Wednesday, June 7, 2017

ဆွဲကြိုးတုတ်တဲ့အကြောင်း

Zawgyi version

ဆွဲကြိုးတုတ်တဲ့အကြောင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဆွဲကြိုးအတုတ်ကြီး ဆွဲလာတဲ့မိတ်ဆွေရေ
ကျွန်ုပ်ကို စကားအကြာကြီးပြောပေးနေတဲ့အတွက်
ကျေးဇူးတင်ပါတယ်
ဝတ်ကောင်းစားလှ ဝတ်ဆင်ခြင်းဟာ
ယဉ်ကျေးမှုအဆင့် မြှင့်တင်ရာရောက်တယ်လို့
ကျွန်ုပ်လည်း ခံယူထားပါတယ်
တစ်ခုတော့ ပြောပါရစေ
လူတိုင်းဟာ
ဆွဲကြိုးတုတ်ဖို့တစ်ခုတည်း ကြိုးစားနေတာမဟုတ်တဲ့အကြောင်း
သိထားပေးပါ
ဟုတ်ကဲ့ ကျွန်ုပ်ရှေ့က ထွက်ခွာလို့ရပါပြီ။   ။

ရင်ရိုး
16-2-2017

Unicode version

No comments:

Post a Comment