Wednesday, March 22, 2017

ေခြးဇာတ္လမ္း

ေခြးဇာတ္လမ္း
llllllllllllllllllllllll

ေခြးတစ္ေကာင္အဆိပ္ခတ္သတ္ခံရတဲ့ျမင္ကြင္းဟာ
သတင္းစာထဲကနာေရးေၾကာ္ျငာထဲမွာ
ဝမ္းနည္းဖြယ္ရာပါလာတယ္

ရပ္ကြက္ထဲကေခြးေတြအူၾကသလိုပဲ
တစ္ညလံုးလြမ္းေမာဖြယ္ရာဆူညံသြားတယ္

`သတိ-ေခြးကိုက္တတ္သည္´ ဆိုင္းဘုတ္ေတြဟာ
အေမွာင္ထဲမွာတိတ္ဆိတ္ၿငိမ္သက္ေနၾကတယ္

ေခြးတစ္ေကာင္႐ိုက္ခံလိုက္ရတဲ့အသံဟာ
စစ္ကားတစ္စီးရဲ႕အသံေနာက္မွာ
တရြတ္တိုက္ပါသြားတယ္

ရပ္ကြက္ထဲကေခြးေတြအူၾကသလိုပါပဲ
တစ္ညလံုးေဆြးေဆြးေျမ့ေျမ့ဆူညံေနတယ္

ေခြးေလေခြးလြင့္ေတြဆိုတာထက္
ႏိုင္ငံပိုင္ေခြးေတြကပိုမ်ားပါတယ္။

ေအာင္ကိုကိုလတ္(တမူး)

ျမင္း

ျမင္​း
llllllll

လည္​ဆံ​ေမြးမပါတဲ့ျမင္​းက
အၿမီးမပါတဲ့ျမင္​းကို
နာနာက်င္​က်င္​ ႏွစ္​သိမ္​့လိုက္​တယ္​​
`အားမငယ္​နဲ႔...ခြာသံျပင္​းဖို႔ပဲလိုတယ္​´ ။

ေအာင္ကိုကိုလတ္(တမူး)
၁၀.၉.၂၀၁၄

ေသျခင္းတရားကိုလာေမးၾကသူမ်ား

ေသျခင္းတရားကိုလာေမးၾကသူမ်ား
llllllllllllllllllllllllllllllllllllllllllllllllllllllll

အေကာင္းႀကီးပါ
မေန႔ကမွေတြ႕လိုက္ေသးတယ္
ဘယ္လိုျဖစ္သြားတာလဲ

မေန႔ကမွေတြ႕လိုက္ေသးတယ္
အေကာင္းႀကီးပါ
ဘယ္လိုျဖစ္သြားတာလဲ

ေသေနတဲ့လူ
မေန႔ကအသုဘမွာ
အဲဒီလိုေမးသြားေသးတယ္။

ေအာင္ကိုကိုလတ္(တမူး)

စ စ္ ေ ျခ ေ ထ ာ က္ စြ ပ္ ျပဳ တ္

စ စ္ ေ ျခ ေ ထ ာ က္ စြ ပ္ ျပဳ တ္
,==================
ေ ျမ ျမႇဳ ပ္ မို င္ း ထဲ ပါ သြ ာ း တဲ့
ေ ျခ ေ ထ ာ က္ တ စ္ ဖ က္ ကို ျပ န္ ေ တြ ့ တ ယ္
ေ န ာ က္ က် တဲ့ ေ ျခ ေ ထ ာ က္ သ စၥ ာ ေ ဖ ာ က္ ဆို ၿပီ း
င ယ္ င ယ္ တု န္ း က ေ ဆ ာ့ က စ ာ း ရ င္ း ေ ျပ ာ ခဲ့ ဖူ း တ ယ္
ေ ျမ ျမႇဳ ပ္ မို င္ း န င္ း ၿပီ း ရ လ ာ တဲ့
ေ ျခ တု တ စ္ ဖ က္ ေ ပ် ာ က္ ေ န တ ယ္
ေ ျခ တ စ္ လွ မ္ း ကု ေ ဋ တ စ္ သ န္ း တ န္ တ ယ္ ဆို တဲ့
စ ာ အု ပ္ ေ တြ
သ င့္ အိ မ္ ေ ႐ွ႕ လ ာ ေ ရ ာ င္ း တဲ့ အ ခါ
အ ာ း ေ ပ း ပါ

ေ အ ာ င္ ကို ကုိ လ တ္ - တ မူ း

လူနာ(၈)

လူနာ(၈)
llllllllllllllll

ျမင္သမွ်
ကိုယ္တိုင္မခြဲဘဲကြဲသြားတဲ့
ေရအိုးအကြဲအစကေလးေတြလိုနာက်င္ေနတယ္

ၾကားသမွ်
ကိုယ္တိုင္မတူးဘဲက်င္းျဖစ္သြားတဲ့
ေျမက်င္းကေလးေဘးမွာပူေဆြးေနတယ္

ေမ့လို႔ရသမွ်အကုန္ေမ့ခဲ့ၿပီးၿပီပဲ
လြမ္းလို႔ရသမွ်အကုန္လြမ္းခဲ့ၿပီးၿပီပဲ
ေနာက္ထပ္စီးမယ့္မ်က္ရည္မွာ
ေနာက္ထပ္စီးမယ့္ေသြးေတြေပ်ာ္ပါေစ...။

ေအာင္ကိုကိုလတ္(တမူး)

ထို႔ေၾကာင့္..

IDEA Magazine, April 2017

ထို႔ေၾကာင့္...
lllllllllllllllllllll

ဓာတ္တိုင္ေတြေကာင္းကင္နဲ႔ပိုနီးလာသလိုပဲ

ႏွစ္နဲ႔ခ်ီၿပီးေစာင့္ေနၾကတဲ့အပစ္အခတ္ရပ္စဲေရးဝတၳဳ
နာရီနဲ႔ခ်ီၿပီးဖတ္ေနၾကတဲ့ဘဝသ႐ုပ္ေဖာ္စစ္ပြဲ
စာအုပ္စင္ေတြကို
အေခါင္းေတြလိုအေသ႐ိုက္ပိတ္လိုက္ၾကတယ္

`ေဟ့...ဟိုမွာ
လမင္းႀကီးကိုဝိုင္းဖမ္းၾကစမ္း´
ေက်ာက္တံုးေတြေကာင္းကင္ေပၚေမ်ာေနတယ္
တေရြ႕ေရြ႕
ေျမျပင္ေပၚတိမ္ေတြေလာင္ေနတယ္
တေျမ့ေျမ့
ျပတင္းေပါက္ေတြအိမ္ေခါင္မိုးေပၚပြင့္ေနတယ္
တစ္ေန႔ေန႔...။

ေအာင္ကိုကိုလတ္(တမူး)

ေမာ္ေတာ္ကားဇာတ္ၫႊန္း

ေမာ္ေတာ္ကားဇာတ္ၫႊန္း
llllllllllllllllllllllllllllllllllllllll

ကတၱရာပံုးခြံေတြေတာင္မသိမ္းရေသးဘူး
လမ္းသစ္ႀကီးကလည္း
ခ်ိဳင့္ခြက္အသစ္ေတြနဲ႔ဆိုတာမ်ိဳး

ခင္းကတည္းက ကတၱရာမွမပါဘဲ
လမ္းေဟာင္းႀကီးမွာ
ခ်ိဳင့္ခြက္အေဟာင္းေတြနဲ႔ဆိုတာလို

ကားတာယာအသစ္ေတြနဲ႔
ကားေဟာင္းႀကီးေပၚထိုင္စီးေနရတဲ့အခါ....။

ေအာင္ကိုကိုလတ္(တမူး)