာစုံအခမဲ့သင္တန္း၏ ေက်းဇူးဟု တစ္ထစ္ခ်ေျပာ၍ ရပါသည္။
ကြၽန္ေတာ္သည္ ငယ္စဥ္ကပင္ က်ဴ႐ွင္တက္ဖူးခဲ့သူမဟုတ္။ ေက်ာင္းျပင္ပတြင္ ေစတနာအေလ်ာက္ သင္ေပးေသာ ဆရာမ်ားထံတြင္သာ က်ဴ႐ွင္တက္ခဲ့ဖူးပါသည္။
ကြၽန္ေတာ္ ကံေကာင္းသည္မွာ က်ြန္ေတာ္ ဆယ္တန္းတက္ေသာႏွစ္ မတိုင္ခင္တစ္ႏွစ္တြင္ "ေ႐ႊ"ဒသမတန္း ဘာသာစုံအခမဲ့သင္တန္း အခ်ိန္ကိုက္ ေပၚေပါက္လာျခင္းျဖစ္၏။ ကြၽန္ေတာ့္လို အခေပးက်ဴ႐ွင္မတက္ႏိုင္ေသာ ေရနည္းငါးကေလးမ်ားသည္ "ေရမ႐ိွေပမယ့္ ေ႐ႊ႐ိွ"ခဲ့ၾက၏။
အခမဲ့က်ဴ႐ွင္ျဖစ္ေသာ္လည္း "ေ႐ႊ"ဆရာ၊ ဆရာမမ်ားသည္ ေစတနာထက္သန္ေသာ လူေတာ္လူေကာင္းမ်ား ျဖစ္ၾကပါသည္။ "ေ႐ႊ"ဆရာမ်ားတြင္ အင္ဂ်င္နီယာ သုံးဦး၊ ဆရာဝန္ တစ္ဦး၊ တကၠသိုလ္နည္းျပဆရာ တစ္ဦး ပါဝင္၏။ က်န္ ဆရာ၊ဆရာမမ်ားလည္း အသင္အျပေကာင္းၾက၏။ ကြၽန္ေတာ္တို႔ႏွစ္ ၂၀၀၀ခုႏွစ္တြင္ ထူးခြၽန္ေသာ ေက်ာင္းသား၊ေက်ာင္းသူ အမ်ားစုပါ၍ ေအာင္ခ်က္ေကာင္း၏။ ဂုဏ္ထူးမ်ားလည္း ထြက္ခဲ့ၾကပါသည္။
ကြၽန္ေတာ္သည္ "ေ႐ႊ"သင္တန္း၏ ေနာက္ဆုံးစာရင္းေပးေသာေက်ာင္းသား ျဖစ္မည္ထင္ပါသည္။ "ေ႐ႊ"သင္တန္းတြင္ တက္ျဖစ္၊ မတက္ျဖစ္ မေသခ်ာသျဖင့္ စာရင္းေပးေနာက္က်ခဲ့၏။ သင္တန္း စဖြင့္ေသာေန႔တြင္မွ စာရင္းလာေပးျဖစ္၏။ သင္တန္းဖြင့္ပြဲအၿပီး ဘုန္းႀကီးေက်ာင္းေပၚကဆင္းလာေသာ သင္တန္းတာဝန္ခံဆရာ ဦးခင္ေမာင္ႏိုင္ဦး(ကဗ်ာဆရာ ခင္ေမာင္ႏိုင္ဦး)ထံ စာရင္းေပးခဲ့၏။
ဤသို႔ျဖင့္ "ေ႐ႊ"သင္တန္းသား ျဖစ္ခဲ့၏။ "ေ႐ႊ"ဆရာ၊ ဆရာမမ်ား၏ သင္ၾကားျပသမႈေၾကာင့္ ေက်ာင္းစာမ်ားကို အလြယ္တကူ ေက်ာ္ျဖတ္ႏိုင္ခဲ့သည္။ မတၱရာၿမိဳ႕၊ ေ႐ႊသိမ္ေတာ္ အေ႐ွ႕တိုက္၊ ဘုန္းႀကီးေက်ာင္းဝင္းသည္ ကြၽန္ေတာ္၏ ဘူမိနက္သန္ေနရာမွန္ျဖစ္ခဲ့ပါသည္။
ကြၽန္ေတာ္သည္ ေ႐ႊလမ္းကို နင္းကာ ေ႐ႊခရီးလမ္းကို ေလွ်ာက္လွမ္းခဲ့ပါသည္။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ဆယ္တန္းေအာင္စာရင္းထြက္ေသာေန႔။
ကြၽန္ေတာ္သည္ ရင္ခုန္ေန၏။ ထိတ္လန္႔ေသာရင္ခုန္ျခင္းမ်ိဳးေတာ့ မဟုတ္ပါ။ တစ္ႏွစ္ပတ္လုံးႀကိဳးစားထားသျဖင့္ စာေမးပြဲေအာင္မည္ကို ေသခ်ာသိ၏။ ဂုဏ္ထူး ထြက္/မထြက္ကိုသာ တပ္အပ္မေျပာႏိုင္ျခင္း ျဖစ္ပါသည္။ ထြက္ကိုထြက္သည္ဟု ေျပာႏိုင္ေလာက္ေအာင္ ေျဖဆိုထားသည့္ ဘာသာကလည္း မ႐ိွ။ ထြက္ႏိုင္သည္ဟုေတာ့ ေျပာႏိုင္သည့္ဘာသာမွာ အဂၤလိပ္ဘာသာကလြဲ၍ က်န္သည့္ (၄)ဘာသာ ျဖစ္၏။ ကြၽန္ေတာ္တို႔ႏွစ္တြင္ ဓာတုေဗဒ၊ ႐ူပေဗဒႏွင့္ ဇီဝေဗဒက သိပၸံတြဲဟု တစ္ဘာသာ၊ ပထဝီ၊ သမိုင္းႏွင့္ ေဘာဂေဗဒက ဝိဇၨာတြဲဟု တစ္ဘာသာျဖစ္၏။ ထို႔ေၾကာင့္ စုစုေပါင္း (၅)ဘာသာ ျဖစ္ပါသည္။
ေက်ာင္းဝင္းနားေရာက္ေလ စိတ္လႈပ္႐ွားေလ။ ေအာင္စာရင္းၾကည့္၍ ျပန္ခဲ့ၾကသူမ်ား၏ အသံဗလံမ်ားကလည္း ရင္ခုန္သံကို ျမန္ေစပါသည္။ ကြၽန္ေတာ့္တြင္ အေဖာ္မပါ။ တစ္႐ြာတည္းသာ ႐ြာကတက္ခဲ့၏။ တစ္ေယာက္တည္း တိတ္တိတ္ဆိတ္ဆိတ္ရင္ခုန္ေနရသည္။
ေအာင္စာရင္းက ပညာေရးမႉး႐ုံးေ႐ွ႕တြင္ ကပ္ထား၏။ ေက်ာင္းသားမ်ား တိုးေဝွ့ဆူညံေနၾကသည္။ "ေအာင္တယ္ ေအာင္တယ္"ဟူေသာ အသံမ်ား ပြက္ေလာ႐ိုက္ေန၏။ ကြၽန္ေတာ္သည္ ုျဖည္းျဖည္းခ်င္းေ႐ွ႕တိုးခဲ့၏။ ကြၽန္ေတာ့္ခုံနံပါတ္ကို ေဇာႏွင့္႐ွာေဖြေနသည္။
ကြၽန္ေတာ္ ေ႐ွ႕ကိုအာ႐ုံစိုက္ေနခိုက္၊ လူတစ္ေယာက္က ကြၽန္ေတာ့္ကို ရည္႐ြယ္ကာ ေျပာလိုက္သည္။ "ေဟ့ေရာင္ မင္း ျမန္မာစာပါတယ္"ဟု။ ကြၽန္ေတာ္ လွည့္ၾကည့္လိုက္ေတာ့ ျမန္မာစာသင္ေပးသည့္ ဆရာဦးဝင္းလႈိင္။ ဆရာ့ကို ႏႈတ္ဆက္လိုက္သည္။ ျမန္မာစာဂုဏ္ထူးပါသည္ဆိုသျဖင့္ အတိုင္းမသိဝမ္းသာသြား၏။ "ငါ ျမန္မာစာဂုဏ္ထူးပါၿပီ"ဟု စိတ္ထဲက ၾကဳံးဝါးလိုက္၏။ သို႔ေသာ္ ဆရာက ဘာမွဆက္မေျပာသျဖင့္ ကိုယ့္ခုံနံပါတ္ကို ႐ွာေဖြရျပန္သည္။
ကြၽန္ေတာ့္ခုံနံပါတ္ကို ခုခ်ိန္ထိမေမ့။ မယ-၈၇၇။ တစ္ေနရာမွာ ကြၽန္ေတာ္ ေတြ႔လိုက္သည္။ ဂုဏ္ထူးရဘာသာကို ၾကည့္ေတာ့ "ျမန္မာစာ၊ သိပၸံတြဲ၊ လူမႈေရးတြဲ"ဟု ေတြ႔ရ၏။ ဂုဏ္ထူးသုံးဘာသာ။ ကြၽန္ေတာ္ ၾကက္သီးထေအာင္ေပ်ာ္႐ႊင္သြားပါသည္။ ကြၽန္ေတာ္ ဆယ္တန္းေအာင္ၿပီ။
ေခါင္းေပၚက ဆယ္ကမၻာစာေလာက္ ေလးပင္ေနေသာ ဝန္ထုပ္ဝန္ပိုးႀကီး ျပဳတ္က်သြားသလို ခံစားလိုက္ရ၏။ ေပါ့ပါးသြားၿပီ။ လြတ္ေျမာက္သြားၿပီ။ ေအာင္ၿပီ။
ကြၽန္ေတာ္သည္ စက္ဘီးကို တအားနင္းခဲ့ေတာ့သည္။ အေမ့ကို ေျပာရမည္။ အေမက "ငါ့သား ဆယ္တန္းေအာင္ၿပီေဟ့လို႔ ေႂကြးေၾကာ္ခ်င္ေသးတာ"ဟု ေျပာဖူး၏။ ကြၽန္ေတာ္သည္ အေမ့ကို ျမင္ေယာင္ကာ ျပဳံးလိုက္မိ၏။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
သို႔ေသာ္ အေမသည္ သူေႂကြးေၾကာ္သကဲ့သို "ငါ့သား ဆယ္တန္းေအာင္ၿပီေဟ့"ဟု မေႂကြးေၾကာ္ပါ။ အားရေက်နပ္လြန္းသျဖင့္ ဝမ္းသာမ်က္ရည္မ်ားသာ က်ခဲ့ပါသည္။
ကြၽန္ေတာ္သည္လည္း ဖလားလုပြဲတြင္ အႏိုင္ဂိုးသြင္းလိုက္ေသာ ေဘာလုံးသမားတစ္ဦးကဲ့သို႔ ေလထဲတြင္ ေျမႇာက္ပင့္ေပးမည့္သူမ်ား မ႐ိွခဲ့ပါ။ ထိုေန႔က ကြၽန္ေတာ္သည္ သူမ်ားအိမ္တြင္ ေန႔စားအလုပ္သမားတစ္ဦးအျဖစ္ ကြမ္းပင္ခ်ေနခဲ့ပါသည္။ ။
ရင္႐ိုး
14-6-2017
..............
အတြဲ(၅)|အမွတ္(၁၅၀၈)| ဗုဒၶဟူးေန႔(၂၁-၆-၂၀၁၇) #စံေတာ္ခ်ိန္ ေန႔စဥ္ သတင္းစာမွ
Unicode version
"စံတော်ချိန်" နေ့စဉ်သတင်းစာ၊
ကျွန်တော် ဆယ်တန်းအောင်သောနေ့
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော် ဆယ်တန်းအောင်သောနေ့တွင် ကမ္ဘာကြီးသည် ကြီးကြီးကျယ်ကျယ်ပြောင်းလဲမသွားပါ။ ငလျင်တွေ လှုပ်၊ မိုးအကြီးအကျယ်ရွာသွန်း၊ တောင်တွေပြို၊ တော်လဲသံတွေ မကြားရပါ။ ဧရာဝတီမြစ်သည် မြောက်အရပ်မှ တောင်အရပ်သို့ စီးဆင်းလျက်သာ ဖြစ်ပါသည်။ နေသည် အရှေ့အရပ်မှ ထွက်၍ အနောက်အရပ်သို့ ဝင်လျက်သာ ဖြစ်ပါသည်။ သို့သော် ကျွန်တော့်ဘဝသည် ပြောင်းလဲခဲ့ပါသည်။ ကျွန်တော် ဆယ်တန်းအောင်ပြီးနောက် ကျွန်တော့်အသက်မွေးဝမ်းကျောင်းအလုပ်သည် ပြောင်းလဲခဲ့၏။
ကျွန်တော် ဆယ်တန်းအောင်သောနေ့သည် ကျွန်တော့်ဘဝ၏ ဂုဏ်ယူဖွယ်ရာနေ့တစ်နေ့ဖြစ်ပါသည်။ ကျွန်တော့်ဘဝတွင် ဂုဏ်ယူဖွယ်ရာနေ့များစွာ မရှိပါ။ ထိုများစွာမရှိသောနေ့ထဲတွင် ဆယ်တန်းအောင်သောနေ့တစ်နေ့သည် အပါအဝင်ဖြစ်ပါသည်။ ဆယ်တန်းအောင်စာရင်းထွက်ခါနီးတိုင်း ကျွန်တော့်လိပ်ပြာသည် နိုးလျက်ရှိ၏။ သွေးပူတုန်း၊ သွေးနွေးတုန်း၊ ရင်ခုန်တုန်းပင်ဖြစ်ပါသည်။ ဆယ်တန်းအောင်စာရင်းထွက်ခါနီး ညတွေတိုင်း အိပ်မက်ထဲတွင် ကျွန်တော်သည် ဆယ်တန်းအောင်စာရင်းကို ခဏခဏပြန်ကြည့်နေရပါသည်။ တစ်ခါတစ်ရံ စာမေးပွဲကျနေသေးသည်။ ဆယ်တန်းတစ္ဆေသည် ကျွန်တော့်ကို ခြောက်လှန့်နေတုန်းပင် ဖြစ်သည်။
ကျွန်တော်သည် ဆယ်တန်းအောင်မြင်ဖို့ အထူးလိုလားတောင့်တခဲ့ပါ၏။ သေရေးရှင်ရေးတမျှ အရေးထားခဲ့၏။
တစ်ခါက ဂရိအတွေးအခေါ်ပညာရှင် ဆော့ခရတ္တိက သူ့ဆီမှာ ပညာသင်ချင်သည့် လူငယ်တစ်ယောက်ကို ဘာမပြောညာမပြော ရေနှစ်လိုက်သည်။ ပြီးတော့မှ လူငယ်ကို မေး၏။ "ရေထဲနစ်နေတဲ့အချိန်မှာ မင်း ဘာကိုအလိုချင်ဆုံးလဲ"ဟု။ လူငယ်ကလည်း "ကျွန်တော် လေကို လိုချင်တာပေါ့"ဟု ပြန်ဖြေပါသည်။ ရေထဲနစ်ချိန်မှာ လေကို လိုအပ်သလို ပညာကို လိုလားဖို့လိုကြောင်း ဆော့ခရတ္တိက လက်တွေ့ပြသခြင်းဖြစ်ပါသည်။ ကျွန်တော်သည်လည်း ရေထဲနစ်သူတစ်ယောက် လေကို လိုအပ်သကဲ့သို့ ဆယ်တန်းအောင်မြင်ဖို့ လိုအပ်ခဲ့ပါသည်။ ကျွန်တော်သည် "ငါ ဆယ်တန်းအောင်မှ ဖြစ်မယ်"ဟု ကြိုးစားခဲ့ပါ၏။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကျွန်တော်သည် အမေ့လက်ညှိုးကလေးကို ဆွဲ၍ ကျောင်းသွားခဲ့ရသောနေ့ရက်များကို မှတ်မိပါသည်။ အမေက အိမ်ဆိုင်ဖွင့်ထား၍ နေ့စဉ် ဈေးသွားရ၏။ အမေ ဈေးဝယ်သွားသော မတ္တရာမြို့မဈေးသည် ကျွန်တော် တက်ရောက်ခဲ့သော မတ္တရာမြို့မ အထက်တန်းကျောင်းနှင့် လမ်းအတူတူဖြစ်ပါသည်။ ကျွန်တော့်ကျောင်းဖွင့်ရက်များနှင့် တိုက်ဆိုင်လျှင် တစ်ခါတစ်ရံ သားအမိနှစ်ယောက် အတူတူသွားကြ၏။
အမေနှင့်အတူတူ ကျောင်းသွားရသောနေ့တိုင်း အမေက အမြဲဆုံးမသည်။ ကျောင်းမှန်မှန်တက်ဖို့၊ စာမှန်မှန်ကျက်ဖို့၊ လိမ်လိမ်မာမာနေဖို့။ ကျွန်တော်သည် ကျောင်းမှန်၊ စာကျက်၊ လိမ္မာသူတစ်ယောက်ဖြစ်ပါ၏။ အမေ အထူးဆုံးမသည်မှာ၊ ကျွန်တော့်ကို နားစွဲအောင် ပြောဆိုသည်မှာ "အမေက ပညာအမွေပဲပေးနိုင်တာ"ဟူသော စကားဖြစ်၏။ အမေသည် အမျှော်အမြင်ရှိလှပါသည်။ ရှေ့ရေးကို ကြိုတွေးတတ်၏။
အမေ့တွင် နောက်ယောကျ်ားနှင့်ရသော ကလေးသုံးယောက်ရှိ၏။ အားလုံး ယောကျ်ားလေးများဖြစ်၏။ အမေက အဖြစ်မှန်အတိုင်း၊ ပကတိအရှိတရားအတိုင်း ချဉ်းကပ်ဆုံးမ၏။ ညီလေးတွေက ဘာပဲဖြစ်ဖြစ် အဖေဟူသည့် အားကိုးရာရှိကြောင်း၊ ကျွန်တော်က ကိုယ့်အားကိုယ်ကိုးရမည်ဖြစ်ကြောင်း၊ ပညာကို အားကိုးရာတစ်ခုအဖြစ် ရှုမြင်၍ ကြိုးစားရမည်ဖြစ်ကြောင်း ဆုံးမ၏။
ကျွန်တော်သည် အမေ့ကို မိခင်တစ်ဦးထက်ပို၍ ကျေးဇူးတင်မိပါသည်။ ကျွန်တော် သွားရမည့်လမ်းကို ရှင်းရှင်းလင်းလင်းညွှန်ပြပေးခဲ့၏။ စိတ်နှလုံးမှာ စွဲမြဲနေအောင် ရိုက်သွင်းပေးခဲ့ပါသည်။ ကျွန်တော်သည်လည်း ကျွန်တော်သွားရမည့်လမ်းကို ထင်းထင်းကြီးမြင်ကာ လျှောက်လှမ်းခဲ့ပါသည်။ လမ်းလွဲသွား၍မဖြစ်ဟူသောစိတ်ဖြင့် တစိုက်မတ်မတ်လျှောက်လှမ်းခဲ့၏။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကျွန်တော် ဆယ်တန်းဖြေသောနှစ်သည် ကျွန်တော်တို့မိသားစု၏ အကျပ်အတည်းကာလကြီးဖြစ်၏။ ကျွန်တော်သည် ထိုအကြောင်းကို "လူနေတဲ့နတ်စင်"အက်ဆေးတွင် ထည့်ရေးဖူးပါသည်။
ရွာထိပ်ခရေပင်ကြီးအောက်ရှိ နတ်စင်ရှေ့ မြေကွက်လပ်တွင် အမေက အိမ်ပေါ်ကဆင်း၍ တဲထိုးနေ၏။ ထိုတဲတွင် အိမ်ဆိုင်ကို ရွှေ့ထားသည်။ ကျွန်တော်က အမေ့နောက်ယောကျ်ားအိမ်တွင် နေ၏။ မနက်တိုင်း အမေ့တဲကို ဖြတ်၍ ကျောင်းသွားရသည်။ အမေ့ကို ကြည့်ကာ စိတ်မကောင်းသဖြင့် ကျောင်းထွက်တော့မည်ပြောလျှင် အမေက "ကျောင်းထွက်ချင်ရင် အမေ့ကို အရင်သတ်"ဟု ဒေါသတကြီးတုန့်ပြန်တတ်၏။
ဤသို့ လင်မယားကွဲလိုက်၊ ပြန်ပေါင်းလိုက်ဖြင့် ကျွန်တော့်ဆယ်တန်းနှစ်သည် ရေဆန်ခရီးဖြစ်ခဲ့သည်။ ကျွန်တော်သည် ကျွန်တော် လျှောက်ရမည့်လမ်းကို ထင်းထင်းကြီးမြင်ထား၍သာ ပြိုလဲမသွားခြင်းဖြစ်ပါသည်။
ကျွန်တော်သည် စာဘက်တွင်သာ စိတ်နှစ်ထား၏။ အမေတို့အိမ်ထောင်ရေးကို လျစ်လျူရှုထား၏။ ည ၇နာရီထိုးလျှင် စာကြည့်စားပွဲသို့ အမြဲရောက်၏။ ည ၁၂နာရီအထိ စာကျက်၏။ ည ၁၁နာရီအထိသာ စာကျက်သည့်ရက်မှာ လက်ချိုးရေ၍ရပါသည်။ MRTV၊ မြဝတီ ရုပ်မြင်သံကြားအစီအစဉ်များသည် ကျွန်တော့်စာကျက်ချိန်ထက် စောပြီးကြ၏။ ရုပ်မြင်သံကြားကြည့်၍ ပြန်လာသည့်သူများက ကျွန်တော့်ကို ချီးမွမ်းသွားကြသည်။ "ဘိုဦး ခုချိန်ထိ စာကျက်တုန်းပဲဟ"ဟု။
လသာသောညများတွင် ရွာလယ်ဓမ္မာရုံ၌ ခြေညောင်းလက်ဆန့် ဆင်းလျှောက်သည်မှအပ စာကိုသာ ကျက်နေခဲ့ပါသည်။ စာကျက်ရာတွင် လျှပ်စစ်မီးမရှိ။ ဘက်ထရီမီးမရှိ။ ဖယောင်းတိုင်မီးနှင့်သာ စာကျက်ရ၏။ ရွာထဲက အစ်မတစ်ဦး ဝယ်ပေးထားသည့် မှန်အိမ်အလယ်တွင် ဖယောင်းတိုင် တစ်တိုင်သာ ထွန်းထားရသည်။ တစ်တိုင်တည်းသော ဖယောင်းတိုင်မီးဖြင့် ကျွန်တော့်အနာဂတ်အလင်းကို ရှာဖွေခဲ့ပါသည်။
တစ်ညတွင် ကျွန်တော် အိပ်ပျော်သွားသဖြင့် ဖယောင်းမီးအပူဟပ်ကာ မှန်အိမ်ကလေး ကွဲသွားပါသည်။ ခါတိုင်းနေ့တွေ ကျွန်တော့်စာကျက်သံဆိတ်သွားလျှင် အိမ်အောက်ကနေ "ကိုဦး..ကိုဦး"ဟု သတိပေးတတ်သော အမေသည်လည်း အိပ်ပျော်သွားပုံရ၏။ ကံကောင်း၍ အိမ်မီးမလောင်သည်ပင်။
မနက်တိုင်း ၅နာရီတွင် အိပ်ရာထ၏။ အမေ့မီးဖိုဘေးတွင် ထမင်းကြမ်းစားရင်း စာနွှေးတတ်၏။ မနက် ၅နာရီခွဲလှျှင် ကျူရှင်မီဖို့ ရွာက စထွက်တော့သည်။ ဆောင်းရက်များ ရောက်လျှင် ဓာတ်မီးဆောင်ထားရ၏။ ရွာကအထွက်၊ ရွာသို့အဝင် မှောင်မည်းနေသဖြင့် ဓာတ်မီးနှင့် ကျောင်းတက်ရသည်။
စီးရသည့်စက်ဘီးက ဟီးရိုးစက်ဘီး ယောကျ်ားစီးအကျ။ ကျွန်တော့်ပထွေး သရက်ထိုး၍ ဝယ်ပေးထားသည့်စက်ဘီး။ ကျွန်တော် အခြေခံပညာ အထက်တန်းကျောင်းသား ဘဝတစ်လျှောက် ကျွန်တော်၏ တစ်စီးတည်းသော ကိုယ်ပိုင်စက်ဘီး။ သူသည် ကျွဲအိုကြီးကဲ့သို့ ကျွန်တော့်ကို ထမ်းပိုးပေးခဲ့ပါသည်။ ကျွန်တော့် အစ်ကိုဝမ်းကွဲ ကိုကျော်မိုးက သူ၏ ဖီးဆင့်စက်ဘီးကလေး ငှါးပေးသောနေ့များတွင်တော့ ကျွန်တော်သည် ဖီးဆင့်နှင့် ခရီးလွင့်နေခဲ့ပါသည်။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကျွန်တော် ဆယ်တန်းအောင်မြင်ခဲ့သည်မှာ "ရွှေ" ဒသမတန်း ဘာသာစုံအခမဲ့သင်တန်း၏ ကျေးဇူးဟု တစ်ထစ်ချပြော၍ ရပါသည်။
ကျွန်တော်သည် ငယ်စဉ်ကပင် ကျူရှင်တက်ဖူးခဲ့သူမဟုတ်။ ကျောင်းပြင်ပတွင် စေတနာအလျောက် သင်ပေးသော ဆရာများထံတွင်သာ ကျူရှင်တက်ခဲ့ဖူးပါသည်။
ကျွန်တော် ကံကောင်းသည်မှာ ကျွန်တော် ဆယ်တန်းတက်သောနှစ် မတိုင်ခင်တစ်နှစ်တွင် "ရွှေ"ဒသမတန်း ဘာသာစုံအခမဲ့သင်တန်း အချိန်ကိုက် ပေါ်ပေါက်လာခြင်းဖြစ်၏။ ကျွန်တော့်လို အခပေးကျူရှင်မတက်နိုင်သော ရေနည်းငါးကလေးများသည် "ရေမရှိပေမယ့် ရွှေရှိ"ခဲ့ကြ၏။
အခမဲ့ကျူရှင်ဖြစ်သော်လည်း "ရွှေ"ဆရာ၊ ဆရာမများသည် စေတနာထက်သန်သော လူတော်လူကောင်းများ ဖြစ်ကြပါသည်။ "ရွှေ"ဆရာများတွင် အင်ဂျင်နီယာ သုံးဦး၊ ဆရာဝန် တစ်ဦး၊ တက္ကသိုလ်နည်းပြဆရာ တစ်ဦး ပါဝင်၏။ ကျန် ဆရာ၊ဆရာမများလည်း အသင်အပြကောင်းကြ၏။ ကျွန်တော်တို့နှစ် ၂၀၀၀ခုနှစ်တွင် ထူးချွန်သော ကျောင်းသား၊ကျောင်းသူ အများစုပါ၍ အောင်ချက်ကောင်း၏။ ဂုဏ်ထူးများလည်း ထွက်ခဲ့ကြပါသည်။
ကျွန်တော်သည် "ရွှေ"သင်တန်း၏ နောက်ဆုံးစာရင်းပေးသောကျောင်းသား ဖြစ်မည်ထင်ပါသည်။ "ရွှေ"သင်တန်းတွင် တက်ဖြစ်၊ မတက်ဖြစ် မသေချာသဖြင့် စာရင်းပေးနောက်ကျခဲ့၏။ သင်တန်း စဖွင့်သောနေ့တွင်မှ စာရင်းလာပေးဖြစ်၏။ သင်တန်းဖွင့်ပွဲအပြီး ဘုန်းကြီးကျောင်းပေါ်ကဆင်းလာသော သင်တန်းတာဝန်ခံဆရာ ဦးခင်မောင်နိုင်ဦး(ကဗျာဆရာ ခင်မောင်နိုင်ဦး)ထံ စာရင်းပေးခဲ့၏။
ဤသို့ဖြင့် "ရွှေ"သင်တန်းသား ဖြစ်ခဲ့၏။ "ရွှေ"ဆရာ၊ ဆရာမများ၏ သင်ကြားပြသမှုကြောင့် ကျောင်းစာများကို အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်။ မတ္တရာမြို့၊ ရွှေသိမ်တော် အရှေ့တိုက်၊ ဘုန်းကြီးကျောင်းဝင်းသည် ကျွန်တော်၏ ဘူမိနက်သန်နေရာမှန်ဖြစ်ခဲ့ပါသည်။
ကျွန်တော်သည် ရွှေလမ်းကို နင်းကာ ရွှေခရီးလမ်းကို လျှောက်လှမ်းခဲ့ပါသည်။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ဆယ်တန်းအောင်စာရင်းထွက်သောနေ့။
ကျွန်တော်သည် ရင်ခုန်နေ၏။ ထိတ်လန့်သောရင်ခုန်ခြင်းမျိုးတော့ မဟုတ်ပါ။ တစ်နှစ်ပတ်လုံးကြိုးစားထားသဖြင့် စာမေးပွဲအောင်မည်ကို သေချာသိ၏။ ဂုဏ်ထူး ထွက်/မထွက်ကိုသာ တပ်အပ်မပြောနိုင်ခြင်း ဖြစ်ပါသည်။ ထွက်ကိုထွက်သည်ဟု ပြောနိုင်လောက်အောင် ဖြေဆိုထားသည့် ဘာသာကလည်း မရှိ။ ထွက်နိုင်သည်ဟုတော့ ပြောနိုင်သည့်ဘာသာမှာ အင်္ဂလိပ်ဘာသာကလွဲ၍ ကျန်သည့် (၄)ဘာသာ ဖြစ်၏။ ကျွန်တော်တို့နှစ်တွင် ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒက သိပ္ပံတွဲဟု တစ်ဘာသာ၊ ပထဝီ၊ သမိုင်းနှင့် ဘောဂဗေဒက ဝိဇ္ဇာတွဲဟု တစ်ဘာသာဖြစ်၏။ ထို့ကြောင့် စုစုပေါင်း (၅)ဘာသာ ဖြစ်ပါသည်။
ကျောင်းဝင်းနားရောက်လေ စိတ်လှုပ်ရှားလေ။ အောင်စာရင်းကြည့်၍ ပြန်ခဲ့ကြသူများ၏ အသံဗလံများကလည်း ရင်ခုန်သံကို မြန်စေပါသည်။ ကျွန်တော့်တွင် အဖော်မပါ။ တစ်ရွာတည်းသာ ရွာကတက်ခဲ့၏။ တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်ရင်ခုန်နေရသည်။
အောင်စာရင်းက ပညာရေးမှူးရုံးရှေ့တွင် ကပ်ထား၏။ ကျောင်းသားများ တိုးဝှေ့ဆူညံနေကြသည်။ "အောင်တယ် အောင်တယ်"ဟူသော အသံများ ပွက်လောရိုက်နေ၏။ ကျွန်တော်သည် ုဖြည်းဖြည်းချင်းရှေ့တိုးခဲ့၏။ ကျွန်တော့်ခုံနံပါတ်ကို ဇောနှင့်ရှာဖွေနေသည်။
ကျွန်တော် ရှေ့ကိုအာရုံစိုက်နေခိုက်၊ လူတစ်ယောက်က ကျွန်တော့်ကို ရည်ရွယ်ကာ ပြောလိုက်သည်။ "ဟေ့ရောင် မင်း မြန်မာစာပါတယ်"ဟု။ ကျွန်တော် လှည့်ကြည့်လိုက်တော့ မြန်မာစာသင်ပေးသည့် ဆရာဦးဝင်းလှိုင်။ ဆရာ့ကို နှုတ်ဆက်လိုက်သည်။ မြန်မာစာဂုဏ်ထူးပါသည်ဆိုသဖြင့် အတိုင်းမသိဝမ်းသာသွား၏။ "ငါ မြန်မာစာဂုဏ်ထူးပါပြီ"ဟု စိတ်ထဲက ကြုံးဝါးလိုက်၏။ သို့သော် ဆရာက ဘာမှဆက်မပြောသဖြင့် ကိုယ့်ခုံနံပါတ်ကို ရှာဖွေရပြန်သည်။
ကျွန်တော့်ခုံနံပါတ်ကို ခုချိန်ထိမမေ့။ မယ-၈၇၇။ တစ်နေရာမှာ ကျွန်တော် တွေ့လိုက်သည်။ ဂုဏ်ထူးရဘာသာကို ကြည့်တော့ "မြန်မာစာ၊ သိပ္ပံတွဲ၊ လူမှုရေးတွဲ"ဟု တွေ့ရ၏။ ဂုဏ်ထူးသုံးဘာသာ။ ကျွန်တော် ကြက်သီးထအောင်ပျော်ရွှင်သွားပါသည်။ ကျွန်တော် ဆယ်တန်းအောင်ပြီ။
ခေါင်းပေါ်က ဆယ်ကမ္ဘာစာလောက် လေးပင်နေသော ဝန်ထုပ်ဝန်ပိုးကြီး ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။ ပေါ့ပါးသွားပြီ။ လွတ်မြောက်သွားပြီ။ အောင်ပြီ။
ကျွန်တော်သည် စက်ဘီးကို တအားနင်းခဲ့တော့သည်။ အမေ့ကို ပြောရမည်။ အမေက "ငါ့သား ဆယ်တန်းအောင်ပြီဟေ့လို့ ကြွေးကြော်ချင်သေးတာ"ဟု ပြောဖူး၏။ ကျွန်တော်သည် အမေ့ကို မြင်ယောင်ကာ ပြုံးလိုက်မိ၏။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
သို့သော် အမေသည် သူကြွေးကြော်သကဲ့သို "ငါ့သား ဆယ်တန်းအောင်ပြီဟေ့"ဟု မကြွေးကြော်ပါ။ အားရကျေနပ်လွန်းသဖြင့် ဝမ်းသာမျက်ရည်များသာ ကျခဲ့ပါသည်။
ကျွန်တော်သည်လည်း ဖလားလုပွဲတွင် အနိုင်ဂိုးသွင်းလိုက်သော ဘောလုံးသမားတစ်ဦးကဲ့သို့ လေထဲတွင် မြှောက်ပင့်ပေးမည့်သူများ မရှိခဲ့ပါ။ ထိုနေ့က ကျွန်တော်သည် သူများအိမ်တွင် နေ့စားအလုပ်သမားတစ်ဦးအဖြစ် ကွမ်းပင်ချနေခဲ့ပါသည်။ ။
ရင်ရိုး
14-6-2017
..............
အတွဲ(၅)|အမှတ်(၁၅၀၈)| ဗုဒ္ဓဟူးနေ့(၂၁-၆-၂၀၁၇) #စံတော်ချိန် နေ့စဉ် သတင်းစာမှ