Wednesday, March 22, 2017

စာမ်က္ႏွာမပါတဲ့စာအုပ္ထဲေပ်ာက္ဆံုးေနတဲ့ပုဒ္မေတြ

Zawgyi version 


စာမ်က္ႏွာမပါတဲ့စာအုပ္ထဲေပ်ာက္ဆံုးေနတဲ့ပုဒ္မေတြ
llllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllll

စာအုပ္တစ္အုပ္ဆီကေညႇာ္နံ႔ထြက္လာတယ္
ေညႇာ္နံ႔ဟာအရသာ၊အေရာင္အဆင္းမေျပာင္းမလဲဆိုသလိုမ်ိဳး
စာအုပ္ထဲမွာ
စာလံုးအေရအတြက္ဘယ္ေလာက္ပါတယ္ဆိုတာမ်ိဳးေတာ့
ဘယ္သူမွမေတြးမိၾကဘူး
ေပ်ာ္ရႊင္ဖြယ္ရာသတင္းက
ေပ်ာ္ရႊင္စရာေတြကိုယ့္ကိုယ္ကိုယ္သတ္ေသသြားႏိုင္တယ္ဆိုတာပဲ
သံဘရပ္႐ွ္ဟာ ၾကမ္း႐ွ
အသံမထြက္လည္းသံဆူးႀကိဳးဟာ
ဆတ္ဆတ္ထိမခံတဲ့ျပည္သူ႔ဘက္ေတာ္သားျဖစ္တယ္
ကေလးေတြလက္ထဲကရီမုဒ္ကြန္ထ႐ိုးဟာ
လူႀကီးေတြၾကည့္ေနၾကတဲ့ကာတြန္းဇာတ္လမ္း
ျပည္သူပိုင္အိမ္သာမွာ
ႏိုင္ငံေတာ္ေဆာင္ပုဒ္ေတြအရည္ေပ်ာ္က်ေနတယ္
ႏိုင္ငံတကာအသိအမွတ္ျပဳတံဆိပ္ဟာ
ႏိုင္ငံသူႏိုင္ငံသားေတြရဲ႕လည္ပင္းမွာတြဲေလာင္းက်ေနတယ္
အစကဘယ္မွာဆံုးၿပီးအဆံုးကဘယ္မွာစမလဲ
ဒါမွမဟုတ္
အဆံုးကဘယ္မွာစၿပီးအစကဘယ္မွာဆံုးမလဲ
ဥပေဒဆိုတဲ့အသံ
စာအုပ္ထဲကေနမထြက္လာေစနဲ႔ဆိုတဲ့
တရား႐ံုးမွာက်မ္းက်ိန္ၾကတုန္းက...။

ေအာင္ကိုကိုလတ္(တမူး)

ကဗ်ာ မဂၢဇင္း အမွတ္(၇)၊၂၀၁၇ မွ


Unicode version


စာမျက်နှာမပါတဲ့စာအုပ်ထဲပျောက်ဆုံးနေတဲ့ပုဒ်မတွေ

llllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllllll


စာအုပ်တစ်အုပ်ဆီကညှော်နံ့ထွက်လာတယ်

ညှော်နံ့ဟာအရသာ၊အရောင်အဆင်းမပြောင်းမလဲဆိုသလိုမျိုး

စာအုပ်ထဲမှာ

စာလုံးအရေအတွက်ဘယ်လောက်ပါတယ်ဆိုတာမျိုးတော့

ဘယ်သူမှမတွေးမိကြဘူး

ပျော်ရွှင်ဖွယ်ရာသတင်းက 

ပျော်ရွှင်စရာတွေကိုယ့်ကိုယ်ကိုယ်သတ်သေသွားနိုင်တယ်ဆိုတာပဲ

သံဘရပ်ရှ်ဟာ ကြမ်းရှ

အသံမထွက်လည်းသံဆူးကြိုးဟာ

ဆတ်ဆတ်ထိမခံတဲ့ပြည်သူ့ဘက်တော်သားဖြစ်တယ်

ကလေးတွေလက်ထဲကရီမုဒ်ကွန်ထရိုးဟာ

လူကြီးတွေကြည့်နေကြတဲ့ကာတွန်းဇာတ်လမ်း

ပြည်သူပိုင်အိမ်သာမှာ

နိုင်ငံတော်ဆောင်ပုဒ်တွေအရည်ပျော်ကျနေတယ်

နိုင်ငံတကာအသိအမှတ်ပြုတံဆိပ်ဟာ

နိုင်ငံသူနိုင်ငံသားတွေရဲ့လည်ပင်းမှာတွဲလောင်းကျနေတယ်

အစကဘယ်မှာဆုံးပြီးအဆုံးကဘယ်မှာစမလဲ

ဒါမှမဟုတ်

အဆုံးကဘယ်မှာစပြီးအစကဘယ်မှာဆုံးမလဲ

ဥပဒေဆိုတဲ့အသံ

စာအုပ်ထဲကနေမထွက်လာစေနဲ့ဆိုတဲ့

တရားရုံးမှာကျမ်းကျိန်ကြတုန်းက...။


အောင်ကိုကိုလတ်(တမူး)


ကဗျာ မဂ္ဂဇင်း အမှတ်(၇)၊၂၀၁၇ မှ




No comments:

Post a Comment