Saturday, March 25, 2017

ညေနခင္းသတင္း

Zawgyi version

ညေနခင္းသတင္း
##########

ညေနဟာ
ပံုစံခြက္တစ္ခုထဲမွာ ေသေနတယ္
အင္းဆက္တစ္ေကာင္လို အေရခြံလဲရင္းေသေနတယ္
ညရွစ္နာရီသတင္းအစီစဥ္မွာ
သဘာဝေဘးနဲ႔စစ္ပြဲကို ယွဥ္တြဲေၾကာ္ျငာ
ညေနခင္းကေနစၿပီး အေမွာင္ေတြသာတိုးလာ
ပ်က္သြားတဲ့မီးသီးမွာ ဖ်ဴ႕စ္ကအေကာင္းတိုင္းပဲ
အလင္းေရာင္နည္းနည္းအတြက္ ျပတင္းတံခါးကိုဖြင့္လိုက္တယ္
ဧည့္ခန္းထဲ ညေနဟာ ျပန္ေရာက္မလာဘူး
အမွန္တကယ္ေသဆံုးသြားတာလား ညေန
႐ုတ္တရက္လဲက်သြားတဲ့ ဂစ္တာမွာ
သံသယစိတ္က ႀကိဳးေလ်ာ့ေနတုန္းပဲ
နံရံေပၚကျပကၡဒိန္မွာ ညေနဟာ ေသေနတယ္
သစ္ရြက္ေလးေႂကြသြားတုန္းက ဒီေလာက္မေမွာင္ေသးဘူး
ေျခာက္ျခားစိတ္ေတြက
ခံုေပၚတင္ထားတဲ့သတင္းစာေတြကို တဖ်ပ္ဖ်ပ္လွန္ေစတယ္
ညေနခင္းဟာ ညေနမေရာက္ခင္ေသဆံုးသြားတဲ့အေၾကာင္း
မိုးသံေတြၾကားထဲ
ေအာ္မၾကား ေခၚမၾကား။       ။

လင္းအိမ္ငယ္

Unicode version

ညနေခင်းသတင်း
##########

ညနေဟာ
ပုံစံခွက်တစ်ခုထဲမှာ သေနေတယ်
အင်းဆက်တစ်ကောင်လို အရေခွံလဲရင်းသေနေတယ်
ညရှစ်နာရီသတင်းအစီစဉ်မှာ
သဘာဝဘေးနဲ့စစ်ပွဲကို ယှဉ်တွဲကြော်ငြာ
ညနေခင်းကနေစပြီး အမှောင်တွေသာတိုးလာ
ပျက်သွားတဲ့မီးသီးမှာ ဖျူ့စ်ကအကောင်းတိုင်းပဲ
အလင်းရောင်နည်းနည်းအတွက် ပြတင်းတံခါးကိုဖွင့်လိုက်တယ်
ဧည့်ခန်းထဲ ညနေဟာ ပြန်ရောက်မလာဘူး
အမှန်တကယ်သေဆုံးသွားတာလား ညနေ
ရုတ်တရက်လဲကျသွားတဲ့ ဂစ်တာမှာ
သံသယစိတ်က ကြိုးလျော့နေတုန်းပဲ
နံရံပေါ်ကပြက္ခဒိန်မှာ ညနေဟာ သေနေတယ်
သစ်ရွက်လေးကြွေသွားတုန်းက ဒီလောက်မမှောင်သေးဘူး
ခြောက်ခြားစိတ်တွေက
ခုံပေါ်တင်ထားတဲ့သတင်းစာတွေကို တဖျပ်ဖျပ်လှန်စေတယ်
ညနေခင်းဟာ ညနေမရောက်ခင်သေဆုံးသွားတဲ့အကြောင်း
မိုးသံတွေကြားထဲ
အော်မကြား ခေါ်မကြား။       ။

လင်းအိမ်ငယ်

No comments:

Post a Comment