Tuesday, March 28, 2017

ပီယေဆး

Zawgyi version

ပီယေဆး
။။။။။။။။။။။။။။။။။။

ခ်စ္ရသူ ေျခဖဝါးေအာက္က
ေျမသားကို ေက်ာခင္းအိပ္ရင္ျဖင့္
ခ်စ္သူစိတ္ ၫြတ္လိမ့္မယ္။

ေဖာ္သင္းေဆြ တစ္ေယာက္စကားရယ္ေၾကာင့္
ေမွ်ာ္ရင္းေလ ေျခေထာက္အသြားကိုျဖင့္
ေစာင့္စားၾကည့္တယ္။

အခ်စ္႐ူးပါဘိ
ျဖစ္ဖူးသူ စာနာႏိုင္လိမ့္
ေျခဖဝါးရာ ေျမသားမႈန္ကေလးကို
တုန္မေႏွး ေျပးလို႔ရယ္
ေထြးဖို႔ကြယ္ ျမတ္တႏိုး။

အိပ္ရာကိုခင္း
ခ်စ္ရသူ ေျခမႈန္နင္းကို
ဖိစင္းကာ ေက်ာခင္းအိပ္ေသာ္လည္း
အတိတ္ကံ အေၾကာင္းမလွတယ္
ကြယ္..........
ေပါင္းရကံဆိုး။       ။

ျမစ္႐ိုး
28-3-2017

Unicode version

ပီယဆေး
။။။။။။။။။။။။။။။။။။

ချစ်ရသူ ခြေဖဝါးအောက်က
မြေသားကို ကျောခင်းအိပ်ရင်ဖြင့်
ချစ်သူစိတ် ညွတ်လိမ့်မယ်။

ဖော်သင်းဆွေ တစ်ယောက်စကားရယ်ကြောင့်
မျှော်ရင်းလေ ခြေထောက်အသွားကိုဖြင့်
စောင့်စားကြည့်တယ်။

အချစ်ရူးပါဘိ
ဖြစ်ဖူးသူ စာနာနိုင်လိမ့်
ခြေဖဝါးရာ မြေသားမှုန်ကလေးကို
တုန်မနှေး ပြေးလို့ရယ်
ထွေးဖို့ကွယ် မြတ်တနိုး။

အိပ်ရာကိုခင်း
ချစ်ရသူ ခြေမှုန်နင်းကို
ဖိစင်းကာ ကျောခင်းအိပ်သော်လည်း
အတိတ်ကံ အကြောင်းမလှတယ်
ကွယ်..........
ပေါင်းရကံဆိုး။       ။

မြစ်ရိုး
28-3-2017

No comments:

Post a Comment