Wednesday, March 29, 2017

လြမ္းဆြတ္ျခင္းအခြံ႕ပါးေလးထဲမွာ ငါတို႔ေနထိုင္ၾကတယ္

Zawgyi version

လြမ္းဆြတ္ျခင္းအခြံ႕ပါးေလးထဲမွာ ငါတို႔ေနထိုင္ၾကတယ္
_____________________________________

လမ္းေတြဟာ ေရြ႕ေန အေရြ႕ကိုဖီဆန္ၿပီး ေရြ႕ေနခဲ့
ဆိုေတာ့ ႐ုတ္တရက္ကီးခ်ိန္းသြားတဲ့သီခ်င္းမွာ သတၳဳေတြနစ္ေမ်ာ
စြဲလန္းစိတ္ေသာက္ၿပီးေသတဲ့လူေတြနဲ႔ တစ္ကမာၻထဲလူျဖစ္ေနရတာ လူျဖစ္႐ံႈးပါ့
ျဖစ္တည္မႈမွန္ရင္ ေရြ႕မယ္ နာရီလက္တံေလးေတြလည္ေနတာ ပ်င္းလို႔မဟုတ္ဘူး
နယ္ေျမေတြကက်ယ္လြန္းတယ္ သတ္သူမရွိတဲ့ေသသူမွာ သဲလြန္စေတြအျပည့္
ပါရီမွာ နယူးေယာ့ခ္မွာ ပ်ဥ္းမနားမွာ အခန္းက်ဥ္းေလးထဲမွာ
မီးခိုးေတြဟာ ေအာက္ဆီဂ်င္ထက္လွေနရင္ အဲ့ဒါ အႏုပညာပဲ
ညေတြထဲ မ်က္ဝန္းေတြလမ္းသလားလို႔ အိပ္မက္နယ္ဆံုးထိ မရပ္ခဲ့
ၿမိဳ႕မၿငိမ္းရဲ႕သီခ်င္းကို ကတ္ကိုဘိန္းက ဂစ္တာေပၚတင္ေနတယ္
ႏွင္းဆီရဲ႕စူးေတြက သူ႕႐ိုးတံသူျပန္ေဖာက္သြားသလိုမ်ိဳး
အႏုပညာက ေသြးကိုဆာတယ္ အသက္ကိုဆာတယ္
စမ္းေခ်ာင္းတစ္ခုကျပန္လာတဲ့အလင္းတန္းမွာ ငါးေတြ ေကာင္းကင္ဆီကူးခတ္
ၿမိဳ႕ေလးကိုဝန္းရံထားတဲ့ငါးေတြက အႏုပညာကို ခ်စ္ၾကတယ္။

လင္းအိမ္ငယ္
၂၉  မတ္  ၂၀၁၇

Unicode version

လွမ်းဆွတ်ခြင်းအခွံ့ပါးလေးထဲမှာ ငါတို့နေထိုင်ကြတယ်
___________________________________________

လမ်းတွေဟာ ရွေ့နေ အရွေ့ကိုဖီဆန်ပြီး ရွေ့နေခဲ့
ဆိုတော့ ရုတ်တရက်ကီးချိန်းသွားတဲ့သီချင်းမှာ သတ္ထုတွေနစ်မျော
စွဲလန်းစိတ်သောက်ပြီးသေတဲ့လူတွေနဲ့ တစ်ကမ္ဘာထဲလူဖြစ်နေရတာ လူဖြစ်ရှုံးပါ့
ဖြစ်တည်မှုမှန်ရင် ရွေ့မယ် နာရီလက်တံလေးတွေလည်နေတာ ပျင်းလို့မဟုတ်ဘူး
နယ်မြေတွေကကျယ်လွန်းတယ် သတ်သူမရှိတဲ့သေသူမှာ သဲလွန်စတွေအပြည့်
ပါရီမှာ နယူးယော့ခ်မှာ ပျဉ်းမနားမှာ အခန်းကျဉ်းလေးထဲမှာ
မီးခိုးတွေဟာ အောက်ဆီဂျင်ထက်လှနေရင် အဲ့ဒါ အနုပညာပဲ
ညတွေထဲ မျက်ဝန်းတွေလမ်းသလားလို့ အိပ်မက်နယ်ဆုံးထိ မရပ်ခဲ့
မြို့မငြိမ်းရဲ့သီချင်းကို ကတ်ကိုဘိန်းက ဂစ်တာပေါ်တင်နေတယ်
နှင်းဆီရဲ့စူးတွေက သူ့ရိုးတံသူပြန်ဖောက်သွားသလိုမျိုး
အနုပညာက သွေးကိုဆာတယ် အသက်ကိုဆာတယ်
စမ်းချောင်းတစ်ခုကပြန်လာတဲ့အလင်းတန်းမှာ ငါးတွေ ကောင်းကင်ဆီကူးခတ်
မြို့လေးကိုဝန်းရံထားတဲ့ငါးတွေက အနုပညာကို ချစ်ကြတယ်။

လင်းအိမ်ငယ်
၂၉  မတ်  ၂၀၁၇

No comments:

Post a Comment