Friday, May 26, 2017

ပြဲခင္းထဲ

Zawgyi version

ပြဲခင္းထဲ
======
ပြဲခင္းအျပင္ဘက္မွာ
မိုးပ်ံပူေပါင္းသည္တစ္ေယာက္
လက္ထဲမွာမိုးပ်ံပူေပါင္းေရာင္စုံေတြ
အေဝးကေနထင္းထင္းႀကီးျမင္ႏိုင္တယ္။

ပြဲခင္းထဲ
လူေပါင္းမ်ားစြာ
လက္ထဲမွာစိတ္ကူးပူေပါင္းေရာင္စုံမ်ား
က်စ္က်စ္ပါေအာင္ဆုပ္ကိုင္လို႔
ဘယ္သူမွမျမင္ႏိုင္ပါ

ကၽြန္ေတာ့္လက္ကိုေယာင္ရမ္းျဖန္႔လိုက္မိပါတယ္

မင္းစည္
၂၄/၅/၁၇

Unicode version

ပွဲခင်းထဲ
======
ပွဲခင်းအပြင်ဘက်မှာ
မိုးပျံပူပေါင်းသည်တစ်ယောက်
လက်ထဲမှာမိုးပျံပူပေါင်းရောင်စုံတွေ
အဝေးကနေထင်းထင်းကြီးမြင်နိုင်တယ်။

ပွဲခင်းထဲ
လူပေါင်းများစွာ
လက်ထဲမှာစိတ်ကူးပူပေါင်းရောင်စုံများ
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လို့
ဘယ်သူမှမမြင်နိုင်ပါ

ကျွန်တော့်လက်ကိုယောင်ရမ်းဖြန့်လိုက်မိပါတယ်

မင်းစည်
၂၄/၅/၁၇

No comments:

Post a Comment