
ဒဏ်ရာတွေရေစိုတဲ့နေ့
============
ဟက်ပီဘတ်ဒေးဆိုပြီး
နွေဦးရဲ့
ပုရစ်ဖူးတွေလိုလည်း
လေအဝေ့မှာ
မလွင့်လူးချင်တော့ဘူး။
ငါ့ရဲ့အလွမ်းတွေဟာ
အလွမ်းတွေအဖြစ်ပီပီပြင်ပြင်မပွင့်ဝေခင်မှာပဲ
ခြွေခူးခံခဲ့ရတယ်။
သူငယ်ချင်းတဲ့
ဒီစကားသုံးလုံးက
ကြိုးတစ်ချောင်းရဲ့ဆက်ထုံးလို
ငါ့ကိုလှောင်ပြုံးနေခဲ့။
နှင်းပွင့်ကိုမြတ်နိုးမိမှတော့
နွေလယ်မိုးကို
တမ်းတမနေတော့ပါဘူး။
တစ်ချိန်က
လမ်းတွေဟာ
အလျားလိုက်
ကခုန်နေခဲ့ကြတယ်
တစ်ချိန်က
ပန်းတွေဟာ
ခရမ်းရောင်ရနံ့သင်းထုံခဲ့တယ်
အခုတော့ကွယ်-----
နတ်ဆိုးရဲ့
အပြုံးတစ်ပွင့်မှာ
ငါ့ရဲ့ပင်လယ်လေးနာဖျားနေတယ်။
လင်းဆက်ပိုင်
လင်းဆက်ပိုင်
1.2.2013
No comments:
Post a Comment