Zawgyi version
မုဆိုးမ
=====
ဘဝက သေဘၤာေမွာက္ေတာ့တာပါပဲ
စိတ္ဖိစီးမႈ အရင္းအႏွီးမ်ားလာတယ္
စိတ္ကူးထဲ ဒုကၡနဲ႔သုခကို ေရာစပ္ေဖ်ာ္ၾကည့္မိ
ကၽြန္မရဲ႕ ေခါင္းမွာ အလွ်ံညီးညီးပန္းတစ္ပြင့္
အျမဲပန္ဆင္ထားတတ္တာ
ေလာကဓံကိုေတာ့ တနင့္တပိုး
လိုက္ဆပ္ေနရတယ္
ေရၾကည္ရာ ျမက္ႏုရာဆီ
ထြက္ခြာသြားၾကတဲ့ သားနဲ႔သမီးေတြ
ေဝးေဝးမွာ ေနၾကရင္း
ႏွလံုးသားထဲ ဝါးဝါးမသြားၾကမိဖုိ႔
စိတ္ေတြ ေမ်ာသြားေတာ့
စိတ္နဲ႔ပဲ ကပ္လုိက္ခဲ့မိတယ္
ဒီတစ္ခါ အိမ္ျပန္လာခဲ့ရင္ သားနဲ႔သမီးကို
အျပီးအပိုင္ သိမ္းထားလုိက္မယ့္ စိတ္ကူးေတြ
သတ္မွတ္ခ်ိန္အတြင္း
ျပန္လည္ေျဖၾကားျခင္းမရွိတဲ့
တယ္လီဖုန္းေတြဆီ
ကၽြန္မဆက္လက္ေခၚဆိုရဦးမယ္
ငရဲတစ္မ်ိဳးကေန အျခားငရဲတစ္မ်ိဳးကို
ေျပာင္းေရႊ႕ခံစားရတာလား
အထီးက်န္ျခင္းဟာ ကၽြန္မရဲ႕ တီးတိုးေဖာ္ေပါ့
ဂုဏ္သိကၡာဆိုတာကေတာ့ ကၽြန္မအတြက္ မဟုတ္ဘူးထင္ပါရဲ႕
အခု
ကၽြန္မမ်က္ဝန္းေတြ တျဖည္းျဖည္းနဲ႔
ယိုယြင္းလာျပီ
ဒဏ္ရာဒဏ္ခ်က္ေတြ အေၾကာင္းေတာ့
သီခ်င္းလုပ္လုိ႔
ဆုိတတ္ေနျပီ
ကၽြန္မရာသီဥတုလား
အိမ္ကေလးထဲ ေဝဒနာေတြ
အေရာင္တလက္လက္ထေနတာ ။
- သြယ္ဘ -
[ခုႏွစ္သြယ္ေရာင္စဥ္ကဗ်ာမ်ား ... ]
Unicode version
မုဆိုးမ
=====
ဘဝက သေဘ္ာမှောက်တော့တာပါပဲ
စိတ်ဖိစီးမှု အရင်းအနှီးများလာတယ်
စိတ်ကူးထဲ ဒုက္ခနဲ့သုခကို ရောစပ်ဖျော်ကြည့်မိ
ကျွန်မရဲ့ ခေါင်းမှာ အလျှံညီးညီးပန်းတစ်ပွင့်
အမြဲပန်ဆင်ထားတတ်တာ
လောကဓံကိုတော့ တနင့်တပိုး
လိုက်ဆပ်နေရတယ်
ရေကြည်ရာ မြက်နုရာဆီ
ထွက်ခွာသွားကြတဲ့ သားနဲ့သမီးတွေ
ဝေးဝေးမှာ နေကြရင်း
နှလုံးသားထဲ ဝါးဝါးမသွားကြမိဖို့
စိတ်တွေ မျောသွားတော့
စိတ်နဲ့ပဲ ကပ်လိုက်ခဲ့မိတယ်
ဒီတစ်ခါ အိမ်ပြန်လာခဲ့ရင် သားနဲ့သမီးကို
အပြီးအပိုင် သိမ်းထားလိုက်မယ့် စိတ်ကူးတွေ
သတ်မှတ်ချိန်အတွင်း
ပြန်လည်ဖြေကြားခြင်းမရှိတဲ့
တယ်လီဖုန်းတွေဆီ
ကျွန်မဆက်လက်ခေါ်ဆိုရဦးမယ်
ငရဲတစ်မျိုးကနေ အခြားငရဲတစ်မျိုးကို
ပြောင်းရွှေ့ခံစားရတာလား
အထီးကျန်ခြင်းဟာ ကျွန်မရဲ့ တီးတိုးဖော်ပေါ့
ဂုဏ်သိက္ခာဆိုတာကတော့ ကျွန်မအတွက် မဟုတ်ဘူးထင်ပါရဲ့
အခု
ကျွန်မမျက်ဝန်းတွေ တဖြည်းဖြည်းနဲ့
ယိုယွင်းလာပြီ
ဒဏ်ရာဒဏ်ချက်တွေ အကြောင်းတော့
သီချင်းလုပ်လို့
ဆိုတတ်နေပြီ
ကျွန်မရာသီဥတုလား
အိမ်ကလေးထဲ ဝေဒနာတွေ
အရောင်တလက်လက်ထနေတာ ။
- သွယ်ဘ -
[ခုနှစ်သွယ်ရောင်စဉ်ကဗျာများ ... ]

No comments:
Post a Comment