Zawgyi version
တမူးကဗ်ာအဖြဲ႔ရဲ႕ စပ္ထည္ကဗ်ာ၊
ဗိုလ္ခ်ဳပ္ေအာင္ဆန္း
။။။။။။။။။။။။။။။။။။။။။။။။။
ျမန္မာျပည္၏ ဖခင္အမည္မွန္မွာ
ဗိုလ္ခ်ဳပ္ေအာင္ဆန္း ျဖစ္ပါသည္၊
ျမန္မာျပည္၏ ႐ိုးသားရဲရင့္ေသာ ကုန္အမွတ္တံဆိပ္
ဗိုလ္ခ်ဳပ္ေအာင္ဆန္း၊
အဘိုးဦးေအာင္ဆန္းရဲ႕ အင္ဂ်င္ခုတ္ေမာင္းသံကို
ယေန႔တိုင္ ၾကားေနရတယ္၊
ေသာ့ခတ္ထားတဲ့ ႏိုင္ငံေတာ္ကိုေတာ့
သူ႔ဦးေခါင္းနဲ႔ လွည့္ဖြင့္လိုက္တယ္၊
ရင္ဘတ္ထဲ က်ည္ဆံေတြထည့္ၿပီး
ႏိုင္ငံေတာ္အလံကို
စၾကဝဠာထဲ လႊင့္တင္ခဲ့တယ္၊
ဝိညာဥ္ကို ႏႈတ္ယူလို႔ရတယ္
ဇီဝိန္ကို ေႁခြခူးလို႔ရတယ္
ခႏၶာကို ေျမျမႇဳပ္လို႔ရတယ္
ဒါေပမယ့္
သူ႔ပုံရိပ္ကို သတ္လို႔မရခဲ့ဘူး
တကယ္ေတာ့ သူဟာ
ေခတ္အဆက္ဆက္ မေသဆုံးႏိုင္တဲ့သူ....။
ငါတို႔အားလုံးအတြက္ သူ႔ႏွလုံးသားဟာ
က်ည္ကာအက်ႌတစ္ထည္
ငါတို႔အားလုံးအတြက္ သူ႔ေျခရာဟာ
ေ႐ွ႕အနာဂတ္အတြက္ ရတနာေျမပုံတစ္ခ်ပ္
ရာဇဝင္သမိုင္းထဲက
ပကတိအၾကမ္းဆန္တဲ့ အ႐ိုင္း၊
သံသယေတြကို ေဖာက္ထြက္ၿပီး
ေတာ္လွန္ေရးကို အသက္နဲ႔ဆက္ေပးခဲ့
အေဝးက ၾကယ္
စိတ္ဓာတ္ေတြ ဟုန္းဟုန္းေတာက္လို႔
ေအာင္ဆန္းတဲ့
နာမည္ကစ အနီေရာင္၊
ဝတ္ထားတဲ့တီ႐ွပ္ေပၚကပုံ
ထိုးထားတဲ့ရင္ဘတ္ေပၚက တက္တူးပုံ အတူတူ
ကြၽန္ျပဳေနတဲ့သူေတြကို တိုက္ထုတ္ခဲ့တယ္
ကြၽန္ျဖစ္ေနတဲ့သူေတြကို ကယ္တင္ခဲ့တယ္
သူ႔နာမည္ အသံက်ယ္က်ယ္ထပ္ေျပာမယ္
"ဗိုလ္ခ်ဳပ္ေအာင္ဆန္း"၊
ဘယ္သူမွ နာနာက်င္က်င္
အေရျပားေပၚ စုတ္မထိုးဘူး
ခ်စ္ခင္မႈ.....
စြဲမက္မႈ......
အားက်မႈ.....
တမ္းတမႈ ျပင္းထန္ျခင္းဟာ
လက္ဖက္ရည္ဆိုင္ထဲက လူငယ္ကို
ေဆးသားပ်စ္ပ်စ္နဲ႔
ရင္ဘတ္မွာ
"ေအာင္ဆန္း"ကို ေရးျခစ္ေစခဲ့တာ၊
ဖ်က္လို႔မရတဲ့ အမည္နာမ
သတ္လို႔မေသတဲ့ ၾကယ္ေတြထဲက
ၾကယ္ႀကီးတစ္လုံး
သူ႔နာမည္ကို ဦးထိပ္႐ြက္လို႔
ႏိုင္ငံေတာ္အလံက
တလူလူလြင့္ေနေလရဲ႕....၊
ႏွစ္တစ္ရာစြန္းစြန္းက
ငါတို႔ ကာလသုံးပါးအေပၚ
ျဖတ္ပ်ံသြားတဲ့ၾကယ္တံခြန္ႀကီး
ခုထိ လင္းဆဲ၊
႐ိုးသားျခင္းရဲ႕ အမွတ္အသား
သစၥာတရားရဲ႕ ဥပမာ
ကိုယ္က်ိဳးစြန္႔ျခင္းရဲ႕ သေကၤတ
ရဲရင့္ျခင္းရဲ႕ မွတ္တိုင္
သူရဲေကာင္းတို႔ရဲ႕ ျပယုဂ္
ဗိုလ္ခ်ဳပ္၊
မျပင္းမေပ်ာ့၊ မေလ်ွာ့မတင္း
မလစ္ဟင္းခဲ့၊
ဗိုလ္လိုမလုပ္၊ ဗုိလ္လိုမခ်ဳပ္
အေဖလိုအုပ္တဲ့
တို႔ ဗိုလ္ခ်ဳပ္ေဟ့...............။
တမူးကဗ်ာအဖြဲ႔
Unicode version
တမူးကဗျာအဖွဲ့ရဲ့ စပ်ထည်ကဗျာ၊
ဗိုလ်ချုပ်အောင်ဆန်း
။။။။။။။။။။။။။။။။။။။။။။။။။
မြန်မာပြည်၏ ဖခင်အမည်မှန်မှာ
ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ပါသည်၊
မြန်မာပြည်၏ ရိုးသားရဲရင့်သော ကုန်အမှတ်တံဆိပ်
ဗိုလ်ချုပ်အောင်ဆန်း၊
အဘိုးဦးအောင်ဆန်းရဲ့ အင်ဂျင်ခုတ်မောင်းသံကို
ယနေ့တိုင် ကြားနေရတယ်၊
သော့ခတ်ထားတဲ့ နိုင်ငံတော်ကိုတော့
သူ့ဦးခေါင်းနဲ့ လှည့်ဖွင့်လိုက်တယ်၊
ရင်ဘတ်ထဲ ကျည်ဆံတွေထည့်ပြီး
နိုင်ငံတော်အလံကို
စကြဝဠာထဲ လွှင့်တင်ခဲ့တယ်၊
ဝိညာဉ်ကို နှုတ်ယူလို့ရတယ်
ဇီဝိန်ကို ခြွေခူးလို့ရတယ်
ခန္ဓာကို မြေမြှုပ်လို့ရတယ်
ဒါပေမယ့်
သူ့ပုံရိပ်ကို သတ်လို့မရခဲ့ဘူး
တကယ်တော့ သူဟာ
ခေတ်အဆက်ဆက် မသေဆုံးနိုင်တဲ့သူ....။
ငါတို့အားလုံးအတွက် သူ့နှလုံးသားဟာ
ကျည်ကာအကျႌတစ်ထည်
ငါတို့အားလုံးအတွက် သူ့ခြေရာဟာ
ရှေ့အနာဂတ်အတွက် ရတနာမြေပုံတစ်ချပ်
ရာဇဝင်သမိုင်းထဲက
ပကတိအကြမ်းဆန်တဲ့ အရိုင်း၊
သံသယတွေကို ဖောက်ထွက်ပြီး
တော်လှန်ရေးကို အသက်နဲ့ဆက်ပေးခဲ့
အဝေးက ကြယ်
စိတ်ဓာတ်တွေ ဟုန်းဟုန်းတောက်လို့
အောင်ဆန်းတဲ့
နာမည်ကစ အနီရောင်၊
ဝတ်ထားတဲ့တီရှပ်ပေါ်ကပုံ
ထိုးထားတဲ့ရင်ဘတ်ပေါ်က တက်တူးပုံ အတူတူ
ကျွန်ပြုနေတဲ့သူတွေကို တိုက်ထုတ်ခဲ့တယ်
ကျွန်ဖြစ်နေတဲ့သူတွေကို ကယ်တင်ခဲ့တယ်
သူ့နာမည် အသံကျယ်ကျယ်ထပ်ပြောမယ်
"ဗိုလ်ချုပ်အောင်ဆန်း"၊
ဘယ်သူမှ နာနာကျင်ကျင်
အရေပြားပေါ် စုတ်မထိုးဘူး
ချစ်ခင်မှု.....
စွဲမက်မှု......
အားကျမှု.....
တမ်းတမှု ပြင်းထန်ခြင်းဟာ
လက်ဖက်ရည်ဆိုင်ထဲက လူငယ်ကို
ဆေးသားပျစ်ပျစ်နဲ့
ရင်ဘတ်မှာ
"အောင်ဆန်း"ကို ရေးခြစ်စေခဲ့တာ၊
ဖျက်လို့မရတဲ့ အမည်နာမ
သတ်လို့မသေတဲ့ ကြယ်တွေထဲက
ကြယ်ကြီးတစ်လုံး
သူ့နာမည်ကို ဦးထိပ်ရွက်လို့
နိုင်ငံတော်အလံက
တလူလူလွင့်နေလေရဲ့....၊
နှစ်တစ်ရာစွန်းစွန်းက
ငါတို့ ကာလသုံးပါးအပေါ်
ဖြတ်ပျံသွားတဲ့ကြယ်တံခွန်ကြီး
ခုထိ လင်းဆဲ၊
ရိုးသားခြင်းရဲ့ အမှတ်အသား
သစ္စာတရားရဲ့ ဥပမာ
ကိုယ်ကျိုးစွန့်ခြင်းရဲ့ သငေ်္ကတ
ရဲရင့်ခြင်းရဲ့ မှတ်တိုင်
သူရဲကောင်းတို့ရဲ့ ပြယုဂ်
ဗိုလ်ချုပ်၊
မပြင်းမပျော့၊ မလျှော့မတင်း
မလစ်ဟင်းခဲ့၊
ဗိုလ်လိုမလုပ်၊ ဗိုလ်လိုမချုပ်
အဖေလိုအုပ်တဲ့
တို့ ဗိုလ်ချုပ်ဟေ့...............။
တမူးကဗျာအဖွဲ့
No comments:
Post a Comment