Zawgyi version
Family Life Magazine, May 2017
မိသားစုဓာတ္ပံု
lllllllllllllllllllllllll
မီးခိုးလံုးႀကီးေတြရဲ႕ေနာက္မွာ
မ်က္ရည္ေတြအလိပ္လိုက္တက္လာတယ္
ေသနတ္သံေတြရဲ႕ေ႐ွ႕မွာ
မ်က္ရည္ေတြတဟုန္ထိုးေျပးေနတယ္
တကယ္ေတာ့ဒုကၡဆိုတာလည္း
အေျမာက္ဆန္ေတြလိုပါပဲ
ပူပူေလာင္ေလာင္ေျပးထြက္လာၿပီး
နာနာက်င္က်င္ဖဲ့ယူသြားတတ္တာမ်ိဳးမဟုတ္လား
မိသားစုဆိုတဲ့အိမ္ကေလးေရ...
`ဝုန္း´ခနဲျမည္သံနဲ႔အတူမင္းၿပိဳလဲသြားေတာ့
႐ွင္က်န္ခဲ့တဲ့ေသကြဲအေငြ႔အသက္ကိုငါေကာက္ရလိုက္ပါတယ္
ငါ့မ်က္စိေ႐ွ႕
ေျမႀကီးထဲခ်ိဳင့္ဝင့္ေနတဲ့ထမင္းအိုးကေလးက
မနက္ျဖန္ရဲ႕အဘိဓမၼာကိုဖတ္ျပတယ္
ေသြးစက္ေတြမ်ားစြာ
ငါၾကည့္ဖူးတဲ့႐ုပ္႐ွင္ထဲမွာ
ငါဖတ္ဖူးတဲ့သတင္းစာထဲမွာ
ငါနားေထာင္ဖူးတဲ့ေရဒီယိုထဲမွာ...။
မိသားစုအိမ္ကေလးထဲက
ေၾကကြဲသြားတဲ့ဘုရားပန္းအိုးကေလးလို
နာက်င္ေနတဲ့စိတ္နဲ႔
ေဖေဖေရ
ေမေမေရ
ညီမေလးေရ
ကမ႓ာမွာမိသားစုဟာဖ်က္ခ်လို႔မရတဲ့ခ်စ္ျခင္းေမတၱာေပါ့
အခု...စစ္ဆိုတဲ့အနိ႒ာရံုၾကားထဲကေန
မိသားစုဓာတ္ပံုကေလးေတြကို
ဒုကၡသည္စခန္းကလူတိုင္း
မ်က္ရည္အျပည့္နဲ႔ထုတ္ထုတ္ၾကည့္ေနၾကတယ္...။
ေအာင္ကိုကိုလတ္(တမူး)
Unicode version
Family Life Magazine, May 2017
မိသားစုဓာတ်ပုံ
lllllllllllllllllllllllll
မီးခိုးလုံးကြီးတွေရဲ့နောက်မှာ
မျက်ရည်တွေအလိပ်လိုက်တက်လာတယ်
သေနတ်သံတွေရဲ့ရှေ့မှာ
မျက်ရည်တွေတဟုန်ထိုးပြေးနေတယ်
တကယ်တော့ဒုက္ခဆိုတာလည်း
အမြောက်ဆန်တွေလိုပါပဲ
ပူပူလောင်လောင်ပြေးထွက်လာပြီး
နာနာကျင်ကျင်ဖဲ့ယူသွားတတ်တာမျိုးမဟုတ်လား
မိသားစုဆိုတဲ့အိမ်ကလေးရေ...
`ဝုန်း´ခနဲမြည်သံနဲ့အတူမင်းပြိုလဲသွားတော့
ရှင်ကျန်ခဲ့တဲ့သေကွဲအငွေ့အသက်ကိုငါကောက်ရလိုက်ပါတယ်
ငါ့မျက်စိရှေ့
မြေကြီးထဲချိုင့်ဝင့်နေတဲ့ထမင်းအိုးကလေးက
မနက်ဖြန်ရဲ့အဘိဓမ္မာကိုဖတ်ပြတယ်
သွေးစက်တွေများစွာ
ငါကြည့်ဖူးတဲ့ရုပ်ရှင်ထဲမှာ
ငါဖတ်ဖူးတဲ့သတင်းစာထဲမှာ
ငါနားထောင်ဖူးတဲ့ရေဒီယိုထဲမှာ...။
မိသားစုအိမ်ကလေးထဲက
ကြေကွဲသွားတဲ့ဘုရားပန်းအိုးကလေးလို
နာကျင်နေတဲ့စိတ်နဲ့
ဖေဖေရေ
မေမေရေ
ညီမလေးရေ
ကမ္ဘာမှာမိသားစုဟာဖျက်ချလို့မရတဲ့ချစ်ခြင်းမေတ္တာပေါ့
အခု...စစ်ဆိုတဲ့အနိဋ္ဌာရုံကြားထဲကနေ
မိသားစုဓာတ်ပုံကလေးတွေကို
ဒုက္ခသည်စခန်းကလူတိုင်း
မျက်ရည်အပြည့်နဲ့ထုတ်ထုတ်ကြည့်နေကြတယ်...။
အောင်ကိုကိုလတ်(တမူး)
No comments:
Post a Comment