Saturday, May 27, 2017

အိမ္​​ေထာင္​ဦး

Zawgyi version

Early years of marriage
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
Translated by Lu Hnin Cho

အိမ္​​ေထာင္​ဦး
။။။။။။။။။။။။။။။။။။။။
ရင္​႐ိုး

တစ္​​ေယာက္​က အိပ္​စက္​​ေနခ်ိန္​
တစ္​​ေယာက္​က ၾကယ္​အျပာ​ေလးကို ​ေငးလို႔
မနက္​ျဖန္​​ေန႔မ်ား ​ေမာဟိုက္​​ေန။

ခ်စ္​သူဘဝတုန္​းက
​ေျဖာင္​့တန္​း​ေနတဲ့ လမ္​းက​ေလး
အခု​ေတာ့ က်ဳိး​ေၾကသြား၊
ဘာ​ေတြ ​ေျပာင္​းလဲသြားသလဲ ​ေတြးခ်ိန္​မရလိုက္​။

ည ည  ထငိုတတ္​တဲ့သား​ေလး
ဗိုက္​ဆာ​ေနၿပီလား၊
တစ္​​ေန႔ တစ္​​ေန႔ ​ေနဝင္​သြားလည္​း
​ေန႔သစ္​မ်ား ​ေရာက္​မလာ။

အတူလက္​တြဲၿပီး အ​တူ​ေပ်ာ္​ရဲလား​ေမးခြန္​း
အခုခ်ိန္​ ဇနီးကို မ​ေမးရဲ၊
မျမင္​ကြယ္​ရာမွာ မသိခ်င္​​ေယာင္​​ေဆာင္​​ေနတဲ့ကံၾကမၼာကို
မသိက်ဳိးက်ြံျပဳထားလိုက္​တယ္​။

ဆက္​​ေလ်ွာက္​ရမယ္​့လမ္​း ဆက္​သြားရမွာပဲ
ညဥ္​့နက္​လာရင္​
ၾကယ္​​ေတြပိုလင္​းလာမွာပါ ဇနီး​ေလး။         ။

idea မဂၢဇင္​း၊ ဇြန္​လ၊ ၂၀၁၂။

Early years of marriage
=======================
Yin Yoe

Deeply do you  fall in sleep,
While I gaze a blue star;
And our days of tomorrow 're breathless.

At that moment of sweetheart,
What our easy street was!
Now it breaks.
And we've no ideas what changes have fallen.

Often does our sonny cry at night:
Has he fallen in hunger?
The first day ends in sunset and does so the next;
But nothing come to our bright days.

l daren't ask you a question now;
Whether  you keep me company
Or  you dare delight in my life.
I connive the fate from hiding-place
With its connivance over us.

The avenue we must keep pace;
Continuously do we do.
O my dear! If the night continues,
The stars will shine and shine.

Translated by Lu Hnin Cho

Unicode version

Early years of marriage
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
Translated by Lu Hnin Cho

အိမ်ထောင်ဦး
။။။။။။။။။။။။။။။။။။။။
ရင်ရိုး

တစ်ယောက်က အိပ်စက်နေချိန်
တစ်ယောက်က ကြယ်အပြာလေးကို ငေးလို့
မနက်ဖြန်နေ့များ မောဟိုက်နေ။

ချစ်သူဘဝတုန်းက
ဖြောင့်တန်းနေတဲ့ လမ်းကလေး
အခုတော့ ကျိုးကြေသွား၊
ဘာတွေ ပြောင်းလဲသွားသလဲ တွေးချိန်မရလိုက်။

ည ည  ထငိုတတ်တဲ့သားလေး
ဗိုက်ဆာနေပြီလား၊
တစ်နေ့ တစ်နေ့ နေဝင်သွားလည်း
နေ့သစ်များ ရောက်မလာ။

အတူလက်တွဲပြီး အတူပျော်ရဲလားမေးခွန်း
အခုချိန် ဇနီးကို မမေးရဲ၊
မမြင်ကွယ်ရာမှာ မသိချင်ယောင်ဆောင်နေတဲ့ကံကြမ္မာကို
မသိကျိုးကျွံပြုထားလိုက်တယ်။

ဆက်လျှောက်ရမယ့်လမ်း ဆက်သွားရမှာပဲ
ညဥ့်နက်လာရင်
ကြယ်တွေပိုလင်းလာမှာပါ ဇနီးလေး။         ။

idea မဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၂။

Early years of marriage
=======================
Yin Yoe

Deeply do you  fall in sleep,
While I gaze a blue star;
And our days of tomorrow 're breathless.

At that moment of sweetheart,
What our easy street was!
Now it breaks.
And we've no ideas what changes have fallen.

Often does our sonny cry at night:
Has he fallen in hunger?
The first day ends in sunset and does so the next;
But nothing come to our bright days.

l daren't ask you a question now;
Whether  you keep me company
Or  you dare delight in my life.
I connive the fate from hiding-place
With its connivance over us.

The avenue we must keep pace;
Continuously do we do.
O my dear! If the night continues,
The stars will shine and shine.

Translated by Lu Hnin Cho

မီး

Zawgyi version

မီး
lllll

မီး​ေရာင္​ဟာလူ​ေတြကိုဖိတ္​​ေခၚၿပီး
တိရစၧာန္​​ေတြကိုအ​ေဝး​ေျပး​ေစတယ္​
ဆံုးျဖတ္​ခ်က္​မခ်ခင္​ဆံုးျဖတ္​ခ်က္​တစ္​ခုထပ္​​ေရာက္​လာတယ္​
ခ်စ္​ျခင္​း​ေမတၱာနံရံ​ေပၚမွာ
အိမ္​​ေျမႇာင္​​ေလးႏွစ္​​ေကာင္​အၿပိဳင္​အဆိုင္​စုပ္​ထိုး​ေနၾကသလို
မိသားစုစားပြဲ​ေပၚမွာ
ဖ​ေယာင္​းတိုင္​​ေလးႏွစ္​တိုင္​ပူးပူးကပ္​ကပ္​​ေတာက္​​ေလာင္​​ေနၾကသလို
အိမ္​​ေထာင္​​ေရးခုတင္​အလယ္​တည္​့တည္​့မွာ
ဖက္​လံုးက​ေလးကအထီးက်န္​​ေၾကကြဲလြမ္​းဆြတ္​​ေနတယ္​
အဲဒီလြမ္​းဆြတ္​မႈရဲ႕တစ္​ညတာမွာ
ကြၽန္​​ေတာ္​့အသက္​ဟာမီးကိုစတင္​​ေတြ႕႐ွိခဲ့ပါတယ္​...။

​ေအာင္​ကိုကိုလတ္​(တမူး)
FACES မဂၢဇင္း ၂၀၁၅

Fire
.........

The light invites humans
making the animals run away.
Before one decision was not set yet,
the other one has come to be set.
Over the wall of love,
like two little house geckos are chirping together.
On the table of family,
like two candles,in close position, are burning together.
At the centre of the bed of marriage,
the bolster is lonely and mournfully missing.
At that night of sorrow,
my live just finds out "fire" .

Aung Ko Ko Latt(Tamu)
FACES Magazine 2015

Translated by Ye Yint Lon

Unicode version

မီး
lllll

မီးရောင်ဟာလူတွေကိုဖိတ်ခေါ်ပြီး
တိရစ္ဆာန်တွေကိုအဝေးပြေးစေတယ်
ဆုံးဖြတ်ချက်မချခင်ဆုံးဖြတ်ချက်တစ်ခုထပ်ရောက်လာတယ်
ချစ်ခြင်းမေတ္တာနံရံပေါ်မှာ
အိမ်မြှောင်လေးနှစ်ကောင်အပြိုင်အဆိုင်စုပ်ထိုးနေကြသလို
မိသားစုစားပွဲပေါ်မှာ
ဖယောင်းတိုင်လေးနှစ်တိုင်ပူးပူးကပ်ကပ်တောက်လောင်နေကြသလို
အိမ်ထောင်ရေးခုတင်အလယ်တည့်တည့်မှာ
ဖက်လုံးကလေးကအထီးကျန်ကြေကွဲလွမ်းဆွတ်နေတယ်
အဲဒီလွမ်းဆွတ်မှုရဲ့တစ်ညတာမှာ
ကျွန်တော့်အသက်ဟာမီးကိုစတင်တွေ့ရှိခဲ့ပါတယ်...။

အောင်ကိုကိုလတ်(တမူး)
FACES မဂ္ဂဇင်း ၂၀၁၅

Fire
.........

The light invites humans
making the animals run away.
Before one decision was not set yet,
the other one has come to be set.
Over the wall of love,
like two little house geckos are chirping together.
On the table of family,
like two candles,in close position, are burning together.
At the centre of the bed of marriage,
the bolster is lonely and mournfully missing.
At that night of sorrow,
my live just finds out "fire" .

Aung Ko Ko Latt(Tamu)
FACES Magazine 2015

Translated by Ye Yint Lon

ေနာင္ဘ၀အတြက္ ပိုးဖလံတစ္ေကာင္ရဲ  ့ဆုေတာင္း

Zawgyi version

ေနာင္ဘ၀အတြက္ ပိုးဖလံတစ္ေကာင္ရဲ  ့ဆုေတာင္း
''''''''''''''"""""""""""""""""""""""""""""""""""""""""""""
ရူးသြပ္ျခင္းက ျကယ္ေတြကိုေရတြက္ေနမိသလို
အလိုမက်မွူမ်ားက သူမနားက ကာလာစံုလိပ္ျပာေတြ ၊
ျဖစ္ခ်င္တာေတြျဖစ္ဖို ့အတြက္လည္း
အခ်စ္က လိုသေလာက္ခရီးမေပါက္ခ့ဲပါဘူး ။
တစ္ဖက္သတ္ဆိုေတာ့ အဆံုးသတ္ည့ံမယ္ဆိုတာ
အခ်စ္ဝတၳဳ ေတြမွာ ဖန္ခ့ဲဖူးတယ္ ၊
ေရွ. ့ဆက္ အရွံူးအျမတ္တြက္မထားတာမို ့ ေပးဆပ္ျခင္းသက္
သက္နဲ ့
လို၇င္လိုသလို မလိုရင္ေက်ာခိုင္းသြားတ့ဲသူအတြက္
ကိုယ့္မာန ကိုယ့္သိကၡာကို ေစ်းေလွ်ာ ့ထားတ့ဲေကာင္ ။
ဆင္ကန္းေတာတိုးလို ့ေျပာရမလား
မ်က္ကန္းတေစၦမေျကာက္လို ့ ေျပာရမလား
ဒါမွမဟုတ္ မိုက္ရူးရဲဆန္လြန္းတ့ဲ ပိုးဖလံေလးလား
သူမနဲ ့ထိေတြ ့ပတ္သက္ျပီးကတည္းက
ငါ့ကိုယ္ငါ ဘာတံဆိပ္ကပ္ရမယ္မွန္းမသိေသးဘူး ။
အခ်စ္က ဟန္ေဆာင္ေကာင္းျပီး မာယာမ်ားတတ္သူကိုသာ
အနိုင္ရေစသလား ........
အရံွူးသမားတစ္ေယာက္အေနနဲ ့ ဒီဘ၀မွာေထြးပိုက္ခြင့္မရ
လိုက္လို ့
ေနာင္ဘ၀အတြက္ နမ္းရွိဴ က္ခြင့္ေလးရေအာင္ေတာ့
အိပ္ပ်က္ညေတြထဲ ဆုေတာင္းမိတုန္းပါ ။.  ။
                         လေရာင္ဦး-တမူး

Unicode version
ေနာင္ဘ၀အတြက္ ပိုးဖလံတစ္ေကာင္ရဲ  ့ဆုေတာင္း
''''''''''''''"""""""""""""""""""""""""""""""""""""""""""""
ရူးသြပ္ျခင္းက ျကယ္ေတြကိုေရတြက္ေနမိသလို
အလိုမက်မွူမ်ားက သူမနားက ကာလာစံုလိပ္ျပာေတြ ၊
ျဖစ္ခ်င္တာေတြျဖစ္ဖို ့အတြက္လည္း
အခ်စ္က လိုသေလာက္ခရီးမေပါက္ခ့ဲပါဘူး ။
တစ္ဖက္သတ္ဆိုေတာ့ အဆံုးသတ္ည့ံမယ္ဆိုတာ
အခ်စ္ဝတၳဳ ေတြမွာ ဖန္ခ့ဲဖူးတယ္ ၊
ေရွ. ့ဆက္ အရွံူးအျမတ္တြက္မထားတာမို ့ ေပးဆပ္ျခင္းသက္
သက္နဲ ့
လို၇င္လိုသလို မလိုရင္ေက်ာခိုင္းသြားတ့ဲသူအတြက္
ကိုယ့္မာန ကိုယ့္သိကၡာကို ေစ်းေလွ်ာ ့ထားတ့ဲေကာင္ ။
ဆင္ကန္းေတာတိုးလို ့ေျပာရမလား
မ်က္ကန္းတေစၦမေျကာက္လို ့ ေျပာရမလား
ဒါမွမဟုတ္ မိုက္ရူးရဲဆန္လြန္းတ့ဲ ပိုးဖလံေလးလား
သူမနဲ ့ထိေတြ ့ပတ္သက္ျပီးကတည္းက
ငါ့ကိုယ္ငါ ဘာတံဆိပ္ကပ္ရမယ္မွန္းမသိေသးဘူး ။
အခ်စ္က ဟန္ေဆာင္ေကာင္းျပီး မာယာမ်ားတတ္သူကိုသာ
အနိုင္ရေစသလား ........
အရံွူးသမားတစ္ေယာက္အေနနဲ ့ ဒီဘ၀မွာေထြးပိုက္ခြင့္မရ
လိုက္လို ့
ေနာင္ဘ၀အတြက္ နမ္းရွိဴ က္ခြင့္ေလးရေအာင္ေတာ့
အိပ္ပ်က္ညေတြထဲ ဆုေတာင္းမိတုန္းပါ ။.  ။
                         လေရာင္ဦး-တမူး

အခ်စ္

Zawgyi version

အခ်စ္
llllllllll

ေကာင္းကင္ေပၚမွာ
သူမဟာ တိ္မ္လႊာကေလးျဖစ္တယ္
ကြၽန္ေတာ္က ငွက္တစ္ေကာင္ျဖစ္တယ္

ပင္လယ္ထဲမွာ
သူမဟာေရေမွာ္ပင္ကေလးျဖစ္တယ္
ကြၽန္ေတာ္က ငါးတစ္ေကာင္ျဖစ္တယ္

ကမၻာေျမေပၚမွာ
သူမဟာ ပန္းပြင့္ကေလးျဖစ္တယ္
ကြၽန္ေတာ္က လိပ္ျပာတစ္ေကာင္ျဖစ္တယ္

"အခ်စ္"တဲ႔
သူမနဲ႕ကြၽန္ေတာ္
ယဥ္ယဥ္ေက်းေက်းႏႈတ္ဆက္လိုက္ၾကတယ္ ။

ေအာင္ကိုကိုလတ္(တမူး)
႐ုပ္႐ွင္အျမဳေတ မဂၢဇင္း ၂၀၀၈

LOVE
...........

Over the sky,
she is a cloudy piece.
I am a bird.

In the sea,
she is an algae plant.
I am a fish.

On the earth,
she is a tiny flower.
I am a butterfly.

It is called "Love",
she and me,
greeting in polite mood.

Aung Ko Ko Latt(Tamu)
Yoke Shin Amyu Tay Magazine, 2008

#Translated by Ye Yint Lon

Unicode version

အချစ်
llllllllll

ကောင်းကင်ပေါ်မှာ
သူမဟာ တိမ်လွှာကလေးဖြစ်တယ်
ကျွန်တော်က ငှက်တစ်ကောင်ဖြစ်တယ်

ပင်လယ်ထဲမှာ
သူမဟာရေမှော်ပင်ကလေးဖြစ်တယ်
ကျွန်တော်က ငါးတစ်ကောင်ဖြစ်တယ်

ကမ္ဘာမြေပေါ်မှာ
သူမဟာ ပန်းပွင့်ကလေးဖြစ်တယ်
ကျွန်တော်က လိပ်ပြာတစ်ကောင်ဖြစ်တယ်

"အချစ်"တဲ့
သူမနဲ့ကျွန်တော်
ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်ကြတယ် ။

အောင်ကိုကိုလတ်(တမူး)
ရုပ်ရှင်အမြုတေ မဂ္ဂဇင်း ၂၀၀၈

LOVE
...........

Over the sky,
she is a cloudy piece.
I am a bird.

In the sea,
she is an algae plant.
I am a fish.

On the earth,
she is a tiny flower.
I am a butterfly.

It is called "Love",
she and me,
greeting in polite mood.

Aung Ko Ko Latt(Tamu)
Yoke Shin Amyu Tay Magazine, 2008

#Translated by Ye Yint Lon

Friday, May 26, 2017

ပြဲခင္းထဲ

Zawgyi version

ပြဲခင္းထဲ
======
ပြဲခင္းအျပင္ဘက္မွာ
မိုးပ်ံပူေပါင္းသည္တစ္ေယာက္
လက္ထဲမွာမိုးပ်ံပူေပါင္းေရာင္စုံေတြ
အေဝးကေနထင္းထင္းႀကီးျမင္ႏိုင္တယ္။

ပြဲခင္းထဲ
လူေပါင္းမ်ားစြာ
လက္ထဲမွာစိတ္ကူးပူေပါင္းေရာင္စုံမ်ား
က်စ္က်စ္ပါေအာင္ဆုပ္ကိုင္လို႔
ဘယ္သူမွမျမင္ႏိုင္ပါ

ကၽြန္ေတာ့္လက္ကိုေယာင္ရမ္းျဖန္႔လိုက္မိပါတယ္

မင္းစည္
၂၄/၅/၁၇

Unicode version

ပွဲခင်းထဲ
======
ပွဲခင်းအပြင်ဘက်မှာ
မိုးပျံပူပေါင်းသည်တစ်ယောက်
လက်ထဲမှာမိုးပျံပူပေါင်းရောင်စုံတွေ
အဝေးကနေထင်းထင်းကြီးမြင်နိုင်တယ်။

ပွဲခင်းထဲ
လူပေါင်းများစွာ
လက်ထဲမှာစိတ်ကူးပူပေါင်းရောင်စုံများ
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လို့
ဘယ်သူမှမမြင်နိုင်ပါ

ကျွန်တော့်လက်ကိုယောင်ရမ်းဖြန့်လိုက်မိပါတယ်

မင်းစည်
၂၄/၅/၁၇

Friday, May 19, 2017

ပါးစပ္

Zawgyi version

ပါးစပ္
းးးးးးးးးး
ခ်ိဴ ခ်င္သလား ရတယ္
ခါးခ်င္သလား ရတယ္
မင္းတို ့သေဘာေတြ ့မယ့္စကားလံုးေတြ ေရြးေျပာလို ့ရတယ္
တရားစာလည္း ရြတ္ဖတ္တယ္
မေကာင္းတာလည္း ထြက္က်တယ္
လိုတမ်ိဴ း မလိုတမ်ဴိ း အေျပာင္းလဲလုပ္လို ့ရတယ္
ဗူးတစ္ရာပဲ လံုသြားတယ္
အ့ဲအေပါက္က ဘယ္ေတာ့မွပိတ္မရတားမရ ။  ။
                   လေရာင္ဦး - တမူး
                   20 5 2017

Unicode version

ပါးစပ်
းးးးးးးးးး
ချိူ ချင်သလား ရတယ်
ခါးချင်သလား ရတယ်
မင်းတို့သဘောတွေ့မယ့်စကားလုံးတွေ ရွေးပြောလို့ရတယ်
တရားစာလည်း ရွတ်ဖတ်တယ်
မကောင်းတာလည်း ထွက်ကျတယ်
လိုတမျိူ း မလိုတမျိူ း အပြောင်းလဲလုပ်လို့ရတယ်
ဗူးတစ်ရာပဲ လုံသွားတယ်
အ့ဲအပေါက်က ဘယ်တော့မှပိတ်မရတားမရ ။  ။
                   လရောင်ဦး - တမူး
                   20 5 2017

ငါတစ္ပင္လုံး နင္တစ္ပြင့္တည္းပါေအးသီတာ

Zawgyi version

ငါတစ္ပင္လုံး နင္တစ္ပြင့္တည္းပါေအးသီတာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ငါ့ကို သံသယေတြနဲ႕ လာလာမခ်ည္ပါနဲ႕
ငါက နင့္အသားထဲစိုက္၀င္ေနတဲ့ သံတစ္ေခ်ာင္းပါ
နင့္ကြယ္ရာမွာလည္း
ငါ့မ်က္လုံးထဲ နင္တစ္ေယာက္တည္း
ငါတစ္ပင္လုံး နင္တစ္ပြင့္တည္းပါေအးသီတာ
ေရာင္စုံသက္တန္႕ႀကီးကို ခ်ိဳးလို႕
နင့္ေခါင္းမွာ စကုပ္ေလးအျဖစ္လည္း ဆင္ေပးခ်င္ပါရဲ႕
လမင္းႀကီးကို ေသြးလို႕
နင့္ပါးမွာ ပါးကြက္က်ားေလးအျဖစ္လည္း လိမ္းေပးခ်င္ပါရဲ႕
I love yoo more than
I can say.ပါေအးသီတာ
အခ်စ္ဆိုတာ
ပါးခ်င္းထပ္လို႕ျမည္တဲ့ ျမည္သံစြဲအလကၤာ
ေငြသံေၾကးသံေတြ မဟုတ္ဘူး
ငါ့တစ္ကိုယ္လုံးကို တူးဆြၾကည့္လိုက္ရင္
ေနရာအႏွံ႕ အခ်စ္ေတြ စိမ့္ထြက္လာလိမ့္မယ္
ေငြတြင္းႀကီးမ႐ိွလည္း
"ျဖစ္ပါတယ္ ဆိုရင္ေတာ့
ငါ့အခ်စ္ေမွာ္မွာ
နင္ေပ်ာ္သေလာက္ေနပါ။     ။
                      
ရင္႐ိုး

ေမြးေန႔မွာ ေပ်ာ္႐ႊင္ပါေစ

Unicode version
ငါတစ်ပင်လုံး နင်တစ်ပွင့်တည်းပါအေးသီတာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ငါ့ကို သံသယတွေနဲ့ လာလာမချည်ပါနဲ့
ငါက နင့်အသားထဲစိုက်ဝင်နေတဲ့ သံတစ်ချောင်းပါ
နင့်ကွယ်ရာမှာလည်း
ငါ့မျက်လုံးထဲ နင်တစ်ယောက်တည်း
ငါတစ်ပင်လုံး နင်တစ်ပွင့်တည်းပါအေးသီတာ
ရောင်စုံသက်တန့်ကြီးကို ချိုးလို့
နင့်ခေါင်းမှာ စကုပ်လေးအဖြစ်လည်း ဆင်ပေးချင်ပါရဲ့
လမင်းကြီးကို သွေးလို့
နင့်ပါးမှာ ပါးကွက်ကျားလေးအဖြစ်လည်း လိမ်းပေးချင်ပါရဲ့
I love yoo more than
I can say.ပါအေးသီတာ
အချစ်ဆိုတာ
ပါးချင်းထပ်လို့မြည်တဲ့ မြည်သံစွဲအလင်္ကာ
ငွေသံကြေးသံတွေ မဟုတ်ဘူး
ငါ့တစ်ကိုယ်လုံးကို တူးဆွကြည့်လိုက်ရင်
နေရာအနှံ့ အချစ်တွေ စိမ့်ထွက်လာလိမ့်မယ်
ငွေတွင်းကြီးမရှိလည်း
"ဖြစ်ပါတယ် ဆိုရင်တော့
ငါ့အချစ်မှော်မှာ
နင်ပျော်သလောက်နေပါ။     ။
                      
ရင်ရိုး

မွေးနေ့မှာ ပျော်ရွှင်ပါစေ

ေမွ်ာ္စင္

Zawgyi version

ေမွ်ာ္စင္
llllllllllllll

အေမ့ဆီမွာ
ခ်စ္ျခင္းေမတၱာအျပည့္နဲ႔တည္ခင္းထားတဲ့
ထမင္းစားပြဲႀကီး႐ွိတယ္

အေမ့ဆီမွာ
ခ်စ္ျခင္းေမတၱာအျပည့္နဲ႔ထြန္းညိွထားတဲ့
မီးအိမ္ႀကီး႐ွိတယ္

`မေမာဘူးလား´
ထမင္းစားပြဲႀကီးကအေမ့ကိုေန႔တိုင္းေမးတယ္

`မပန္းဘူးလား´
မီးအိမ္ႀကီးကအေမ့ကိုညတိုင္းေမးတယ္

ဘယ္အခ်ိန္ေမးေမး
အေမကအိမ္ေ႐ွ႕မွာခ်ိတ္ထားတဲ့
ဆိုင္းဘုတ္ကေလးကိုလက္ညႇိဳးထိုးျပတယ္
`အေမ့အိမ္´တဲ့...။

ေအာင္ကိုကိုလတ္(တမူး)

Unicode version

မျှော်စင်
llllllllllllll

အမေ့ဆီမှာ
ချစ်ခြင်းမေတ္တာအပြည့်နဲ့တည်ခင်းထားတဲ့
ထမင်းစားပွဲကြီးရှိတယ်

အမေ့ဆီမှာ
ချစ်ခြင်းမေတ္တာအပြည့်နဲ့ထွန်းညှိထားတဲ့
မီးအိမ်ကြီးရှိတယ်

`မမောဘူးလား´
ထမင်းစားပွဲကြီးကအမေ့ကိုနေ့တိုင်းမေးတယ်

`မပန်းဘူးလား´
မီးအိမ်ကြီးကအမေ့ကိုညတိုင်းမေးတယ်

ဘယ်အချိန်မေးမေး
အမေကအိမ်ရှေ့မှာချိတ်ထားတဲ့
ဆိုင်းဘုတ်ကလေးကိုလက်ညှိုးထိုးပြတယ်
`အမေ့အိမ်´တဲ့...။

အောင်ကိုကိုလတ်(တမူး)

မိုးေလဝသအေျခအေန

Zawgyi version

မိုးေလဝသအေျခအေန
lllllllllllllllllllllllllllllllllllll

အရက္ပုလင္းကိုငွဲ႔လိုက္ေတာ့
မိုးေတြရြာလာတယ္

မိုးေတြရြာတိုင္း
အရက္ေၾကာင္ ေၾကာင္ေနတဲ့သစ္ပင္ႀကီးကို
သတိရမိတယ္

အရက္ေၾကာင္ ေၾကာင္ေနတဲ့သစ္ပင္ႀကီးေအာက္မွာ
အရက္ဆိုင္တစ္ဆိုင္႐ွိတယ္

အဲဒီအရက္ဆိုင္ကေလးဟာ
မိုးေတြရြာတိုင္း ေၾကာက္လန္႔ေနတယ္

အရက္ပုလင္းကိုငွဲ႔ခ်လိုက္ေတာ့
မိုးေတြရြာခ်လာတယ္

မိုးေတြရြာတိုင္း
မ်က္ရည္ေတြဝေနတဲ့အရက္ဆိုင္ကေလးကို
သတိရေနမိတယ္။

ေအာင္ကိုကိုလတ္​(တမူး)

Unicode version

မိုးလေဝသအခြေအနေ
lllllllllllllllllllllllllllllllllllll

အရက်ပုလင်းကိုငှဲ့လိုက်တော့
မိုးတွေရွာလာတယ်

မိုးတွေရွာတိုင်း
အရက်ကြောင် ကြောင်နေတဲ့သစ်ပင်ကြီးကို
သတိရမိတယ်

အရက်ကြောင် ကြောင်နေတဲ့သစ်ပင်ကြီးအောက်မှာ
အရက်ဆိုင်တစ်ဆိုင်ရှိတယ်

အဲဒီအရက်ဆိုင်ကလေးဟာ
မိုးတွေရွာတိုင်း ကြောက်လန့်နေတယ်

အရက်ပုလင်းကိုငှဲ့ချလိုက်တော့
မိုးတွေရွာချလာတယ်

မိုးတွေရွာတိုင်း
မျက်ရည်တွေဝနေတဲ့အရက်ဆိုင်ကလေးကို
သတိရနေမိတယ်။

အောင်ကိုကိုလတ်(တမူး)

မိသားစုဓာတ္ပံု

Zawgyi version

Family Life Magazine, May 2017

မိသားစုဓာတ္ပံု
lllllllllllllllllllllllll

မီးခိုးလံုးႀကီးေတြရဲ႕ေနာက္မွာ
မ်က္ရည္ေတြအလိပ္လိုက္တက္လာတယ္
ေသနတ္သံေတြရဲ႕ေ႐ွ႕မွာ
မ်က္ရည္ေတြတဟုန္ထိုးေျပးေနတယ္
တကယ္ေတာ့ဒုကၡဆိုတာလည္း
အေျမာက္ဆန္ေတြလိုပါပဲ
ပူပူေလာင္ေလာင္ေျပးထြက္လာၿပီး
နာနာက်င္က်င္ဖဲ့ယူသြားတတ္တာမ်ိဳးမဟုတ္လား
မိသားစုဆိုတဲ့အိမ္ကေလးေရ...
`ဝုန္း´ခနဲျမည္သံနဲ႔အတူမင္းၿပိဳလဲသြားေတာ့
႐ွင္က်န္ခဲ့တဲ့ေသကြဲအေငြ႔အသက္ကိုငါေကာက္ရလိုက္ပါတယ္
ငါ့မ်က္စိေ႐ွ႕
ေျမႀကီးထဲခ်ိဳင့္ဝင့္ေနတဲ့ထမင္းအိုးကေလးက
မနက္ျဖန္ရဲ႕အဘိဓမၼာကိုဖတ္ျပတယ္
ေသြးစက္ေတြမ်ားစြာ
ငါၾကည့္ဖူးတဲ့႐ုပ္႐ွင္ထဲမွာ
ငါဖတ္ဖူးတဲ့သတင္းစာထဲမွာ
ငါနားေထာင္ဖူးတဲ့ေရဒီယိုထဲမွာ...။
မိသားစုအိမ္ကေလးထဲက
ေၾကကြဲသြားတဲ့ဘုရားပန္းအိုးကေလးလို
နာက်င္ေနတဲ့စိတ္နဲ႔
ေဖေဖေရ
ေမေမေရ
ညီမေလးေရ
ကမ႓ာမွာမိသားစုဟာဖ်က္ခ်လို႔မရတဲ့ခ်စ္ျခင္းေမတၱာေပါ့
အခု...စစ္ဆိုတဲ့အနိ႒ာရံုၾကားထဲကေန
မိသားစုဓာတ္ပံုကေလးေတြကို
ဒုကၡသည္စခန္းကလူတိုင္း
မ်က္ရည္အျပည့္နဲ႔ထုတ္ထုတ္ၾကည့္ေနၾကတယ္...။

ေအာင္ကိုကိုလတ္(တမူး)

Unicode version

Family Life Magazine, May 2017

မိသားစုဓာတ်ပုံ
lllllllllllllllllllllllll

မီးခိုးလုံးကြီးတွေရဲ့နောက်မှာ
မျက်ရည်တွေအလိပ်လိုက်တက်လာတယ်
သေနတ်သံတွေရဲ့ရှေ့မှာ
မျက်ရည်တွေတဟုန်ထိုးပြေးနေတယ်
တကယ်တော့ဒုက္ခဆိုတာလည်း
အမြောက်ဆန်တွေလိုပါပဲ
ပူပူလောင်လောင်ပြေးထွက်လာပြီး
နာနာကျင်ကျင်ဖဲ့ယူသွားတတ်တာမျိုးမဟုတ်လား
မိသားစုဆိုတဲ့အိမ်ကလေးရေ...
`ဝုန်း´ခနဲမြည်သံနဲ့အတူမင်းပြိုလဲသွားတော့
ရှင်ကျန်ခဲ့တဲ့သေကွဲအငွေ့အသက်ကိုငါကောက်ရလိုက်ပါတယ်
ငါ့မျက်စိရှေ့
မြေကြီးထဲချိုင့်ဝင့်နေတဲ့ထမင်းအိုးကလေးက
မနက်ဖြန်ရဲ့အဘိဓမ္မာကိုဖတ်ပြတယ်
သွေးစက်တွေများစွာ
ငါကြည့်ဖူးတဲ့ရုပ်ရှင်ထဲမှာ
ငါဖတ်ဖူးတဲ့သတင်းစာထဲမှာ
ငါနားထောင်ဖူးတဲ့ရေဒီယိုထဲမှာ...။
မိသားစုအိမ်ကလေးထဲက
ကြေကွဲသွားတဲ့ဘုရားပန်းအိုးကလေးလို
နာကျင်နေတဲ့စိတ်နဲ့
ဖေဖေရေ
မေမေရေ
ညီမလေးရေ
ကမ္ဘာမှာမိသားစုဟာဖျက်ချလို့မရတဲ့ချစ်ခြင်းမေတ္တာပေါ့
အခု...စစ်ဆိုတဲ့အနိဋ္ဌာရုံကြားထဲကနေ
မိသားစုဓာတ်ပုံကလေးတွေကို
ဒုက္ခသည်စခန်းကလူတိုင်း
မျက်ရည်အပြည့်နဲ့ထုတ်ထုတ်ကြည့်နေကြတယ်...။

အောင်ကိုကိုလတ်(တမူး)

Tuesday, May 16, 2017

အ႐ူးေတြ

Zawgyi version

အ႐ူးေတြ

=======

သူ႔ဘာသာသူေလ်ွာက္ေရးထားတဲ့ဟာႀကီးကိုငါကက်က်နနဖတ္မိတယ္

ေလ်ွာက္ေရးေတြရမယ္ေလ်ွာက္ေရးေတြရမယ္
စိတ္ကူးယဥ္ဝါဒေတြရမယ္စိတ္ကူးယဥ္ၾကမယ္
လက္ေတြ႔မရိွေတြရမယ္လို႔ေအာ္ေျပာသြားေသးတယ္

တဟားဟားလည္းေအာ္ရယ္သြားတယ္
ၿပီးေတာ့ကိုယ့္ေဘးနားကထထြက္သြားတယ္

ကိုယ္စဥ္းစားတယ္
တစ္ေယာက္တည္းက်န္ခဲ့တယ္

ဘဏ္တိုက္ႀကီးထဲကေန
သူ႔ကိုကိုက္သတ္ပစ္မယ့္ေႁမြေတြထုတ္လာခဲ့တယ္

ဒီကမၻာႀကီးမွာအ႐ူးျဖစ္ဖို႔အခြင့္အလမ္းေတြအမ်ားႀကီးရိွတယ္
အႏုပညာသည္အ႐ူးေတြအတြက္လို႔အ႐ူးကေႂကြးေၾကာ္တယ္
သူေနတဲ့အိမ္ကိုေတာ့မိုးတိမ္လို႔ေခၚၾကည့္လိုက္တယ္

ငါမိုးေရထဲေလ်ွာက္သြားေနတာဘယ္သူလာၿပီးတားလို႔တုန္း
ငါ့မွာစားစရာမရိွတာဘယ္သူလာၿပီးေကြၽးလို႔တုန္း
ငါ့မိသားစုကိုငါမမွတ္မိေတာ့တာဘယ္ေလာက္ၾကာၿပီတုန္း

၁၀ႏွစ္ခံနာရီဓာတ္ခဲလို႔ဆိုင္႐ွင္ကေျပာတယ္
ႏွစ္ေထာင္က်ပ္နဲ႔ကြၽန္ေတာ္ဝယ္ခဲ့လိုက္တယ္
လာမယ့္၁၀ႏွစ္ဟာေပ်ာ္စရာ

အ႐ူးမွာပရိသတ္ရိွတယ္
ပရိသတ္မရိွေတာ့မွာကိုေၾကာက္ေနတဲ့အမူအရာမ်က္ႏွာမွာေတြ႔တယ္

ႏွစ္သစ္မွာ
အ႐ူးကဘာဆုေတာင္းမလဲ

ငါတို႔သိထားတဲ့အ႐ူးက
ငါတို႔ကိုအ႐ူးလို႔ေျပာသြားေသးတယ္
အ႐ူးရဲ႕

အ႐ူးအတုေတြမလာနဲ႔
အ႐ူးအစစ္ဟာခ်စ္စရာေကာင္းတယ္

အ႐ူးေတြကမ်ားတယ္
အသံေတြၾကားေနရတယ္
မိတ္ေဆြကဘယ္လိုအ႐ူးမ်ိဳးပါလဲ

ပူရင္ပူတယ္လို႔႐ူး
ေအးရင္ေအးတယ္လို႔႐ူး

ေလတိုက္ရင္ေလတိုက္တယ္လို႔႐ူး
မိုးရြာရင္မိုးရြာတယ္လို႔႐ူး

ငါတို႔လို
ရာသီဥတုဟာ႐ူးေၾကာင္ေၾကာင္ျဖစ္ေနၿပီ

အ႐ူးမွာမီးမဝိုင္းပါဘူး
မီးကမ႐ူးေသးသူဆီမွာ

ေအာ္ဟစ္ၿပီးရယ္မယ္
တိတ္တဆိတ္ငိုတယ္

ေအာ္ဟစ္ၿပီးငိုမယ္
တိတ္တဆိတ္ရယ္တယ္

ငိုသံနဲ႔ရယ္သံကို
ကဗ်ာျပဳလုပ္တယ္

အ႐ူးကိုဘာလို႔႐ိုက္တာလဲ
အ႐ူးကိုမ႐ိုက္ခင္ဘာလို႔ရြယ္လိုက္တာလဲ

အ႐ူးကို႐ိုက္ဖို႔မရြယ္ခင္ဘာလို႔ေအာ္လိုက္တာလဲ
အခါခါ႐ူးေပါ့

ငါ့ကိုေဝဖန္တိုက္ခိုက္ေနလည္းဂ႐ုမစိုက္ဘူး
ငါကတစ္ေကာင္တည္း
ဒါေပမယ့္အ႐ူး

ႏိုင္ငံေတာ္ကအ႐ူးေတြကိုသားလိုသမီးလိုသေဘာထားရဲ႕လားလို႔အ႐ူးကေတြးတယ္

ရဲရဲေတာက္အ႐ူးမ်ားသည္ႏွစ္ကာလေရြ႔လ်ားမႈစီးေၾကာင္းထဲတြင္ေဖ်ာ့ေတာ့ေတာ့အ႐ူးအျဖစ္သာက်န္ရစ္ကုန္၏

အ႐ူးဆိုေတာ့
လူေတြဝိုင္းအုံၾကည့္တာေပါ့

ဘယ္ကလာတာလဲေျပာ
ဘယ္ကိုသြားမွာလဲေျပာ

ကမၻာႀကီးထဲမွာအႏိုင္ရလိုသူသာမ်ားျပားေနၿပီး
အ႐ႈံးေပးလိုသူဟာ႐ွားပါးေနတယ္

ေက်ေက်နပ္နပ္ႀကီး႐ူးခဲ့ပါတယ္
ေက်ေက်နပ္နပ္ႀကီး႐ႈံးခဲ့ပါတယ္ ။

16.5.2017

သြယ္ဘ

Unicode version

အရူးတွေ

=======

သူ့ဘာသာသူလျှောက်ရေးထားတဲ့ဟာကြီးကိုငါကကျကျနနဖတ်မိတယ်

လျှောက်ရေးတွေရမယ်လျှောက်ရေးတွေရမယ်
စိတ်ကူးယဉ်ဝါဒတွေရမယ်စိတ်ကူးယဉ်ကြမယ်
လက်တွေ့မရှိတွေရမယ်လို့အော်ပြောသွားသေးတယ်

တဟားဟားလည်းအော်ရယ်သွားတယ်
ပြီးတော့ကိုယ့်ဘေးနားကထထွက်သွားတယ်

ကိုယ်စဉ်းစားတယ်
တစ်ယောက်တည်းကျန်ခဲ့တယ်

ဘဏ်တိုက်ကြီးထဲကနေ
သူ့ကိုကိုက်သတ်ပစ်မယ့်မြွေတွေထုတ်လာခဲ့တယ်

ဒီကမ္ဘာကြီးမှာအရူးဖြစ်ဖို့အခွင့်အလမ်းတွေအများကြီးရှိတယ်
အနုပညာသည်အရူးတွေအတွက်လို့အရူးကကြွေးကြော်တယ်
သူနေတဲ့အိမ်ကိုတော့မိုးတိမ်လို့ခေါ်ကြည့်လိုက်တယ်

ငါမိုးရေထဲလျှောက်သွားနေတာဘယ်သူလာပြီးတားလို့တုန်း
ငါ့မှာစားစရာမရှိတာဘယ်သူလာပြီးကျွေးလို့တုန်း
ငါ့မိသားစုကိုငါမမှတ်မိတော့တာဘယ်လောက်ကြာပြီတုန်း

၁၀နှစ်ခံနာရီဓာတ်ခဲလို့ဆိုင်ရှင်ကပြောတယ်
နှစ်ထောင်ကျပ်နဲ့ကျွန်တော်ဝယ်ခဲ့လိုက်တယ်
လာမယ့်၁၀နှစ်ဟာပျော်စရာ

အရူးမှာပရိသတ်ရှိတယ်
ပရိသတ်မရှိတော့မှာကိုကြောက်နေတဲ့အမူအရာမျက်နှာမှာတွေ့တယ်

နှစ်သစ်မှာ
အရူးကဘာဆုတောင်းမလဲ

ငါတို့သိထားတဲ့အရူးက
ငါတို့ကိုအရူးလို့ပြောသွားသေးတယ်
အရူးရဲ့

အရူးအတုတွေမလာနဲ့
အရူးအစစ်ဟာချစ်စရာကောင်းတယ်

အရူးတွေကများတယ်
အသံတွေကြားနေရတယ်
မိတ်ဆွေကဘယ်လိုအရူးမျိုးပါလဲ

ပူရင်ပူတယ်လို့ရူး
အေးရင်အေးတယ်လို့ရူး

လေတိုက်ရင်လေတိုက်တယ်လို့ရူး
မိုးရွာရင်မိုးရွာတယ်လို့ရူး

ငါတို့လို
ရာသီဥတုဟာရူးကြောင်ကြောင်ဖြစ်နေပြီ

အရူးမှာမီးမဝိုင်းပါဘူး
မီးကမရူးသေးသူဆီမှာ

အော်ဟစ်ပြီးရယ်မယ်
တိတ်တဆိတ်ငိုတယ်

အော်ဟစ်ပြီးငိုမယ်
တိတ်တဆိတ်ရယ်တယ်

ငိုသံနဲ့ရယ်သံကို
ကဗျာပြုလုပ်တယ်

အရူးကိုဘာလို့ရိုက်တာလဲ
အရူးကိုမရိုက်ခင်ဘာလို့ရွယ်လိုက်တာလဲ

အရူးကိုရိုက်ဖို့မရွယ်ခင်ဘာလို့အော်လိုက်တာလဲ
အခါခါရူးပေါ့

ငါ့ကိုဝေဖန်တိုက်ခိုက်နေလည်းဂရုမစိုက်ဘူး
ငါကတစ်ကောင်တည်း
ဒါပေမယ့်အရူး

နိုင်ငံတော်ကအရူးတွေကိုသားလိုသမီးလိုသဘောထားရဲ့လားလို့အရူးကတွေးတယ်

ရဲရဲတောက်အရူးများသည်နှစ်ကာလရွေ့လျားမှုစီးကြောင်းထဲတွင်ဖျော့တော့တော့အရူးအဖြစ်သာကျန်ရစ်ကုန်၏

အရူးဆိုတော့
လူတွေဝိုင်းအုံကြည့်တာပေါ့

ဘယ်ကလာတာလဲပြော
ဘယ်ကိုသွားမှာလဲပြော

ကမ္ဘာကြီးထဲမှာအနိုင်ရလိုသူသာများပြားနေပြီး
အရှုံးပေးလိုသူဟာရှားပါးနေတယ်

ကျေကျေနပ်နပ်ကြီးရူးခဲ့ပါတယ်
ကျေကျေနပ်နပ်ကြီးရှုံးခဲ့ပါတယ် ။

16.5.2017

သွယ်ဘ