Zawgyi version
ငါတစ္ပင္လုံး နင္တစ္ပြင့္တည္းပါေအးသီတာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ငါ့ကို သံသယေတြနဲ႕ လာလာမခ်ည္ပါနဲ႕
ငါက နင့္အသားထဲစိုက္၀င္ေနတဲ့ သံတစ္ေခ်ာင္းပါ
နင့္ကြယ္ရာမွာလည္း
ငါ့မ်က္လုံးထဲ နင္တစ္ေယာက္တည္း
ငါတစ္ပင္လုံး နင္တစ္ပြင့္တည္းပါေအးသီတာ
ေရာင္စုံသက္တန္႕ႀကီးကို ခ်ိဳးလို႕
နင့္ေခါင္းမွာ စကုပ္ေလးအျဖစ္လည္း ဆင္ေပးခ်င္ပါရဲ႕
လမင္းႀကီးကို ေသြးလို႕
နင့္ပါးမွာ ပါးကြက္က်ားေလးအျဖစ္လည္း လိမ္းေပးခ်င္ပါရဲ႕
I love yoo more than
I can say.ပါေအးသီတာ
အခ်စ္ဆိုတာ
ပါးခ်င္းထပ္လို႕ျမည္တဲ့ ျမည္သံစြဲအလကၤာ
ေငြသံေၾကးသံေတြ မဟုတ္ဘူး
ငါ့တစ္ကိုယ္လုံးကို တူးဆြၾကည့္လိုက္ရင္
ေနရာအႏွံ႕ အခ်စ္ေတြ စိမ့္ထြက္လာလိမ့္မယ္
ေငြတြင္းႀကီးမ႐ိွလည္း
"ျဖစ္ပါတယ္ ဆိုရင္ေတာ့
ငါ့အခ်စ္ေမွာ္မွာ
နင္ေပ်ာ္သေလာက္ေနပါ။ ။
ရင္႐ိုး
ေမြးေန႔မွာ ေပ်ာ္႐ႊင္ပါေစ
Unicode version
ငါတစ်ပင်လုံး နင်တစ်ပွင့်တည်းပါအေးသီတာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ငါ့ကို သံသယတွေနဲ့ လာလာမချည်ပါနဲ့
ငါက နင့်အသားထဲစိုက်ဝင်နေတဲ့ သံတစ်ချောင်းပါ
နင့်ကွယ်ရာမှာလည်း
ငါ့မျက်လုံးထဲ နင်တစ်ယောက်တည်း
ငါတစ်ပင်လုံး နင်တစ်ပွင့်တည်းပါအေးသီတာ
ရောင်စုံသက်တန့်ကြီးကို ချိုးလို့
နင့်ခေါင်းမှာ စကုပ်လေးအဖြစ်လည်း ဆင်ပေးချင်ပါရဲ့
လမင်းကြီးကို သွေးလို့
နင့်ပါးမှာ ပါးကွက်ကျားလေးအဖြစ်လည်း လိမ်းပေးချင်ပါရဲ့
I love yoo more than
I can say.ပါအေးသီတာ
အချစ်ဆိုတာ
ပါးချင်းထပ်လို့မြည်တဲ့ မြည်သံစွဲအလင်္ကာ
ငွေသံကြေးသံတွေ မဟုတ်ဘူး
ငါ့တစ်ကိုယ်လုံးကို တူးဆွကြည့်လိုက်ရင်
နေရာအနှံ့ အချစ်တွေ စိမ့်ထွက်လာလိမ့်မယ်
ငွေတွင်းကြီးမရှိလည်း
"ဖြစ်ပါတယ် ဆိုရင်တော့
ငါ့အချစ်မှော်မှာ
နင်ပျော်သလောက်နေပါ။ ။
ရင်ရိုး
မွေးနေ့မှာ ပျော်ရွှင်ပါစေ
No comments:
Post a Comment