Zawgyi version
ယုန္ႏွင့္လိပ္
llllllllllllllllllll
ပံုျပင္ထဲမွာအေျပးၿပိဳင္ၾကတယ္
ယုန္ကေလးလည္းပံုျပင္ထဲကအတိုင္း
လိပ္ကေလးလည္းပံုျပင္ထဲကအတိုင္း
ဘုရားစင္ေပၚကပန္းေတြအခ်ိန္တန္ရင္ညႇဳိးသြားသလို
ဘုရားစင္ေအာက္ကဆုေတာင္းေတြအခ်ိန္တန္ရင္ၿပီးသြားသလို
ပံုျပင္နားေထာင္အၿပီးမွာ
ယုန္ကေလးလိုအိပ္ေန႐ုံကလြဲလို႔
လိပ္ကေလးလိုတေရြ႕ေရြ႕သြားေန႐ုံကလြဲလို႔
ပံုျပင္တစ္ပုဒ္ေဟာင္းေနတာကလြဲလို႔...။
ေအာင္ကိုကိုလတ္(တမူး)
Unicode version
ယုန်နှင့်လိပ်
llllllllllllllllllll
ပုံပြင်ထဲမှာအပြေးပြိုင်ကြတယ်
ယုန်ကလေးလည်းပုံပြင်ထဲကအတိုင်း
လိပ်ကလေးလည်းပုံပြင်ထဲကအတိုင်း
ဘုရားစင်ပေါ်ကပန်းတွေအချိန်တန်ရင်ညှိုးသွားသလို
ဘုရားစင်အောက်ကဆုတောင်းတွေအချိန်တန်ရင်ပြီးသွားသလို
ပုံပြင်နားထောင်အပြီးမှာ
ယုန်ကလေးလိုအိပ်နေရုံကလွဲလို့
လိပ်ကလေးလိုတရွေ့ရွေ့သွားနေရုံကလွဲလို့
ပုံပြင်တစ်ပုဒ်ဟောင်းနေတာကလွဲလို့...။
အောင်ကိုကိုလတ်(တမူး)
No comments:
Post a Comment