Zawgyi version
ႏွလုံးသား အခ်ပ္ပို
***************
႐ူးသြပ္ေနျခင္းက
ၾကယ္ေတြကိုေရတြက္ေနသလို ၊
ေနျမင့္ေလအ႐ူးရင့္ေလေလ
အျပင္မွာမိုးကသဲေနေတာ့
အခန္းက်ဥ္းက်ဥ္းထဲ စိတၱဇဆန္ဆန္ ။
အလြမ္းေတြထည့္ေဖ်ာ္ထားတဲ့ညေတြနဲ႕
သတိရျခင္းတပိုင္းျဖစ္ေနတဲ့ ေန႕ေတြမွာ
ငါ့ရဲ႕အလိုမက်မႈက သူမအနားက လိပ္ျပာေတြ ၊
ျဖစ္ခ်င္တာျဖစ္ဖို႔အတြက္ လုပ္ခ်င္ရာလုပ္လို႔မရေတာ့
အခ်စ္က လိုသေလာက္ခရီးမေပါက္ခဲ့ဘူး ။
ငါက သူမေရးသားေနတဲ့စာမ်က္ႏွာေတြမွာ အခ်ပ္ပိုေလးပါ
လိုရင္လိုသလို မလိုရင္ဥေပကၡာျပဳ ခံထားရတာေတာင္
ကိုယ့္မာန ကိုယ့္သိကၡာကို ကိုယ္တိုင္ေဈးေလ်ာ့ထားရင္း
သူမရဲ႕အလွျပဓာတ္ပုံေလးကို ခဏခဏထုတ္ၾကည့္ေနခဲ့တယ္ ။
လေရာင္ဦး -တမူး
Unicode version
နှလုံးသား အချပ်ပို
***************
ရူးသွပ်နေခြင်းက
ကြယ်တွေကိုရေတွက်နေသလို ၊
နေမြင့်လေအရူးရင့်လေလေ
အပြင်မှာမိုးကသဲနေတော့
အခန်းကျဉ်းကျဉ်းထဲ စိတ္တဇဆန်ဆန် ။
အလွမ်းတွေထည့်ဖျော်ထားတဲ့ညတွေနဲ့
သတိရခြင်းတပိုင်းဖြစ်နေတဲ့ နေ့တွေမှာ
ငါ့ရဲ့အလိုမကျမှုက သူမအနားက လိပ်ပြာတွေ ၊
ဖြစ်ချင်တာဖြစ်ဖို့အတွက် လုပ်ချင်ရာလုပ်လို့မရတော့
အချစ်က လိုသလောက်ခရီးမပေါက်ခဲ့ဘူး ။
ငါက သူမရေးသားနေတဲ့စာမျက်နှာတွေမှာ အချပ်ပိုလေးပါ
လိုရင်လိုသလို မလိုရင်ဥပေက္ခာပြု ခံထားရတာတောင်
ကိုယ့်မာန ကိုယ့်သိက္ခာကို ကိုယ်တိုင်ဈေးလျော့ထားရင်း
သူမရဲ့အလှပြဓာတ်ပုံလေးကို ခဏခဏထုတ်ကြည့်နေခဲ့တယ် ။
လရောင်ဦး -တမူး
No comments:
Post a Comment