Friday, May 19, 2017

ေမွ်ာ္စင္

Zawgyi version

ေမွ်ာ္စင္
llllllllllllll

အေမ့ဆီမွာ
ခ်စ္ျခင္းေမတၱာအျပည့္နဲ႔တည္ခင္းထားတဲ့
ထမင္းစားပြဲႀကီး႐ွိတယ္

အေမ့ဆီမွာ
ခ်စ္ျခင္းေမတၱာအျပည့္နဲ႔ထြန္းညိွထားတဲ့
မီးအိမ္ႀကီး႐ွိတယ္

`မေမာဘူးလား´
ထမင္းစားပြဲႀကီးကအေမ့ကိုေန႔တိုင္းေမးတယ္

`မပန္းဘူးလား´
မီးအိမ္ႀကီးကအေမ့ကိုညတိုင္းေမးတယ္

ဘယ္အခ်ိန္ေမးေမး
အေမကအိမ္ေ႐ွ႕မွာခ်ိတ္ထားတဲ့
ဆိုင္းဘုတ္ကေလးကိုလက္ညႇိဳးထိုးျပတယ္
`အေမ့အိမ္´တဲ့...။

ေအာင္ကိုကိုလတ္(တမူး)

Unicode version

မျှော်စင်
llllllllllllll

အမေ့ဆီမှာ
ချစ်ခြင်းမေတ္တာအပြည့်နဲ့တည်ခင်းထားတဲ့
ထမင်းစားပွဲကြီးရှိတယ်

အမေ့ဆီမှာ
ချစ်ခြင်းမေတ္တာအပြည့်နဲ့ထွန်းညှိထားတဲ့
မီးအိမ်ကြီးရှိတယ်

`မမောဘူးလား´
ထမင်းစားပွဲကြီးကအမေ့ကိုနေ့တိုင်းမေးတယ်

`မပန်းဘူးလား´
မီးအိမ်ကြီးကအမေ့ကိုညတိုင်းမေးတယ်

ဘယ်အချိန်မေးမေး
အမေကအိမ်ရှေ့မှာချိတ်ထားတဲ့
ဆိုင်းဘုတ်ကလေးကိုလက်ညှိုးထိုးပြတယ်
`အမေ့အိမ်´တဲ့...။

အောင်ကိုကိုလတ်(တမူး)

No comments:

Post a Comment