Friday, May 19, 2017

မိုးေလဝသအေျခအေန

Zawgyi version

မိုးေလဝသအေျခအေန
lllllllllllllllllllllllllllllllllllll

အရက္ပုလင္းကိုငွဲ႔လိုက္ေတာ့
မိုးေတြရြာလာတယ္

မိုးေတြရြာတိုင္း
အရက္ေၾကာင္ ေၾကာင္ေနတဲ့သစ္ပင္ႀကီးကို
သတိရမိတယ္

အရက္ေၾကာင္ ေၾကာင္ေနတဲ့သစ္ပင္ႀကီးေအာက္မွာ
အရက္ဆိုင္တစ္ဆိုင္႐ွိတယ္

အဲဒီအရက္ဆိုင္ကေလးဟာ
မိုးေတြရြာတိုင္း ေၾကာက္လန္႔ေနတယ္

အရက္ပုလင္းကိုငွဲ႔ခ်လိုက္ေတာ့
မိုးေတြရြာခ်လာတယ္

မိုးေတြရြာတိုင္း
မ်က္ရည္ေတြဝေနတဲ့အရက္ဆိုင္ကေလးကို
သတိရေနမိတယ္။

ေအာင္ကိုကိုလတ္​(တမူး)

Unicode version

မိုးလေဝသအခြေအနေ
lllllllllllllllllllllllllllllllllllll

အရက်ပုလင်းကိုငှဲ့လိုက်တော့
မိုးတွေရွာလာတယ်

မိုးတွေရွာတိုင်း
အရက်ကြောင် ကြောင်နေတဲ့သစ်ပင်ကြီးကို
သတိရမိတယ်

အရက်ကြောင် ကြောင်နေတဲ့သစ်ပင်ကြီးအောက်မှာ
အရက်ဆိုင်တစ်ဆိုင်ရှိတယ်

အဲဒီအရက်ဆိုင်ကလေးဟာ
မိုးတွေရွာတိုင်း ကြောက်လန့်နေတယ်

အရက်ပုလင်းကိုငှဲ့ချလိုက်တော့
မိုးတွေရွာချလာတယ်

မိုးတွေရွာတိုင်း
မျက်ရည်တွေဝနေတဲ့အရက်ဆိုင်ကလေးကို
သတိရနေမိတယ်။

အောင်ကိုကိုလတ်(တမူး)

No comments:

Post a Comment