လူနာ(၈)
llllllllllllllll
မြင်သမျှ
ကိုယ်တိုင်မခွဲဘဲကွဲသွားတဲ့
ရေအိုးအကွဲအစကလေးတွေလိုနာကျင်နေတယ်
ကြားသမျှ
ကိုယ်တိုင်မတူးဘဲကျင်းဖြစ်သွားတဲ့
မြေကျင်းကလေးဘေးမှာပူဆွေးနေတယ်
မေ့လို့ရသမျှအကုန်မေ့ခဲ့ပြီးပြီပဲ
လွမ်းလို့ရသမျှအကုန်လွမ်းခဲ့ပြီးပြီပဲ
နောက်ထပ်စီးမယ့်မျက်ရည်မှာ
နောက်ထပ်စီးမယ့်သွေးတွေပျော်ပါစေ...။
အောင်ကိုကိုလတ်(တမူး)
No comments:
Post a Comment