Friday, March 31, 2017

လမ္းမရွိတဲ့လြင္ျပင္ႀကီးထဲမွာ လမ္းေတြရွိေနတယ္

Zawgyi version

လမ္းမရွိတဲ့လြင္ျပင္ႀကီးထဲမွာ လမ္းေတြရွိေနတယ္
================================

အႏုပညာအမွတ္တံဆိပ္နဲ႔တြဲခ်ိတ္ထားတဲ့ ပန္းအိုးတစ္လံုးရွိတယ္
အဆင္ေျပတဲ့အေရာင္နဲ႔ အဝါေရာင္ပန္းေတြ ပြင့္လို႔ေပါ့
ဆိပ္ကမ္းတစ္ခုမွာ ေသာၾကာေန႔ကပံုမွန္းတိုင္ပဲ လႈပ္ရွား
ေခြၽးစက္က်သံေတြ အင္ဂ်င္ခုတ္ေမာင္းသံေတြ ပံုမွန္တိုင္းပဲလႈပ္ရွား
ဘဝေတြဟာ ပန္းေတြလိုပြင့္ခဲ့ပါရဲ႕ ရနံ႔ကိုယ္စီေမႊးခဲ့ပါရဲ႕
ပြင့္ဖက္တိုင္းပြင့္ဖက္တိုင္းမွာ မတူညီတဲ့စီးေၾကာင္းေတြ
ိလိပ္ျပာေတြပ်ားေတြနဲ႔ ဘဝေတြမွာ သံစဥ္ေတြစီးေမ်ာ
အဝါေရာင္ပန္းေတြရွိတဲ့ ပန္းအိုးကို အႏုပညာနဲ႔လဲလွယ္ရယူႏိုင္
လမ္းေတြက ခရီးကို အငမ္းမရရွာေဖြေနတယ္
ရပ္ထားတဲ့ရထားကို ဘာအတြက္ တက္စီးေနအံုးမလဲ
ကိုယ့္ေျခေထာက္နဲ႔ကိုယ္သြား ကိုယ္ေရာက္တဲ့ေနရာ ကိုယ့္အႏုပညာေပါ့။

လင္းအိမ္ငယ္
၃၁  မတ္  ၂၀၁၇

Unicode version
လမ်းမရှိတဲ့လွင်ပြင်ကြီးထဲမှာ လမ်းတွေရှိနေတယ်
================================

အနုပညာအမှတ်တံဆိပ်နဲ့တွဲချိတ်ထားတဲ့ ပန်းအိုးတစ်လုံးရှိတယ်
အဆင်ပြေတဲ့အရောင်နဲ့ အဝါရောင်ပန်းတွေ ပွင့်လို့ပေါ့
ဆိပ်ကမ်းတစ်ခုမှာ သောကြာနေ့ကပုံမှန်းတိုင်ပဲ လှုပ်ရှား
ချွေးစက်ကျသံတွေ အင်ဂျင်ခုတ်မောင်းသံတွေ ပုံမှန်တိုင်းပဲလှုပ်ရှား
ဘဝတွေဟာ ပန်းတွေလိုပွင့်ခဲ့ပါရဲ့ ရနံ့ကိုယ်စီမွှေးခဲ့ပါရဲ့
ပွင့်ဖက်တိုင်းပွင့်ဖက်တိုင်းမှာ မတူညီတဲ့စီးကြောင်းတွေ
ိလိပ်ပြာတွေပျားတွေနဲ့ ဘဝတွေမှာ သံစဉ်တွေစီးမျော
အဝါရောင်ပန်းတွေရှိတဲ့ ပန်းအိုးကို အနုပညာနဲ့လဲလှယ်ရယူနိုင်
လမ်းတွေက ခရီးကို အငမ်းမရရှာဖွေနေတယ်
ရပ်ထားတဲ့ရထားကို ဘာအတွက် တက်စီးနေအုံးမလဲ
ကိုယ့်ခြေထောက်နဲ့ကိုယ်သွား ကိုယ်ရောက်တဲ့နေရာ ကိုယ့်အနုပညာပေါ့။

လင်းအိမ်ငယ်
၃၁  မတ်  ၂၀၁၇

ေကာင္းေစဖို႔႐ြယ္

Zawgyi Version

ေကာင္းေစဖို႔႐ြယ္
။။။။။။။။။။။။။။။။။။။။။

NLD အစိုးရ
အတိုးခ်  ႀကိဳးစားကြယ္
အားေပးေနမယ္။

ေကာင္းေစဖို႔႐ြယ္
ေဒါင္းေတြမို႔ ယုံစား။

ျပည္သူႏွင့္အတူ
ညီတူလႊင့္ထူၾကပါစို႔
လူမမာ တိုင္းျပည္ပ်က္ကို
တိုးတက္ေစသားး။   ။

ျမစ္႐ိုး
31-3-2017

Unicode Version

ကောင်းစေဖို့ရွယ်
။။။။။။။။။။။။။။။။။။။။။

NLD အစိုးရ
အတိုးချ  ကြိုးစားကွယ်
အားပေးနေမယ်။

ကောင်းစေဖို့ရွယ်
ဒေါင်းတွေမို့ ယုံစား။

ပြည်သူနှင့်အတူ
ညီတူလွှင့်ထူကြပါစို့
လူမမာ တိုင်းပြည်ပျက်ကို
တိုးတက်စေသား။   ။

မြစ်ရိုး
31-3-2017

ယုန္ႏွင့္လိပ္

Zawgyi version

ယုန္ႏွင့္လိပ္
llllllllllllllllllll

ပံုျပင္ထဲမွာအေျပးၿပိဳင္ၾကတယ္

ယုန္ကေလးလည္းပံုျပင္ထဲကအတိုင္း
လိပ္ကေလးလည္းပံုျပင္ထဲကအတိုင္း

ဘုရားစင္ေပၚကပန္းေတြအခ်ိန္တန္ရင္ညႇဳိးသြားသလို
ဘုရားစင္ေအာက္ကဆုေတာင္းေတြအခ်ိန္တန္ရင္ၿပီးသြားသလို

ပံုျပင္နားေထာင္အၿပီးမွာ
ယုန္ကေလးလိုအိပ္ေန႐ုံကလြဲလို႔
လိပ္ကေလးလိုတေရြ႕ေရြ႕သြားေန႐ုံကလြဲလို႔

ပံုျပင္တစ္ပုဒ္ေဟာင္းေနတာကလြဲလို႔...။

ေအာင္ကိုကိုလတ္(တမူး)

Unicode version

ယုန်နှင့်လိပ်
llllllllllllllllllll

ပုံပြင်ထဲမှာအပြေးပြိုင်ကြတယ်

ယုန်ကလေးလည်းပုံပြင်ထဲကအတိုင်း
လိပ်ကလေးလည်းပုံပြင်ထဲကအတိုင်း

ဘုရားစင်ပေါ်ကပန်းတွေအချိန်တန်ရင်ညှိုးသွားသလို
ဘုရားစင်အောက်ကဆုတောင်းတွေအချိန်တန်ရင်ပြီးသွားသလို

ပုံပြင်နားထောင်အပြီးမှာ
ယုန်ကလေးလိုအိပ်နေရုံကလွဲလို့
လိပ်ကလေးလိုတရွေ့ရွေ့သွားနေရုံကလွဲလို့

ပုံပြင်တစ်ပုဒ်ဟောင်းနေတာကလွဲလို့...။

အောင်ကိုကိုလတ်(တမူး)

Thursday, March 30, 2017

ၿငီးေငြ႕ဖြယ္ေနေရာင္ျဖာေနတဲ့အခမ္းအနားပတ္လည္

Zawgyi version

ၿငီးေငြ႕ဖြယ္ေနေရာင္ျဖာေနတဲ့အခမ္းအနားပတ္လည္
==========================

ႀကိဳးတန္းတစ္ခုေပၚမွာ စိတ္ကူးတစ္စံုခ်ိတ္လွန္းထားတယ္
အေတြးပူေတြနဲ႔ အေရာင္ေတြလြင့္သြားမလား
မေနကထိေတာ့ အဲ့ဒီစိတ္ကူးက မေျခာက္ေသးဘူး
အေျခအေနအရ သိုးေတြကိုသတ္ျဖတ္စားသံုးလိုက္တယ္
သစ္ပင္ေတြဟာ ကိုင္းဖ်ားကတစ္ဆင့္ ပင္စည္ကိုျပန္ၿပီးၿမိဳလို႔
စိတ္လြင့္ေနသူတစ္ေယာက္ ေျမႀကီးထဲ ေခါင္းတိုးဝင္ေနရွာတယ္
အဲ့ဒီလို မိုးလင္းမိုးခ်ဳပ္ သစ္ရြက္ေတြေႂကြလို႔မဆံုးခဲ့
ဖုန္းျမည္သံတစ္ခုဟာ အသံရွည္ဆြဲဝင္ေရာက္လာၿပီး
စားလက္စဒဏ္ရာတစ္ခုကို ခ်ိတ္တစ္ခုနဲ႔ထပ္ခ်ိတ္လိုက္ျပန္တယ္
ဒီအခ်ိန္ဆို သတင္းစာေတြက ဘာေတြမ်ားေအာ္ေနမလဲ
အၾကမ္းဖ်င္းတြက္ခ်က္မႈအရ ေအာ္သံေတြ အေရာင္းသြက္လာ
ဦးေႏွာက္ျပင္ဆိုင္ထဲလည္း အလုပ္သမားေတြမအားေတာ့
ေခြးတိုးေပါက္ေတာ္ေတာ္မ်ားမ်ားကို မပိတ္မိဘူးေပါ့
သံသရာက ရွည္ၿပီးရင္းထပ္ရွည္ လူ႔အလိုနတ္မလိုက္ႏိုင္ေအာင္ရွည္
ႀကိဳးတန္းေပၚမွာ ခ်ိတ္ေတြ ပိုေနေသးတယ္
ႀကိဳးတန္းေဘးက သစ္ပင္ေအာက္မွာ ခံုတန္းေလးရွိေသးတယ္
ဘယ္သူ႔ကိုမွဖိတ္ေခၚမွာမဟုတ္ဘဲ ျငင္းလႊတ္မွာလည္းမဟုတ္တဲ့ေနရာ
အဆင္ေျပရင္ ဘုရားသခင္နဲ႔လည္း စကားထာဝွတ္တမ္းကစားလို႔ရတယ္။

လင္းအိမ္ငယ္
၃၀  မတ္  ၂၀၁၇

Unicode version
ငြီးငွေ့ဖွယ်နေရောင်ဖြာနေတဲ့အခမ်းအနားပတ်လည်
==========================

ကြိုးတန်းတစ်ခုပေါ်မှာ စိတ်ကူးတစ်စုံချိတ်လှန်းထားတယ်
အတွေးပူတွေနဲ့ အရောင်တွေလွင့်သွားမလား
မနေကထိတော့ အဲ့ဒီစိတ်ကူးက မခြောက်သေးဘူး
အခြေအနေအရ သိုးတွေကိုသတ်ဖြတ်စားသုံးလိုက်တယ်
သစ်ပင်တွေဟာ ကိုင်းဖျားကတစ်ဆင့် ပင်စည်ကိုပြန်ပြီးမြိုလို့
စိတ်လွင့်နေသူတစ်ယောက် မြေကြီးထဲ ခေါင်းတိုးဝင်နေရှာတယ်
အဲ့ဒီလို မိုးလင်းမိုးချုပ် သစ်ရွက်တွေကြွေလို့မဆုံးခဲ့
ဖုန်းမြည်သံတစ်ခုဟာ အသံရှည်ဆွဲဝင်ရောက်လာပြီး
စားလက်စဒဏ်ရာတစ်ခုကို ချိတ်တစ်ခုနဲ့ထပ်ချိတ်လိုက်ပြန်တယ်
ဒီအချိန်ဆို သတင်းစာတွေက ဘာတွေများအော်နေမလဲ
အကြမ်းဖျင်းတွက်ချက်မှုအရ အော်သံတွေ အရောင်းသွက်လာ
ဦးနှောက်ပြင်ဆိုင်ထဲလည်း အလုပ်သမားတွေမအားတော့
ခွေးတိုးပေါက်တော်တော်များများကို မပိတ်မိဘူးပေါ့
သံသရာက ရှည်ပြီးရင်းထပ်ရှည် လူ့အလိုနတ်မလိုက်နိုင်အောင်ရှည်
ကြိုးတန်းပေါ်မှာ ချိတ်တွေ ပိုနေသေးတယ်
ကြိုးတန်းဘေးက သစ်ပင်အောက်မှာ ခုံတန်းလေးရှိသေးတယ်
ဘယ်သူ့ကိုမှဖိတ်ခေါ်မှာမဟုတ်ဘဲ ငြင်းလွှတ်မှာလည်းမဟုတ်တဲ့နေရာ
အဆင်ပြေရင် ဘုရားသခင်နဲ့လည်း စကားထာဝှက်တမ်းကစားလို့ရတယ်။

လင်းအိမ်ငယ်
၃၀  မတ်  ၂၀၁၇

နွလံုးသား အခ်ပ္ပို

Zawgyi version

ႏွလုံးသား အခ်ပ္ပို
***************
႐ူးသြပ္ေနျခင္းက
ၾကယ္ေတြကိုေရတြက္ေနသလို ၊
ေနျမင့္ေလအ႐ူးရင့္ေလေလ
အျပင္မွာမိုးကသဲေနေတာ့
အခန္းက်ဥ္းက်ဥ္းထဲ စိတၱဇဆန္ဆန္ ။
အလြမ္းေတြထည့္ေဖ်ာ္ထားတဲ့ညေတြနဲ႕
သတိရျခင္းတပိုင္းျဖစ္ေနတဲ့ ေန႕ေတြမွာ
ငါ့ရဲ႕အလိုမက်မႈက သူမအနားက လိပ္ျပာေတြ ၊
ျဖစ္ခ်င္တာျဖစ္ဖို႔အတြက္ လုပ္ခ်င္ရာလုပ္လို႔မရေတာ့
အခ်စ္က လိုသေလာက္ခရီးမေပါက္ခဲ့ဘူး ။
ငါက သူမေရးသားေနတဲ့စာမ်က္ႏွာေတြမွာ အခ်ပ္ပိုေလးပါ
လိုရင္လိုသလို မလိုရင္ဥေပကၡာျပဳ ခံထားရတာေတာင္
ကိုယ့္မာန ကိုယ့္သိကၡာကို ကိုယ္တိုင္ေဈးေလ်ာ့ထားရင္း
သူမရဲ႕အလွျပဓာတ္ပုံေလးကို ခဏခဏထုတ္ၾကည့္ေနခဲ့တယ္ ။ 
                                လေရာင္ဦး -တမူး

Unicode version

နှလုံးသား အချပ်ပို
***************
ရူးသွပ်နေခြင်းက
ကြယ်တွေကိုရေတွက်နေသလို ၊
နေမြင့်လေအရူးရင့်လေလေ
အပြင်မှာမိုးကသဲနေတော့
အခန်းကျဉ်းကျဉ်းထဲ စိတ္တဇဆန်ဆန် ။
အလွမ်းတွေထည့်ဖျော်ထားတဲ့ညတွေနဲ့
သတိရခြင်းတပိုင်းဖြစ်နေတဲ့ နေ့တွေမှာ
ငါ့ရဲ့အလိုမကျမှုက သူမအနားက လိပ်ပြာတွေ ၊
ဖြစ်ချင်တာဖြစ်ဖို့အတွက် လုပ်ချင်ရာလုပ်လို့မရတော့
အချစ်က လိုသလောက်ခရီးမပေါက်ခဲ့ဘူး ။
ငါက သူမရေးသားနေတဲ့စာမျက်နှာတွေမှာ အချပ်ပိုလေးပါ
လိုရင်လိုသလို မလိုရင်ဥပေက္ခာပြု ခံထားရတာတောင်
ကိုယ့်မာန ကိုယ့်သိက္ခာကို ကိုယ်တိုင်ဈေးလျော့ထားရင်း
သူမရဲ့အလှပြဓာတ်ပုံလေးကို ခဏခဏထုတ်ကြည့်နေခဲ့တယ် ။ 
                                လရောင်ဦး -တမူး

ဇာတိအလြမ္း

Zawgyi version

ဇာတိအလြမ္း
။။။။။။။။။။။။။။။။။။။။

ေ႐ႊမန္းေတာင္ ေျမာက္တလႊားက
တစ္ေထာက္နား စခန္းသာ
ၿမိဳ႕မတၱရာ။

တစ္ႏွစ္ရယ္တစ္ခါ
ျပန္ပါမယ့္ရည္မွန္းး။

ဇာတိ​ေျမ ေမြးအရပ္ကိုလ
ဗ်ာဓိေပြ ေဆြးလ်က္ကယ္ႏွင့္
ေျပးထြက္ကာ မလွမ္းႏိုင္ေတာ့
ေဝးးလ်က္သာလြမ္းး။ ။

ျမစ္႐ိုး
30-3-2017

Unicode version

ဇာတိအလွမ်း
။။။။။။။။။။။။။။။။။။။။

ရွှေမန်းတောင် မြောက်တလွှားက
တစ်ထောက်နား စခန်းသာ
မြို့မတ္တရာ။

တစ်နှစ်ရယ်တစ်ခါ
ပြန်ပါမယ့်ရည်မှန်းး။

ဇာတိမြေ မွေးအရပ်ကိုလ
ဗျာဓိပွေ ဆွေးလျက်ကယ်နှင့်
ပြေးထွက်ကာ မလှမ်းနိုင်တော့
ဝေးးလျက်သာလွမ်းး။ ။

မြစ်ရိုး
30-3-2017

အ႐ူး

Zawgyi version

အ႐ူး

သူ႔ဘာသာသူေလွ်ာက္ေရးထားတဲ့ဟာႀကီးကိုငါကက်က်နနဖတ္မိတယ္

ေလွ်ာက္ေရးေတြရမယ္ေလွ်ာက္ေရးေတြရမယ္
စိတ္ကူးယဥ္ဝါဒေတြရမယ္စိတ္ကူးယဥ္ၾကမယ္
လက္ေတြ႕မရွိေတြရမယ္လို႔ေအာ္ေျပာသြားေသးတယ္

တဟားဟားလည္းေအာ္ရယ္သြားေသးတယ္
ၿပီးေတာ့ကိုယ့္ေဘးနားကထထြက္သြားတယ္

ကိုယ္စဥ္းစားတယ္
တစ္ေယာက္တည္းက်န္ခဲ့တယ္။

သြယ္ဘ
2932017

Unicode version
အရူး

သူ့ဘာသာသူလျှောက်ရေးထားတဲ့ဟာကြီးကိုငါကကျကျနနဖတ်မိတယ်

လျှောက်ရေးတွေရမယ်လျှောက်ရေးတွေရမယ်
စိတ်ကူးယဉ်ဝါဒတွေရမယ်စိတ်ကူးယဉ်ကြမယ်
လက်တွေ့မရှိတွေရမယ်လို့အော်ပြောသွားသေးတယ်

တဟားဟားလည်းအော်ရယ်သွားသေးတယ်
ပြီးတော့ကိုယ့်ဘေးနားကထထွက်သွားတယ်

ကိုယ်စဉ်းစားတယ်
တစ်ယောက်တည်းကျန်ခဲ့တယ်။

သွယ်ဘ
2932017

Wednesday, March 29, 2017

လြမ္းဆြတ္ျခင္းအခြံ႕ပါးေလးထဲမွာ ငါတို႔ေနထိုင္ၾကတယ္

Zawgyi version

လြမ္းဆြတ္ျခင္းအခြံ႕ပါးေလးထဲမွာ ငါတို႔ေနထိုင္ၾကတယ္
_____________________________________

လမ္းေတြဟာ ေရြ႕ေန အေရြ႕ကိုဖီဆန္ၿပီး ေရြ႕ေနခဲ့
ဆိုေတာ့ ႐ုတ္တရက္ကီးခ်ိန္းသြားတဲ့သီခ်င္းမွာ သတၳဳေတြနစ္ေမ်ာ
စြဲလန္းစိတ္ေသာက္ၿပီးေသတဲ့လူေတြနဲ႔ တစ္ကမာၻထဲလူျဖစ္ေနရတာ လူျဖစ္႐ံႈးပါ့
ျဖစ္တည္မႈမွန္ရင္ ေရြ႕မယ္ နာရီလက္တံေလးေတြလည္ေနတာ ပ်င္းလို႔မဟုတ္ဘူး
နယ္ေျမေတြကက်ယ္လြန္းတယ္ သတ္သူမရွိတဲ့ေသသူမွာ သဲလြန္စေတြအျပည့္
ပါရီမွာ နယူးေယာ့ခ္မွာ ပ်ဥ္းမနားမွာ အခန္းက်ဥ္းေလးထဲမွာ
မီးခိုးေတြဟာ ေအာက္ဆီဂ်င္ထက္လွေနရင္ အဲ့ဒါ အႏုပညာပဲ
ညေတြထဲ မ်က္ဝန္းေတြလမ္းသလားလို႔ အိပ္မက္နယ္ဆံုးထိ မရပ္ခဲ့
ၿမိဳ႕မၿငိမ္းရဲ႕သီခ်င္းကို ကတ္ကိုဘိန္းက ဂစ္တာေပၚတင္ေနတယ္
ႏွင္းဆီရဲ႕စူးေတြက သူ႕႐ိုးတံသူျပန္ေဖာက္သြားသလိုမ်ိဳး
အႏုပညာက ေသြးကိုဆာတယ္ အသက္ကိုဆာတယ္
စမ္းေခ်ာင္းတစ္ခုကျပန္လာတဲ့အလင္းတန္းမွာ ငါးေတြ ေကာင္းကင္ဆီကူးခတ္
ၿမိဳ႕ေလးကိုဝန္းရံထားတဲ့ငါးေတြက အႏုပညာကို ခ်စ္ၾကတယ္။

လင္းအိမ္ငယ္
၂၉  မတ္  ၂၀၁၇

Unicode version

လွမ်းဆွတ်ခြင်းအခွံ့ပါးလေးထဲမှာ ငါတို့နေထိုင်ကြတယ်
___________________________________________

လမ်းတွေဟာ ရွေ့နေ အရွေ့ကိုဖီဆန်ပြီး ရွေ့နေခဲ့
ဆိုတော့ ရုတ်တရက်ကီးချိန်းသွားတဲ့သီချင်းမှာ သတ္ထုတွေနစ်မျော
စွဲလန်းစိတ်သောက်ပြီးသေတဲ့လူတွေနဲ့ တစ်ကမ္ဘာထဲလူဖြစ်နေရတာ လူဖြစ်ရှုံးပါ့
ဖြစ်တည်မှုမှန်ရင် ရွေ့မယ် နာရီလက်တံလေးတွေလည်နေတာ ပျင်းလို့မဟုတ်ဘူး
နယ်မြေတွေကကျယ်လွန်းတယ် သတ်သူမရှိတဲ့သေသူမှာ သဲလွန်စတွေအပြည့်
ပါရီမှာ နယူးယော့ခ်မှာ ပျဉ်းမနားမှာ အခန်းကျဉ်းလေးထဲမှာ
မီးခိုးတွေဟာ အောက်ဆီဂျင်ထက်လှနေရင် အဲ့ဒါ အနုပညာပဲ
ညတွေထဲ မျက်ဝန်းတွေလမ်းသလားလို့ အိပ်မက်နယ်ဆုံးထိ မရပ်ခဲ့
မြို့မငြိမ်းရဲ့သီချင်းကို ကတ်ကိုဘိန်းက ဂစ်တာပေါ်တင်နေတယ်
နှင်းဆီရဲ့စူးတွေက သူ့ရိုးတံသူပြန်ဖောက်သွားသလိုမျိုး
အနုပညာက သွေးကိုဆာတယ် အသက်ကိုဆာတယ်
စမ်းချောင်းတစ်ခုကပြန်လာတဲ့အလင်းတန်းမှာ ငါးတွေ ကောင်းကင်ဆီကူးခတ်
မြို့လေးကိုဝန်းရံထားတဲ့ငါးတွေက အနုပညာကို ချစ်ကြတယ်။

လင်းအိမ်ငယ်
၂၉  မတ်  ၂၀၁၇

Tuesday, March 28, 2017

သတၱဳရည္ေတြနဲ႔ အိပ္တန္းေပၚက လူ

Zawgyi version

သတၱဳရည္ေတြနဲ႔ အိပ္တန္းေပၚက လူ
==========================

အရည္ေပ်ာ္ေနတဲ့လမ္းမေတြ စီးဆင္းေနၾက
အိမ္ျပန္ခ်ိန္တခ်ိဳ႕ဟာ မီးသင့္ေက်ာက္ေတြလိုနာက်င္ေန
မိသားစုမီးခြက္မွာ ေရနံဆီျဖည့္ရအံုးမယ္
မၾကာခင္ဆို အေမွာင္က ေလာကႀကီးအေပၚရြာခ်ေတာ့မယ္
ပ်င္းရိဖြယ္ေန႔ရက္အခ်ိဳ႕မွာဆို ေလျပင္းေတြ ေအာ္ဟစ္ေသာင္းၾကမ္းလို႔
ေက်ာက္မီးေသြးမႈန္႔ေတြနဲ႔ အသက္ဆက္ရွင္ေနၾက
အသက္႐ႈသံထက္ ေခ်ာင္းဆိုးသံက အႀကိမ္ေရပိုမ်ား
ေအးစက္ေနတဲ့အာလူးတစ္ျခမ္း
မီးေသစျပဳေနတဲ့မီးလင္းဖိုတစ္ခု
ေျမႀကီးကိုခင္းၿပီး ေခ်ာင္းဆိုးသံကိုၿခံဳအိပ္ေနတဲ့မိသားတစ္စု
အိပ္မက္မဲ့တဲ့အိပ္စက္ျခင္းမွာ
အိပ္မက္ကို စာလံုးမေပါင္းရဲၾက။

လင္းအိမ္ငယ္
၂၈  မတ္  ၂၀၁၇

Unicode version

သတ္တုရည်တွေနဲ့ အိပ်တန်းပေါ်က လူ
==========================

အရည်ပျော်နေတဲ့လမ်းမတွေ စီးဆင်းနေကြ
အိမ်ပြန်ချိန်တချို့ဟာ မီးသင့်ကျောက်တွေလိုနာကျင်နေ
မိသားစုမီးခွက်မှာ ရေနံဆီဖြည့်ရအုံးမယ်
မကြာခင်ဆို အမှောင်က လောကကြီးအပေါ်ရွာချတော့မယ်
ပျင်းရိဖွယ်နေ့ရက်အချို့မှာဆို လေပြင်းတွေ အော်ဟစ်သောင်းကြမ်းလို့
ကျောက်မီးသွေးမှုန့်တွေနဲ့ အသက်ဆက်ရှင်နေကြ
အသက်ရှုသံထက် ချောင်းဆိုးသံက အကြိမ်ရေပိုများ
အေးစက်နေတဲ့အာလူးတစ်ခြမ်း
မီးသေစပြုနေတဲ့မီးလင်းဖိုတစ်ခု
မြေကြီးကိုခင်းပြီး ချောင်းဆိုးသံကိုခြုံအိပ်နေတဲ့မိသားတစ်စု
အိပ်မက်မဲ့တဲ့အိပ်စက်ခြင်းမှာ
အိပ်မက်ကို စာလုံးမပေါင်းရဲကြ။

လင်းအိမ်ငယ်
၂၈  မတ်  ၂၀၁၇

ပီယေဆး

Zawgyi version

ပီယေဆး
။။။။။။။။။။။။။။။။။။

ခ်စ္ရသူ ေျခဖဝါးေအာက္က
ေျမသားကို ေက်ာခင္းအိပ္ရင္ျဖင့္
ခ်စ္သူစိတ္ ၫြတ္လိမ့္မယ္။

ေဖာ္သင္းေဆြ တစ္ေယာက္စကားရယ္ေၾကာင့္
ေမွ်ာ္ရင္းေလ ေျခေထာက္အသြားကိုျဖင့္
ေစာင့္စားၾကည့္တယ္။

အခ်စ္႐ူးပါဘိ
ျဖစ္ဖူးသူ စာနာႏိုင္လိမ့္
ေျခဖဝါးရာ ေျမသားမႈန္ကေလးကို
တုန္မေႏွး ေျပးလို႔ရယ္
ေထြးဖို႔ကြယ္ ျမတ္တႏိုး။

အိပ္ရာကိုခင္း
ခ်စ္ရသူ ေျခမႈန္နင္းကို
ဖိစင္းကာ ေက်ာခင္းအိပ္ေသာ္လည္း
အတိတ္ကံ အေၾကာင္းမလွတယ္
ကြယ္..........
ေပါင္းရကံဆိုး။       ။

ျမစ္႐ိုး
28-3-2017

Unicode version

ပီယဆေး
။။။။။။။။။။။။။။။။။။

ချစ်ရသူ ခြေဖဝါးအောက်က
မြေသားကို ကျောခင်းအိပ်ရင်ဖြင့်
ချစ်သူစိတ် ညွတ်လိမ့်မယ်။

ဖော်သင်းဆွေ တစ်ယောက်စကားရယ်ကြောင့်
မျှော်ရင်းလေ ခြေထောက်အသွားကိုဖြင့်
စောင့်စားကြည့်တယ်။

အချစ်ရူးပါဘိ
ဖြစ်ဖူးသူ စာနာနိုင်လိမ့်
ခြေဖဝါးရာ မြေသားမှုန်ကလေးကို
တုန်မနှေး ပြေးလို့ရယ်
ထွေးဖို့ကွယ် မြတ်တနိုး။

အိပ်ရာကိုခင်း
ချစ်ရသူ ခြေမှုန်နင်းကို
ဖိစင်းကာ ကျောခင်းအိပ်သော်လည်း
အတိတ်ကံ အကြောင်းမလှတယ်
ကွယ်..........
ပေါင်းရကံဆိုး။       ။

မြစ်ရိုး
28-3-2017

Monday, March 27, 2017

ထာဝရ အ႐ွံုးသမား

Zawgyi Version

ထာဝရအရႈံး
!!!!!!!!!!!!!!!!!!!!!!!!!!!
အရႈံးအျမတ္တြက္မထားသူမို႔ ေပးဆပ္ျခင္းသက္သက္
တာေနာရကၡဘီလူးလို ခ်စ္ပါတယ္
ဦးေခါင္းအမ်ားႀကီးပါတဲ့
ဘီလူးလို  ခ်စ္ပါတယ္ ။
တဖက္သတ္ဆိုေတာ့လည္း အဆုံးသတ္ေတြညံ့မယ္ဆိုတာ
မိုးေကာင္းကင္က ၾကယ္ပြင့္ေလးေျပာျပထားၿပီးၿပီ ၊
ဆင္ကန္းေတာတိုးလို႔ ေျပာရမလား
မ်က္ကန္းတေစၦမေၾကာက္လို႔ ေျပာရမလား
ဒါမွမဟုတ္ မိုက္႐ူးရဲဆန္တဲ့ ပိုးဖလံေလးလား
သူမနဲ႕ပတ္သက္ၿပီးကတည္းက ငါ့ကိုယ္ငါဘာတံဆိပ္ကပ္ရမွန္း
မသိဘူး ၊
ေသခ်ာတာက အိပ္ေရးေတြပ်က္လို႔ အစားေတြပ်က္လာ
တယ္ ။
အခ်စ္က ဟန္ေဆာင္ေကာင္းၿပီး မာယာမ်ားတတ္တဲ့သူကိုပဲ
အနိုင္ေပးတာလား ..........
ဒါဆို ငါကထာ၀ရအရႈံးသမားပါ ၊
ဒီဘဝမွာ ေထြးပိုက္ခြင့္မရလိုက္လို႔
ေနာင္ဘဝအတြက္ နမ္းရွိုက္ခြင့္ရေအာင္ေတာ့ ဆုေတာင္းခြင့္ျပဳ ပါ
ငါဟာ ပကာဓနမဲ့တဲ့ ထာ၀ရအရႈံးသမားမို႔ .......။.       ။
                                               လေရာင္ဦး- တမူး

Unicode version

ထာဝရအရှုံး
!!!!!!!!!!!!!!!!!!!!!!!!!!!
အရှုံးအမြတ်တွက်မထားသူမို့ ပေးဆပ်ခြင်းသက်သက်
တာနောရက္ခဘီလူးလို ချစ်ပါတယ်
ဦးခေါင်းအများကြီးပါတဲ့
ဘီလူးလို  ချစ်ပါတယ် ။
တဖက်သတ်ဆိုတော့လည်း အဆုံးသတ်တွေညံ့မယ်ဆိုတာ
မိုးကောင်းကင်က ကြယ်ပွင့်လေးပြောပြထားပြီးပြီ ၊
ဆင်ကန်းတောတိုးလို့ ပြောရမလား
မျက်ကန်းတစ္ဆေမကြောက်လို့ ပြောရမလား
ဒါမှမဟုတ် မိုက်ရူးရဲဆန်တဲ့ ပိုးဖလံလေးလား
သူမနဲ့ပတ်သက်ပြီးကတည်းက ငါ့ကိုယ်ငါဘာတံဆိပ်ကပ်ရမှန်း
မသိဘူး ၊
သေချာတာက အိပ်ရေးတွေပျက်လို့ အစားတွေပျက်လာ
တယ် ။
အချစ်က ဟန်ဆောင်ကောင်းပြီး မာယာများတတ်တဲ့သူကိုပဲ
အနိုင်ပေးတာလား ..........
ဒါဆို ငါကထာ၀ရအရှုံးသမားပါ ၊
ဒီဘဝမှာ ထွေးပိုက်ခွင့်မရလိုက်လို့
နောင်ဘဝအတွက် နမ်းရှိုက်ခွင့်ရအောင်တော့ ဆုတောင်းခွင့်ပြု ပါ
ငါဟာ ပကာဓနမဲ့တဲ့ ထာ၀ရအရှုံးသမားမို့ .......။.       ။
                                               လရောင်ဦး- တမူး

အို တပ္မေတာ္

Zawgyi version

အို တပ္မေတာ္
။။။။။။။။။။။။။။။။။။။။

အို တပ္မေတာ္၊ ျပည့္ရဲေဘာ္သည္
က်ဴးေက်ာ္ဝါဒ၊ ေခ်မႈန္းျပသည္
အာဂေယာက်္ားေကာင္းတကား။

အို တပ္မေတာ္၊ ျပည့္ရဲေဘာ္သည္
က်ဴး​ေက်ာ္​ဖက္ဆစ္၊ တိုက္ထုတ္ပစ္သည္
ျပည္ခ်စ္သားေကာင္းမ်ားတကား။

အို တပ္မေတာ္၊ ျပည့္ရဲေဘာ္တို႔
ေလာ္မာေဖာက္ျပား၊ မစိမ္းကားႏွင့္
ျပည့္အားထားရာ၊ စြမ္းေဆာင္ပါေလာ့။

အို တပ္မေတာ္၊ ျပည့္ရဲေဘာ္တို႔
အေဖာ္ေဆြမြန္၊ ျပည္သူ႔ကြၽန္ဟု
က်ိဳးႏြံ႐ိုက်ိဳး၊ သယ္ပိုးပါေလာ့။

ျပည္သူ႔ဘက္က၊ ရပ္တည္ၾကလွ်င္
ျပည္သူကလည္း၊ ခ်စ္ျမဲသာတည့္။

ျပည္သူ႔အက်ိဳး၊ ႐ြက္သယ္ပိုးလွ်င္
ျပည္သူျမတ္ႏိုး၊ လြန္အားကိုး၏။

သမိုင္းစဥ္လာ၊ ဂုဏ္ထည္ဝါျဖင့္
ဖြားကာျဖစ္တည္၊ အို စစ္သည္တို႔
တိုင္းျပည္ဂုဏ္ျမႇင့္၊ သေရတင့္ေအာင္
က်င့္ၾကံပါေလာ့ က်င့္ပါေလာ့။     ။

ျမစ္႐ိုး
27-3-2017

Uni version

အို တပ်မတော်
။။။။။။။။။။။။။။။။။။။။

အို တပ်မတော်၊ ပြည့်ရဲဘော်သည်
ကျူးကျော်ဝါဒ၊ ချေမှုန်းပြသည်
အာဂယောကျ်ားကောင်းတကား။

အို တပ်မတော်၊ ပြည့်ရဲဘော်သည်
ကျူးကျော်ဖက်ဆစ်၊ တိုက်ထုတ်ပစ်သည်
ပြည်ချစ်သားကောင်းများတကား။

အို တပ်မတော်၊ ပြည့်ရဲဘော်တို့
လော်မာဖောက်ပြား၊ မစိမ်းကားနှင့်
ပြည့်အားထားရာ၊ စွမ်းဆောင်ပါလော့။

အို တပ်မတော်၊ ပြည့်ရဲဘော်တို့
အဖော်ဆွေမွန်၊ ပြည်သူ့ကျွန်ဟု
ကျိုးနွံရိုကျိုး၊ သယ်ပိုးပါလော့။

ပြည်သူ့ဘက်က၊ ရပ်တည်ကြလျှင်
ပြည်သူကလည်း၊ ချစ်မြဲသာတည့်။

ပြည်သူ့အကျိုး၊ ရွက်သယ်ပိုးလျှင်
ပြည်သူမြတ်နိုး၊ လွန်အားကိုး၏။

သမိုင်းစဉ်လာ၊ ဂုဏ်ထည်ဝါဖြင့်
ဖွားကာဖြစ်တည်၊ အို စစ်သည်တို့
တိုင်းပြည်ဂုဏ်မြှင့်၊ သရေတင့်အောင်
ကျင့်ကြံပါလော့ ကျင့်ပါလော့။     ။

မြစ်ရိုး
27-3-2017

ဖန္သီၾကဴရင္ခ်စ္တဲ့ ငုယင္ဗန္ထ႐ိြဳင္း

Zawgyi version

ဖန္သီၾကဴရင္ခ်စ္တဲ့ ငုယင္ဗန္ထ႐ိြဳင္း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သူ႔အခ်စ္ဟာ နက္႐ႈိင္းၿပီး ႐ိုးသားပါတယ္
တစ္ခ်ိန္ထဲမွာ သိကၡာ႐ိွၿပီး ပြင့္လင္းတယ္႐ွင့္
ေမာင္ေရ ထ႐ိြဳင္းေရ
ေမာင့္ကို ၾကဴသိပ္ခ်စ္တယ္။

ၾကဴ႕ကို ခြင့္လႊတ္ပါေမာင္
ေမာင္ထြက္သြားတဲ့ညေနက
ၾကဴဟာ ေမာင့္အေပၚ ႐ိုင္းျပမိတယ္၊ စိတ္ဆိုးမိတယ္
ခြင့္လႊတ္ပါေနာ္၊ အဲဒါေတြကို ေမ့ပစ္လိုက္ေနာ္။

က်ဴးေက်ာ္သူေတြကို သတ္ျဖတ္ဖို႔ႀကိဳးစားတဲ့ေနရာမွာ
ျပစ္မႈဆိုတာမ႐ိွဘူး
ေကာင္းမႈပဲ႐ိွတယ္
မက္နာမာရာကို ေဖ်ာက္ဖ်က္သုတ္သင္ပစ္ဖို႔ၾကံစည္တာ
က်ဳပ္တစ္ေယာက္တည္းပဲ
ဘဝတူေတာ္လွန္ေရးသမားေတြအေပၚ သစၥာ႐ိွတဲ့ေမာင္
ေမာင့္ရဲ႕ရဲစြမ္းသတၱိကို ကြၽန္မဂုဏ္ယူတတ္ပါၿပီ။

ေမာင္ ညာေတာ့ညာခဲ့တယ္
အလုပ္႐ွင္က ေမာင့္ကို
အေတာ္ခက္ခဲ႐ႈပ္ေထြးတဲ့ လွ်ပ္စစ္စက္တစ္လုံးျပင္ဖို႔
ခိုင္းထားတယ္ကြာတဲ့
အေမရိကန္ကာကြယ္ေရးဝန္ႀကီး မက္နာမာရာကို လုပ္ၾကံဖို႔
ႀကိဳးစားေနတယ္ဆိုတာ မေျပာခဲ့ဘူး၊
ကြၽန္မနာမည္ "ၾကဴ"အတိုေကာက္အကၡရာပါတဲ့ လက္စြပ္ကို
အလုပ္ခြင္မွာ မေတာ္တဆ ဒီိလက္ေခ်ာင္းျပတ္သြားမွပဲ
ေမာင့္လက္နဲ႔ ဒီလက္စြပ္ ကင္းကြာရေတာ့မွာဆို၊
ေမာင့္လက္စြပ္ကို ေမာင္ေရာင္းစားခဲ့ရတယ္ၾကဴေရ
ဗုံးျမႇဳပ္ဖို႔ ေမာင္သြားတဲ့ေန႔က
ဝိုင္ယာႀကိဳးေတြ လိုေနတယ္ကြယ့္
အလုပ္လုပ္ရာမွာ  ႐ႈပ္လို႔ခြၽတ္ထားတယ္လို႔ ေျပာခဲ့မိပါတယ္
ေမာင့္ကို စိတ္ဆိုးသလားဟင္တဲ့
ၾကဴဟာ သိပ္ကို မသိသားဆိုးဝါးခဲ့ပါတယ္ေမာင္။

ေမာင့္အသက္ ၁၉ႏွစ္
ကြၽန္မတို႔ လက္ထပ္ၿပီးစ ၁၉ရက္ေျမာက္မွာပဲ
ေမာင့္ကို ဖမ္းသြားၾကတယ္
ေနာက္ေတာ့
အဖဗီယက္နမ္ရဲ႕ အာဇာနည္သူရဲေကာင္းကို သတ္ပစ္လိုက္ၾကတယ္။

ေမာင့္ခႏၶာကိုယ္အတြင္း
က်ည္ဆံ ၁၂ေတာင့္မပစ္သြင္းမီ
ေမာင္က မ်က္စိေပၚကပိတ္စနက္ကို ဖယ္႐ွားခဲ့တယ္၊ ေႂကြးေၾကာ္ခဲ့တယ္
"နယ္ခ်ဲ့စနစ္ က်ဆုံးပါေစ"
"ဟိုခ်ီမင္း သက္ေတာ္ရာေက်ာ္႐ွည္ပါေစ"
"ဗီယက္နမ္ အဓြန္႔႐ွည္ပါေစ"။

ကြၽန္မေယာက်္ားကို ႐ွင္တို႔မသတ္ရဘူး၊ မသတ္ႏိုင္ဘူး
ကြၽန္မကို သူနဲ႔ေတြ႔ခြင့္ေပးရမယ္
ေမာင္ေရ
ေမာင္ေရ
ထ႐ိြဳင္းေရ ။        ။

ရင္႐ိုး
6-11-2016

ေမာင္လင္းယုန္(႐ွမ္းျပည္)ရဲ႕ "ဇာနည္ခ်စ္လင္ ငုယင္ဗန္ထ႐ိြဳင္း"စာအုပ္ကို ဖတ္႐ႈခံစားေရးဖြဲ႔ပါတယ္။

Unicode version

ဖန်သီကြူရင်ချစ်တဲ့ ငုယင်ဗန်ထရွိုင်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

သူ့အချစ်ဟာ နက်ရှိုင်းပြီး ရိုးသားပါတယ်
တစ်ချိန်ထဲမှာ သိက္ခာရှိပြီး ပွင့်လင်းတယ်ရှင့်
မောင်ရေ ထရွိုင်းရေ
မောင့်ကို ကြူသိပ်ချစ်တယ်။

ကြူ့ကို ခွင့်လွှတ်ပါမောင်
မောင်ထွက်သွားတဲ့ညနေက
ကြူဟာ မောင့်အပေါ် ရိုင်းပြမိတယ်၊ စိတ်ဆိုးမိတယ်
ခွင့်လွှတ်ပါနော်၊ အဲဒါတွေကို မေ့ပစ်လိုက်နော်။

ကျူးကျော်သူတွေကို သတ်ဖြတ်ဖို့ကြိုးစားတဲ့နေရာမှာ
ပြစ်မှုဆိုတာမရှိဘူး
ကောင်းမှုပဲရှိတယ်
မက်နာမာရာကို ဖျောက်ဖျက်သုတ်သင်ပစ်ဖို့ကြံစည်တာ
ကျုပ်တစ်ယောက်တည်းပဲ
ဘဝတူတော်လှန်ရေးသမားတွေအပေါ် သစ္စာရှိတဲ့မောင်
မောင့်ရဲ့ရဲစွမ်းသတ္တိကို ကျွန်မဂုဏ်ယူတတ်ပါပြီ။

မောင် ညာတော့ညာခဲ့တယ်
အလုပ်ရှင်က မောင့်ကို
အတော်ခက်ခဲရှုပ်ထွေးတဲ့ လျှပ်စစ်စက်တစ်လုံးပြင်ဖို့
ခိုင်းထားတယ်ကွာတဲ့
အမေရိကန်ကာကွယ်ရေးဝန်ကြီး မက်နာမာရာကို လုပ်ကြံဖို့
ကြိုးစားနေတယ်ဆိုတာ မပြောခဲ့ဘူး၊
ကျွန်မနာမည် "ကြူ"အတိုကောက်အက္ခရာပါတဲ့ လက်စွပ်ကို
အလုပ်ခွင်မှာ မတော်တဆ ဒီလက်ချောင်းပြတ်သွားမှပဲ
မောင့်လက်နဲ့ ဒီလက်စွပ် ကင်းကွာရတော့မှာဆို၊
မောင့်လက်စွပ်ကို မောင်ရောင်းစားခဲ့ရတယ်ကြူရေ
ဗုံးမြှုပ်ဖို့ မောင်သွားတဲ့နေ့က
ဝိုင်ယာကြိုးတွေ လိုနေတယ်ကွယ့်
အလုပ်လုပ်ရာမှာ  ရှုပ်လို့ချွတ်ထားတယ်လို့ ပြောခဲ့မိပါတယ်
မောင့်ကို စိတ်ဆိုးသလားဟင်တဲ့
ကြူဟာ သိပ်ကို မသိသားဆိုးဝါးခဲ့ပါတယ်မောင်။

မောင့်အသက် ၁၉နှစ်
ကျွန်မတို့ လက်ထပ်ပြီးစ ၁၉ရက်မြောက်မှာပဲ
မောင့်ကို ဖမ်းသွားကြတယ်
နောက်တော့
အဖဗီယက်နမ်ရဲ့ အာဇာနည်သူရဲကောင်းကို သတ်ပစ်လိုက်ကြတယ်။

မောင့်ခန္ဓာကိုယ်အတွင်း
ကျည်ဆံ ၁၂တောင့်မပစ်သွင်းမီ
မောင်က မျက်စိပေါ်ကပိတ်စနက်ကို ဖယ်ရှားခဲ့တယ်၊ ကြွေးကြော်ခဲ့တယ်
"နယ်ချဲ့စနစ် ကျဆုံးပါစေ"
"ဟိုချီမင်း သက်တော်ရာကျော်ရှည်ပါစေ"
"ဗီယက်နမ် အဓွန့်ရှည်ပါစေ"။

ကျွန်မယောကျ်ားကို ရှင်တို့မသတ်ရဘူး၊ မသတ်နိုင်ဘူး
ကျွန်မကို သူနဲ့တွေ့ခွင့်ပေးရမယ်
မောင်ရေ
မောင်ရေ
ထရွိုင်းရေ ။        ။

ရင်ရိုး
6-11-2016

မောင်လင်းယုန်(ရှမ်းပြည်)ရဲ့ "ဇာနည်ချစ်လင် ငုယင်ဗန်ထရွိုင်း"စာအုပ်ကို ဖတ်ရှုခံစားရေးဖွဲ့ပါတယ်။