Thursday, March 30, 2017

ၿငီးေငြ႕ဖြယ္ေနေရာင္ျဖာေနတဲ့အခမ္းအနားပတ္လည္

Zawgyi version

ၿငီးေငြ႕ဖြယ္ေနေရာင္ျဖာေနတဲ့အခမ္းအနားပတ္လည္
==========================

ႀကိဳးတန္းတစ္ခုေပၚမွာ စိတ္ကူးတစ္စံုခ်ိတ္လွန္းထားတယ္
အေတြးပူေတြနဲ႔ အေရာင္ေတြလြင့္သြားမလား
မေနကထိေတာ့ အဲ့ဒီစိတ္ကူးက မေျခာက္ေသးဘူး
အေျခအေနအရ သိုးေတြကိုသတ္ျဖတ္စားသံုးလိုက္တယ္
သစ္ပင္ေတြဟာ ကိုင္းဖ်ားကတစ္ဆင့္ ပင္စည္ကိုျပန္ၿပီးၿမိဳလို႔
စိတ္လြင့္ေနသူတစ္ေယာက္ ေျမႀကီးထဲ ေခါင္းတိုးဝင္ေနရွာတယ္
အဲ့ဒီလို မိုးလင္းမိုးခ်ဳပ္ သစ္ရြက္ေတြေႂကြလို႔မဆံုးခဲ့
ဖုန္းျမည္သံတစ္ခုဟာ အသံရွည္ဆြဲဝင္ေရာက္လာၿပီး
စားလက္စဒဏ္ရာတစ္ခုကို ခ်ိတ္တစ္ခုနဲ႔ထပ္ခ်ိတ္လိုက္ျပန္တယ္
ဒီအခ်ိန္ဆို သတင္းစာေတြက ဘာေတြမ်ားေအာ္ေနမလဲ
အၾကမ္းဖ်င္းတြက္ခ်က္မႈအရ ေအာ္သံေတြ အေရာင္းသြက္လာ
ဦးေႏွာက္ျပင္ဆိုင္ထဲလည္း အလုပ္သမားေတြမအားေတာ့
ေခြးတိုးေပါက္ေတာ္ေတာ္မ်ားမ်ားကို မပိတ္မိဘူးေပါ့
သံသရာက ရွည္ၿပီးရင္းထပ္ရွည္ လူ႔အလိုနတ္မလိုက္ႏိုင္ေအာင္ရွည္
ႀကိဳးတန္းေပၚမွာ ခ်ိတ္ေတြ ပိုေနေသးတယ္
ႀကိဳးတန္းေဘးက သစ္ပင္ေအာက္မွာ ခံုတန္းေလးရွိေသးတယ္
ဘယ္သူ႔ကိုမွဖိတ္ေခၚမွာမဟုတ္ဘဲ ျငင္းလႊတ္မွာလည္းမဟုတ္တဲ့ေနရာ
အဆင္ေျပရင္ ဘုရားသခင္နဲ႔လည္း စကားထာဝွတ္တမ္းကစားလို႔ရတယ္။

လင္းအိမ္ငယ္
၃၀  မတ္  ၂၀၁၇

Unicode version
ငြီးငွေ့ဖွယ်နေရောင်ဖြာနေတဲ့အခမ်းအနားပတ်လည်
==========================

ကြိုးတန်းတစ်ခုပေါ်မှာ စိတ်ကူးတစ်စုံချိတ်လှန်းထားတယ်
အတွေးပူတွေနဲ့ အရောင်တွေလွင့်သွားမလား
မနေကထိတော့ အဲ့ဒီစိတ်ကူးက မခြောက်သေးဘူး
အခြေအနေအရ သိုးတွေကိုသတ်ဖြတ်စားသုံးလိုက်တယ်
သစ်ပင်တွေဟာ ကိုင်းဖျားကတစ်ဆင့် ပင်စည်ကိုပြန်ပြီးမြိုလို့
စိတ်လွင့်နေသူတစ်ယောက် မြေကြီးထဲ ခေါင်းတိုးဝင်နေရှာတယ်
အဲ့ဒီလို မိုးလင်းမိုးချုပ် သစ်ရွက်တွေကြွေလို့မဆုံးခဲ့
ဖုန်းမြည်သံတစ်ခုဟာ အသံရှည်ဆွဲဝင်ရောက်လာပြီး
စားလက်စဒဏ်ရာတစ်ခုကို ချိတ်တစ်ခုနဲ့ထပ်ချိတ်လိုက်ပြန်တယ်
ဒီအချိန်ဆို သတင်းစာတွေက ဘာတွေများအော်နေမလဲ
အကြမ်းဖျင်းတွက်ချက်မှုအရ အော်သံတွေ အရောင်းသွက်လာ
ဦးနှောက်ပြင်ဆိုင်ထဲလည်း အလုပ်သမားတွေမအားတော့
ခွေးတိုးပေါက်တော်တော်များများကို မပိတ်မိဘူးပေါ့
သံသရာက ရှည်ပြီးရင်းထပ်ရှည် လူ့အလိုနတ်မလိုက်နိုင်အောင်ရှည်
ကြိုးတန်းပေါ်မှာ ချိတ်တွေ ပိုနေသေးတယ်
ကြိုးတန်းဘေးက သစ်ပင်အောက်မှာ ခုံတန်းလေးရှိသေးတယ်
ဘယ်သူ့ကိုမှဖိတ်ခေါ်မှာမဟုတ်ဘဲ ငြင်းလွှတ်မှာလည်းမဟုတ်တဲ့နေရာ
အဆင်ပြေရင် ဘုရားသခင်နဲ့လည်း စကားထာဝှက်တမ်းကစားလို့ရတယ်။

လင်းအိမ်ငယ်
၃၀  မတ်  ၂၀၁၇

No comments:

Post a Comment