Wednesday, March 22, 2017

ခွေးဇာတ်လမ်း

ခွေးဇာတ်လမ်း
llllllllllllllllllllllll

ခွေးတစ်ကောင်အဆိပ်ခတ်သတ်ခံရတဲ့မြင်ကွင်းဟာ
သတင်းစာထဲကနာရေးကြော်ငြာထဲမှာ
ဝမ်းနည်းဖွယ်ရာပါလာတယ်

ရပ်ကွက်ထဲကခွေးတွေအူကြသလိုပဲ
တစ်ညလုံးလွမ်းမောဖွယ်ရာဆူညံသွားတယ်

`သတိ-ခွေးကိုက်တတ်သည်´ ဆိုင်းဘုတ်တွေဟာ
အမှောင်ထဲမှာတိတ်ဆိတ်ငြိမ်သက်နေကြတယ်

ခွေးတစ်ကောင်ရိုက်ခံလိုက်ရတဲ့အသံဟာ
စစ်ကားတစ်စီးရဲ့အသံနောက်မှာ
တရွတ်တိုက်ပါသွားတယ်

ရပ်ကွက်ထဲကခွေးတွေအူကြသလိုပါပဲ
တစ်ညလုံးဆွေးဆွေးမြေ့မြေ့ဆူညံနေတယ်

ခွေးလေခွေးလွင့်တွေဆိုတာထက်
နိုင်ငံပိုင်ခွေးတွေကပိုများပါတယ်။

အောင်ကိုကိုလတ်(တမူး)

No comments:

Post a Comment