IDEA Magazine, April 2017
ထို့ကြောင့်...
lllllllllllllllllllll
ဓာတ်တိုင်တွေကောင်းကင်နဲ့ပိုနီးလာသလိုပဲ
နှစ်နဲ့ချီပြီးစောင့်နေကြတဲ့အပစ်အခတ်ရပ်စဲရေးဝတ္ထု
နာရီနဲ့ချီပြီးဖတ်နေကြတဲ့ဘဝသရုပ်ဖော်စစ်ပွဲ
စာအုပ်စင်တွေကို
အခေါင်းတွေလိုအသေရိုက်ပိတ်လိုက်ကြတယ်
`ဟေ့...ဟိုမှာ
လမင်းကြီးကိုဝိုင်းဖမ်းကြစမ်း´
ကျောက်တုံးတွေကောင်းကင်ပေါ်မျောနေတယ်
တရွေ့ရွေ့
မြေပြင်ပေါ်တိမ်တွေလောင်နေတယ်
တမြေ့မြေ့
ပြတင်းပေါက်တွေအိမ်ခေါင်မိုးပေါ်ပွင့်နေတယ်
တစ်နေ့နေ့...။
အောင်ကိုကိုလတ်(တမူး)
No comments:
Post a Comment