Sunday, March 13, 2016

အိမ်သစ်တက်ပွဲ


အိမ်သစ်တက်ပွဲ
။။။။။။။။။။။။။။။။။။။။
ရင်ရိုး

ပျက်စီးနေတဲ့အိမ်
ပြင်သင့်နေတာ ကြာခဲ့ပြီ။
ခေါင်က မလုံတော့ မိုးရေတွေလည်း တလျှောလျှော
အိမ်တိုင်တွေမှာ ခြတွေတက်၊ ပိုးတွေထိုး
ထရံတွေလည်း ဆွေး၊ အမှိုက်တွေလည်း ဝင်
လေတဖြူးဖြူးကိုမှ မခံနိုင်
မိုးတစ်ပေါက်နှစ်ပေါက်ကိုမှ မကာကွယ်နိုင်
နာတာရှည်ရောဂါသည် လူမမာလိုအိမ်။
ငါတို့ရပ်ကွက်ထဲမှာ ငါတို့အိမ်က အစုတ်ဆုံး
မရှိ ခိုနိုး၊ မလှ စုန်းယိုး
ငါတို့ မျက်နှာငယ်ခဲ့ရတယ်
ငါတို့ ပတ်ဝန်းကျင်ကို အောက်ကျို့ခဲ့ရတယ်။
ငါတို့ညီမလေးက အရှေ့ဘက်ကအိမ်မှာ အိမ်ဖော်
ငါတို့ညီလေးက မြောက်ဘက်ကအိမ်မှာ အလုပ်သမား
ငါက ငါတို့နိုင်ငံရဲ့ ပညာတတ်ခိုင်းနွား
အမေက အိမ်မှာ တကုပ်ကုပ်
မိသားစုအနာဂတ်ကို ရက်လုပ်နေတယ်။
အဖေ့ရဲ့ စီမံခန့်ခွဲမှုအောက်
ပြားပြားမှောက်ခဲ့ရတဲ့ ငါတို့အိမ်
အဖေ့ရဲ့ သစ္စာမဲ့မှုကြောင့်
သိမ်ငယ်ခဲ့ရတဲ့ ငါတို့အိမ်၊
အခု ဖြိုချလိုက်ပြီ
သစ်လွင်လတ်ဆတ်တဲ့ အိမ်ကလေးတစ်လုံး
ငါတို့ ရရှိခဲ့ပြီ။
ဆေးသားများတောက်ပ
ခန်းနားတင့်တယ်တဲ့ဥပဓိနဲ့ ငါတို့အိမ်
ပတ်ဝန်းကျင်က မော်ကြည့်ရပြီ။
အဖေ ကွယ်လွန်ပြီးနောက်
မိခင်မုဆိုးမရဲ့ အစွမ်းအစနဲ့ပေါ့။

ရင်ရိုး
6-3-2016

No comments:

Post a Comment