Tuesday, February 2, 2016

အင်ဂျလီနာဂျိုလီနှုတ်ခမ်းထက်ချိုတယ်

 
အင်ဂျလီနာဂျိုလီနှုတ်ခမ်းထက်ချိုတယ်
့
ပထမဆုံး ပါးဖောင်းဖောင်းလေးနှစ်ဖက်ကို 
ဖွဖွလေးနမ်းလိုက်တယ် ။
ဒုတိယအကြိမ် နဖူးမို့မို့လေးကို 
ဖွဖွလေးနမ်းလိုက်တယ် ။
တတိယအကြိမ် လက်ချောင်းသေးသးသွယ်သွယ်လေးတွေကို 
ဖွဖွလေးပဲထပ်နမ်းလိုက်တယ် ။
နူတ်ခမ်းမွှေး မုတ်ဆိတ်မွှေး အရှည်မထားဖြစ်တာလည်း
အခုလိုအိပ်နေတဲ့အချိန် 
စိတ်အလိုရှိ တိုင်း နမ်းချင်လို့ ။
ငါ့ရဲ့အနမ်းတွေချိုလား ချဉ်လားတော့ မသိဘူး
ခိုးပြီးနမ်းရတဲ့ပါးဖောင်းဖောင်းလေးနှစ်ဖက်နဲ့ နဖူးမို့မို့လေး 
လက်ချောင်းသေးသေးသွယ်သွယ်လးတွေကတော့
အင်ဂျလီနာဂျိုလီနူတ်ခမ်းထက် အများကြီးချိုမြပါတယ်။
သားလေးရေ့ 
မင်းမက်တဲ့အိမ်မက်ထဲမှာလဲ မင်းလိုတာတွေရနေပါစေကွယ် ။ ။
 
လရောင်ဦး(တမူး)

No comments:

Post a Comment