Saturday, May 27, 2017

အိမ္​​ေထာင္​ဦး

Zawgyi version

Early years of marriage
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
Translated by Lu Hnin Cho

အိမ္​​ေထာင္​ဦး
။။။။။။။။။။။။။။။။။။။။
ရင္​႐ိုး

တစ္​​ေယာက္​က အိပ္​စက္​​ေနခ်ိန္​
တစ္​​ေယာက္​က ၾကယ္​အျပာ​ေလးကို ​ေငးလို႔
မနက္​ျဖန္​​ေန႔မ်ား ​ေမာဟိုက္​​ေန။

ခ်စ္​သူဘဝတုန္​းက
​ေျဖာင္​့တန္​း​ေနတဲ့ လမ္​းက​ေလး
အခု​ေတာ့ က်ဳိး​ေၾကသြား၊
ဘာ​ေတြ ​ေျပာင္​းလဲသြားသလဲ ​ေတြးခ်ိန္​မရလိုက္​။

ည ည  ထငိုတတ္​တဲ့သား​ေလး
ဗိုက္​ဆာ​ေနၿပီလား၊
တစ္​​ေန႔ တစ္​​ေန႔ ​ေနဝင္​သြားလည္​း
​ေန႔သစ္​မ်ား ​ေရာက္​မလာ။

အတူလက္​တြဲၿပီး အ​တူ​ေပ်ာ္​ရဲလား​ေမးခြန္​း
အခုခ်ိန္​ ဇနီးကို မ​ေမးရဲ၊
မျမင္​ကြယ္​ရာမွာ မသိခ်င္​​ေယာင္​​ေဆာင္​​ေနတဲ့ကံၾကမၼာကို
မသိက်ဳိးက်ြံျပဳထားလိုက္​တယ္​။

ဆက္​​ေလ်ွာက္​ရမယ္​့လမ္​း ဆက္​သြားရမွာပဲ
ညဥ္​့နက္​လာရင္​
ၾကယ္​​ေတြပိုလင္​းလာမွာပါ ဇနီး​ေလး။         ။

idea မဂၢဇင္​း၊ ဇြန္​လ၊ ၂၀၁၂။

Early years of marriage
=======================
Yin Yoe

Deeply do you  fall in sleep,
While I gaze a blue star;
And our days of tomorrow 're breathless.

At that moment of sweetheart,
What our easy street was!
Now it breaks.
And we've no ideas what changes have fallen.

Often does our sonny cry at night:
Has he fallen in hunger?
The first day ends in sunset and does so the next;
But nothing come to our bright days.

l daren't ask you a question now;
Whether  you keep me company
Or  you dare delight in my life.
I connive the fate from hiding-place
With its connivance over us.

The avenue we must keep pace;
Continuously do we do.
O my dear! If the night continues,
The stars will shine and shine.

Translated by Lu Hnin Cho

Unicode version

Early years of marriage
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
Translated by Lu Hnin Cho

အိမ်ထောင်ဦး
။။။။။။။။။။။။။။။။။။။။
ရင်ရိုး

တစ်ယောက်က အိပ်စက်နေချိန်
တစ်ယောက်က ကြယ်အပြာလေးကို ငေးလို့
မနက်ဖြန်နေ့များ မောဟိုက်နေ။

ချစ်သူဘဝတုန်းက
ဖြောင့်တန်းနေတဲ့ လမ်းကလေး
အခုတော့ ကျိုးကြေသွား၊
ဘာတွေ ပြောင်းလဲသွားသလဲ တွေးချိန်မရလိုက်။

ည ည  ထငိုတတ်တဲ့သားလေး
ဗိုက်ဆာနေပြီလား၊
တစ်နေ့ တစ်နေ့ နေဝင်သွားလည်း
နေ့သစ်များ ရောက်မလာ။

အတူလက်တွဲပြီး အတူပျော်ရဲလားမေးခွန်း
အခုချိန် ဇနီးကို မမေးရဲ၊
မမြင်ကွယ်ရာမှာ မသိချင်ယောင်ဆောင်နေတဲ့ကံကြမ္မာကို
မသိကျိုးကျွံပြုထားလိုက်တယ်။

ဆက်လျှောက်ရမယ့်လမ်း ဆက်သွားရမှာပဲ
ညဥ့်နက်လာရင်
ကြယ်တွေပိုလင်းလာမှာပါ ဇနီးလေး။         ။

idea မဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၂။

Early years of marriage
=======================
Yin Yoe

Deeply do you  fall in sleep,
While I gaze a blue star;
And our days of tomorrow 're breathless.

At that moment of sweetheart,
What our easy street was!
Now it breaks.
And we've no ideas what changes have fallen.

Often does our sonny cry at night:
Has he fallen in hunger?
The first day ends in sunset and does so the next;
But nothing come to our bright days.

l daren't ask you a question now;
Whether  you keep me company
Or  you dare delight in my life.
I connive the fate from hiding-place
With its connivance over us.

The avenue we must keep pace;
Continuously do we do.
O my dear! If the night continues,
The stars will shine and shine.

Translated by Lu Hnin Cho

No comments:

Post a Comment