Zawgyi version
မိခင္တစ္ဦးသို႔
။။။။။။။။။။။။။။။။။။။။
အေမဟာ ကမၻာ့ဦးေခါင္းထက္က ပန္းတစ္ပြင့္ပဲ
တစ္ပြင့္တည္းနဲ႔ တစ္ကမၻာလုံးေမႊးေနတာ။
အေမ ေခါင္းကေလးေမာ့ထားပုံက
ျမန္မာျပည္ေျမပုံေလးအတိုင္း
အေမ့ႏွလုံးသားဟာ
တစ္ေျဖာင့္တည္းစီးဆင္းေနတဲ့ ဧရာဝတီျဖစ္တယ္။
ေဒါင္းပဲ
အေမဟာ ေဒါင္းပဲ
ပဝါကို ျဖန္႔လိုက္တဲ့အခါ ေဒါင္း ကေနသလို
ပဝါကို ႐ုတ္လိုက္တဲ့အခါ ခြပ္ေတာ့မယ့္ေဒါင္းလို
အေမ့အသံဟာ
ေျခာက္ေသြ႕ကႏၱာရထဲက အိုးေဝတြန္သံ
တစ္ေတာလုံးညံတယ္၊ တစ္ေတာင္လုံးညံတယ္။
အေမက ပစ္ကြင္းထဲ တိုးဝင္တယ္
အေမ့ေခါင္းဟာ အခ်ိန္မေ႐ြးပြင့္ထြက္သြားႏိုင္တယ္
အေမကေတာ့ ခပ္ေမာ့ေမာ့ပဲ
ယုံၾကည္ခ်က္ကို က်ည္မတိုးမွန္းသိတယ္
သြားေနက်လမ္းကေလး သြားေနသလို
ေျပာေနက်စကားေလး ေျပာေနသလို
အေမကေတာ့ ခပ္ေမာ့ေမာ့ပဲ။
ေသေနတဲ့သားကို
႐ွင္လာမလားေမွ်ာ္လင့္ခ်က္နဲ႔ ေပြ႔ဖက္ထားတဲ့မိခင္တစ္ဦးလို
ဒီႏိုင္ငံအေပၚ အေမ ေမွ်ာ္လင့္ထားတယ္
ဒီႏိုင္ငံကို အေမ ေပြ႔ဖက္ထားတယ္၊
တကယ္ေတာ့
အေမဟာ ကမၻာက ေရးေနရတဲ့သမိုင္းတစ္ပုဒ္ပါ
အေမ့အေၾကာင္းဝါက်တိုင္းဟာ ဂုဏ္သိကၡာအျပည့္
အေမ့ေခတ္ၿပိဳင္သမိုင္းထဲ
ကြၽန္ေတာ္တို႔ လူျဖစ္ခြင့္ရတဲ့အတြက္ ဂုဏ္ယူမိတယ္။
ျမန္မာမႈကို
ကမၻာတစ္ခုက အေလးျပဳခဲ့ရတဲ့မိခင္
သူ့နာမည္ ေဒၚေအာင္ဆန္းစုၾကည္။ ။
ရင္႐ိုး
11-6-2017
ေဒၚေအာင္ဆန္းစုၾကည္၏ (၇၂)ေျမာက္ ေမြးေန႔သို႔။
Unicode version
မိခင်တစ်ဦးသို့
။။။။။။။။။။။။။။။။။။။။
အမေဟာ ကမ္ဘာ့ဦးခေါင်းထက်က ပန်းတစ်ပွင့်ပဲ
တစ်ပွင့်တည်းနဲ့ တစ်ကမ္ဘာလုံးမွှေးနေတာ။
အမေ ခေါင်းကလေးမော့ထားပုံက
မြန်မာပြည်မြေပုံလေးအတိုင်း
အမေ့နှလုံးသားဟာ
တစ်ဖြောင့်တည်းစီးဆင်းနေတဲ့ ဧရာဝတီဖြစ်တယ်။
ဒေါင်းပဲ
အမေဟာ ဒေါင်းပဲ
ပဝါကို ဖြန့်လိုက်တဲ့အခါ ဒေါင်း ကနေသလို
ပဝါကို ရုတ်လိုက်တဲ့အခါ ခွပ်တော့မယ့်ဒေါင်းလို
အမေ့အသံဟာ
ခြောက်သွေ့ကန္တာရထဲက အိုးဝေတွန်သံ
တစ်တောလုံးညံတယ်၊ တစ်တောင်လုံးညံတယ်။
အမေက ပစ်ကွင်းထဲ တိုးဝင်တယ်
အမေ့ခေါင်းဟာ အချိန်မရွေးပွင့်ထွက်သွားနိုင်တယ်
အမေကတော့ ခပ်မော့မော့ပဲ
ယုံကြည်ချက်ကို ကျည်မတိုးမှန်းသိတယ်
သွားနေကျလမ်းကလေး သွားနေသလို
ပြောနေကျစကားလေး ပြောနေသလို
အမေကတော့ ခပ်မော့မော့ပဲ။
သေနေတဲ့သားကို
ရှင်လာမလားမျှော်လင့်ချက်နဲ့ ပွေ့ဖက်ထားတဲ့မိခင်တစ်ဦးလို
ဒီနိုင်ငံအပေါ် အမေ မျှော်လင့်ထားတယ်
ဒီနိုင်ငံကို အမေ ပွေ့ဖက်ထားတယ်၊
တကယ်တော့
အမေဟာ ကမ္ဘာက ရေးနေရတဲ့သမိုင်းတစ်ပုဒ်ပါ
အမေ့အကြောင်းဝါကျတိုင်းဟာ ဂုဏ်သိက္ခာအပြည့်
အမေ့ခေတ်ပြိုင်သမိုင်းထဲ
ကျွန်တော်တို့ လူဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိတယ်။
မြန်မာမှုကို
ကမ္ဘာတစ်ခုက အလေးပြုခဲ့ရတဲ့မိခင်
သူ့နာမည် ဒေါ်အောင်ဆန်းစုကြည်။ ။
ရင်ရိုး
11-6-2017
ဒေါ်အောင်ဆန်းစုကြည်၏ (၇၂)မြောက် မွေးနေ့သို့။
No comments:
Post a Comment