Tuesday, February 2, 2016

အင်ဂျလီနာဂျိုလီနှုတ်ခမ်းထက်ချိုတယ်

 
အင်ဂျလီနာဂျိုလီနှုတ်ခမ်းထက်ချိုတယ်
့
ပထမဆုံး ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို 
ဖွဖွလေးနမ်းလိုက်တယ် ။
ဒုတိယအကြိမ် နဖူးမို့မို့လေးကို 
ဖွဖွလေးနမ်းလိုက်တယ် ။
တတိယအကြိမ် လက်ချောင်းသေးသးသွယ်သွယ်လေးတွေကို 
ဖွဖွလေးပဲထပ်နမ်းလိုက်တယ် ။
နူတ်ခမ်းမွှေး မုတ်ဆိတ်မွှေး အရှည်မထားဖြစ်တာလည်း
အခုလိုအိပ်နေတဲ့အချိန် 
စိတ်အလိုရှိ တိုင်း နမ်းချင်လို့ ။
ငါ့ရဲ့အနမ်းတွေချိုလား ချဉ်လားတော့ မသိဘူး
ခိုးပြီးနမ်းရတဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်နဲ့ နဖူးမို့မို့လေး 
လက်ချောင်းသေးသေးသွယ်သွယ်လးတွေကတော့
အင်ဂျလီနာဂျိုလီနူတ်ခမ်းထက် အများကြီးချိုမြပါတယ်။
သားလေးရေ့ 
မင်းမက်တဲ့အိမ်မက်ထဲမှာလဲ မင်းလိုတာတွေရနေပါစေကွယ် ။ ။
 
လရောင်ဦး(တမူး)

အိမ်ဈေးဆိုင်

 
အိမ်ဈေးဆိုင်
။။။။။။။။။။။။။။။။။။
ရင်ရိုး

နှစ်ရာတန်အစုတ်ကလေးကိုလည်း လာခွင့်ပြုတယ်
၅ဝတန်အနွမ်းကလေးကိုလည်း လာခွင့်ပြုတယ်
ဆန် နို့ဆီဗူး လေးလုံး၊ ဆီ တစ်ဆယ်သား
ခရမ်ချဉ်သီး အဝက်သား
လိုချင်တာရမယ်ဒေါ်လေး။
ဘဝက ဆန်တစ်ပြည်ကို ခွင့်မပြုဘူး
ဘဝက ဆီတစ်ပိသာာကို ခွင့်မပြုဘူး
ညနေ ညနေ
ချွေးနံ့သင်းနေတဲ့ငွေအကြွေလေးတွေ တန်းစီလို့
အလုပ်သိမ်းပြီးခဲ့တာတောင် အမောမပြေသေးတဲ့မျက်နှာတွေ
အိမ်ဈေးဆိုင်ကလေးရှေ့မှာ ထိုးစိုက်နေတယ်။
အလုပ်ရှင်က အိမ်ပေါ်တက်ယူရမှာပျင်းလို့တဲ့
နောက်တစ်နေ့မှ ပေါင်းယူပါဆိုတဲ့ နေ့စားခ
အိမ်ဈေးဆိုင်ကလေး အကြွေးကျခဲ့ပြီ။
မီးက ခုမှ မွှေးရမှာ
နေက ဝင်တော့မယ်
နောက်တစ်နေ့ရှင်သန်ရမယ့်ညစာကလည်း အာဟာရမပြည့်
တကယ်တော့
အိမ်ဈေးဆိုင်ကလေးကိုယ်တိုင်ကလည်း အာဟာရမပြည့်ပါ။
ချင်းပိန်၊ ခရမ်းချဉ်သီးအကွဲ၊ အာလူးအနွမ်း
စားအုန်းဆီ ညစ်နောက်နောက်၊ အာပြဲခြောက်အမျှင်ဖွာ
ဆန်အောက်တန်းစား၊
ခပ်ယိုင်ယိုင် အိမ်ဈေးဆိုင်ကလေး
အချိန်တန်ရင် ဘဝတူတွေကို မျှော်လို့
နေ့ပြန်တိုးနဲ့ ခရီးဆက်နေတယ်။ ။





ရင်ရိုး
13/10/2015

ခေတ်ရနံ့ မဂ္ဂဇင်း၊ ဖေဖော်ဝါရီလ၊ ၂၀၁၆ခုနှစ်၊
ဓာတ်ပုံ ဆရာလင်းဦးသစ်

Monday, February 1, 2016

မိုးမတိတ်သေးတဲ့ ....

 

မိုးမတိတ်သေးတဲ့ ....
###############
အပြင်မှာတဖွဲဖွဲသည်းနေတဲ့မိုး
ရင်ထဲစိုစွတ်သည်ထိ
မျှော်လင့်နေကြအတိုင်း
အလင်းသဲ့သဲ့ အခင်းအကျင်းမှာ
လူခြေတွေတိတ်ဆိတ်။
ခုချိန်ဆို
ထွန်းညှိ့ခဲ့တဲ့ မီးလင်းဖိုလေး
ငါတို့အိမ်အပြန်ကို မိုးရေထဲ
စောင့်မျှော်နေရှာပေါ့။ ။

သွယ်ဘ
ပိတောက်ပွင့်သစ်
အမှတ် (၂၇) အောက်တိုဘာ ၂၀၀၉

ကာတွန်းများ

 

ဇော်က

ကာတွန်းများ

 

ကာတွန်း-KKM

အမေနေ့အမှတ်တရကာတွန်း

  
 အမေနေ့အမှတ်တရကာတွန်း

 ရဲရင့်လုံ(ဆေး-မန်း)

ဒဏ်ရာတွေရေစိုတဲ့နေ့

 

ဒဏ်ရာတွေရေစိုတဲ့နေ
 ============
ဟက်ပီဘတ်ဒေးဆိုပြီး
နွေဦးရဲ့ ပုရစ်ဖူးတွေလိုလည်း
လေအဝေ့မှာ မလွင့်လူးချင်တော့ဘူး။
ငါ့ရဲ့အလွမ်းတွေဟာ
အလွမ်းတွေအဖြစ်ပီပီပြင်ပြင်မပွင့်ဝေခင်မှာပဲ
ခြွေခူးခံခဲ့ရတယ်။
သူငယ်ချင်းတဲ့
ဒီစကားသုံးလုံးက
ကြိုးတစ်ချောင်းရဲ့ဆက်ထုံးလို
ငါ့ကိုလှောင်ပြုံးနေခဲ့။
နှင်းပွင့်ကိုမြတ်နိုးမိမှတော့
နွေလယ်မိုးကို တမ်းတမနေတော့ပါဘူး။
တစ်ချိန်က လမ်းတွေဟာ
အလျားလိုက် ကခုန်နေခဲ့ကြတယ်
တစ်ချိန်က ပန်းတွေဟာ
ခရမ်းရောင်ရနံ့သင်းထုံခဲ့တယ်
အခုတော့ကွယ်-----
နတ်ဆိုးရဲ့ အပြုံးတစ်ပွင့်မှာ
ငါ့ရဲ့ပင်လယ်လေးနာဖျားနေတယ်။

လင်းဆက်ပိုင်
1.2.2013

ကိုယ်တွေက တောကျကျမြို့လေးက တောမြို့သားတွေ

 
ကိုယ်တွေက တောကျကျမြို့လေးက တောမြို့သားတွေ
***********************************
အချိန်အခါမဟုတ်ဘဲ ရွာတဲ့မိုးက ရွာတယ်
ခေတ်နဲ့လူက ဘတစ်ပြန်ကျားတစ်ပြန် ရေကုန်ရေခမ်း
လျှပ်စီးနဲ့မိုးကြိုးသံတွေ နွေလယ်ခေါင် ရုတ်တရက်ဖြတ်ပြေးသလို
အလန့်တကြား ငေးနေမိတာ အမော
ကြော်ညာအသစ် ပစ္စည်းအသစ် ဝတ်စားဆင်ယဉ်မှုအသစ်
ဘယ်ဟာက ဘယ်ဟာကို လက်ခမောင်းခတ်လို့
ဘယ်ကိစ္စဖြစ်ဖြစ် နောက်မှသရေကျရတာကိုက အရသာတစ်မျိုး
ကမ္ဘာက ရွာကြီးတစ်ရွာတဲ့လားကွယ်
နွားခြေရာခွက်လေးထဲ အနှံ့မရောက်ဖူးသေးသလို
မစို့မပို့မိုးလေးနဲ့ အသံဝင်ရကျိုးနပ်နေရသူတွေပါ
တောင်ပြေးရမလို မြောက်ပြေးရမလို ဝါးတားတားတွေပါ
ခေတ်ကိုငေးတော့ လူတွေက ကျော်တက်သွားတယ်
လူတွေနောက်လိုက်မိပြန်တော့ ခေတ်နဲ့ဝေးကျန်ခဲ့ပြန်ရော
လူနေမှုစနစ်တွေ ဂိမ်းတွေ ဂလိုဘယ်လ်လိုက်ဇေးရှင်းတွေ
တို့အတွက် ရာသီပေါ်စိန်ခေါ်မှုတွေက သူများတွေရဲ့စွန့်ပစ်ခံ
ခေတ်ရှေ့ကလူနဲ့လူရှေ့ကခေတ်
အားလုံးရဲ့အကြည့်မှာ ကိုယ်တွေက ကျောက်ခေတ်လူသား
သူများပန်ပြီးသားအနွမ်းကိုမှ မွှေးမဝသူတွေပါ
အချိန်တန်တော့လည်း
ကိုသားကြီးရဲ့ 'ပန်းသတင်း'ဘူတာလေးထဲ
ကျဆိမ့်တစ်ခွက် ဆေးလိပ်တစ်ပွဲ
သူပြတဲ့ဇာတ်လမ်း ငြိမ့်ငြိမ့်လေး စီးလိုက်တော့တာပဲ။ ။


လင်းအိမ်ငယ်
၃၀၊၄၊၂၀၁၅

မေမေ့ထံပေးစာ



မေမေ့ထံပေးစာ
။။။။။။။။။။။။။။။။။။။။။
ဘာကိုမှ မပိုင်ဆိုင်တော့တာဟာ
လွတ်လပ်ခြင်းတစ်မျိးပဲ။
ဘာကိုမှ မပိုင်ဆိုင်တော့တာဟာ
ပျက်စီးခြင်းတစ်မျိုးပဲ။
မေမေရေ
သား ဘယ်လမ်းကို လိုက်ရမလဲ။ ။

ရင်ရိုး
၁၇၊ ၁၂၊ ၂၀၁၄။

က်ည္ကာအက်ႌ

 
က်ည္ကာအက်ႌ
lllllllllllllllllllllllllll

ဒါနဲ့...
မနေ့ကမိုးထဲရေထဲမှာ
မျက်ရည်စက်ကလေးတွေတွေ့မိသေးလား

ငယ်ငယ်က
မေမေပြောပြခဲ့တဲ့ပုံပြင်တွေနဲ့
ကျောက်တုံးကြီးကိုတောင်ကုန်းပေါ်တွန်းတင်ဖူးတယ်
လမင်းကြီးကိုရေတွင်းထဲပစ်ချဖူးတယ်

ဘာမှမရှိတော့ပေမယ့်
ဘာမှမရှိခြင်းကိုအရသာရှိသလိုမျိုး
ခလုတ်တွေကိုခဏခဏနှိပ်မိတယ်

အချိန်ကိုအချိန်ထဲမှာပဲတန်ဖိုးထားခဲ့တယ်
ကျည်ဆံကိုသေနတ်ထဲမှာပဲတန်ဖိုးဖြတ်ခဲ့တယ်

ကျွန်တော့်ရာသီဥတုရဲ့အနီးမှ
မျက်ရည်တွေရွာနေတယ်
မျက်ရည်တွေလောင်နေတယ်
မျက်ရည်တွေကျနေတယ်

စကားမစပ်
မနေ့ကအပစ်အခတ်တွေကြား
သွေးစက်တွေစွန်းခဲ့သေးလား...။

အောင်ကိုကိုလတ်(တမူး)
မဟေသီ မဂ္ဂဇင်း ဖေဖေါ်ဝါရီ ၂၀၁၆