Sunday, March 13, 2016

ပုံတူကူးချထားတဲ့သတင်း

 
ပုံတူကူးချထားတဲ့သတင်း
llllllllllllllllllllllllllllllll
ကတုတ်ကျင်းထဲဆွဲချခံရတဲ့လေညင်းလေးတွေမှာ
အသက်ရှူသံတွေပါမလာတော့ဘူး
ဆွဲပိတ်ခံလိုက်ရတဲ့ပြတင်းတံခါးလို
နေရောင်ခြည်ကိုဆာလောင်နေတဲ့အခန်းလို
မေရီအင်တွိုင်းနက်ရဲ့ကိတ်မုန့်လို
ဟစ်တလာရဲ့အဆိပ်ငွေ့လို
အိပ်မောကျနေတဲ့ရေပြင်ပေါ်မှာ
ကျောက်ချထားတဲ့သင်္ဘောပေါ်မှာ
နိုင်ငံတော်အလံဟာမရပ်မနားလွင့်လို့...
နိုင်ငံတော်သီချင်းကိုအချိန်မှန်မှန်လွှင့်လို့...။

 အောင်ကိုကိုလတ်(တမူး)
ပိတောက်ပွင့်သစ် မဂ္ဂဇင်း အမှတ်-၆၁၊မတ်လ၂၀၁၆

No comments:

Post a Comment