Sunday, March 13, 2016

ဇာတ်ဝင်တေး

Aungkokolatt Tamu's photo.
























ဇာတ်ဝင်တေး
lllllllllllllllllllll
ခွဲခွာခြင်းဆိုတာ
မျက်ရည်တွေနဲ့တင်ဆက်ရတဲ့ပြဇာတ်
နောက်ဆုံးအပြုံးနဲ့
နှုတ်ဆက်အနမ်းတွေက
သေရာပါဒဏ်ရာ။
အတူနေခွင့်ဆိုတဲ့
ထိန်းမနိုင်သိမ်းမရစိတ်နဲ့
အိပ်မက်တွေ...
စိတ်ကူးတွေ...
မျှော်လင့်ခြင်းတွေ...
ဇွတ်တရွတ်စီးဆင်းတယ်။
`ဧဝဆိုတာအာဒံရဲ့နံရိုးတစ်ချောင်း´တဲ့
လက်ဖဝါးနုနုလေးနွေးထွေးတာကအစ
သနပ်ခါးရနံ့လေးမွှေးပျံ့တာအဆုံး
အလွမ်းတွေစိုနေတဲ့
အပြာနုရောင်အင်္ကျီက
ဘယ်နေရာလှမ်းလှမ်းမခြောက်ဘူး။
မျက်စောင်းလေးထိုးသမျှ
ရှက်ပြုံးလေးပြုံးသမျှ
စကားလုံးတွေနူးညံ့သမျှ
သတိတရရှုမျှော်ခင်းတွေက
ဘယ်လိုချော့သိပ်သိပ်မအိပ်ဘူး။
နှစ်ခြမ်းကွဲရှင်သန်မှုမှာ
နေ့တွေ..
ညတွေ..
ဆာလောင်ငတ်မွတ်...လို့
`အချစ်´တဲ့
သူနဲ့ကျွန်တော်
တစ်ကမ္ဘာစီခြားနေတယ်။

  အောင်ကိုကိုလတ်(တမူး)
ပထမဆုံးအချစ်ကဗျာ
ပထမဆုံးမဂ္ဂဇင်းစာမျက်နှာ

ရုပ်ရှင်အမြုတေ မဂ္ဂဇင်း ဖေဖေါ်ဝါရီ ၂၀၀၇မှ

No comments:

Post a Comment