Zawgyi version
သဘာဝစစ္သယံဇာတ ထုတ္ယူသံုးစြဲျခင္း
________________________လင္းအိမ္ငယ္
ေပါက္ကြဲလြင့္စင္လာတဲ့ အပိုင္းအစေတြက မ်က္ရည္ေတြ ျဖစ္သြားတယ္
မိသားစုကိုယ္ထည္ႀကီးကိုက အ႐ိုးေငါေငါထလို႔
ကိုယ့္႐ုပ္ကိုယ္ မမွတ္မိခ်င္ေတာ့ဘူး
မာယာေကာ့ဖ္စကီး၊ ဒိုင္နမိုတို႔ လိုက္မမီတဲ့ျပကြက္ေတြ
ေလယာဥ္ႀကီးေဖ်ာက္ျပတာေလာက္ေတာ့
ေရေပၚလမ္းေလွ်ာက္ျပတာေလာက္ေတာ့
ဆယ့္ႏွစ္ႀကိဳးစစ္ႀကီးက သနားတာေပါ့
႐ိုးစင္းတဲ့ျပည္တြင္းစစ္လွည့္ကြက္ေတြက
ကမာ႓ၻႀကီးကို ဖ်ားသြားေစတယ္
ဘိန္းခင္းကိုေရေလာင္းေပးၿပီး မူးယစ္ေဆးသံုးစြဲသူကိုဖမ္းျပတာေတြ
လူ႕အခြင့္အေရးကို က်ည္ဆန္နဲ႔တားဆီးျပတာေတြ
မထင္မွတ္တာေတြကို စစ္ႀကီးက လုပ္ျပသြားတယ္
ကိုယ့္တိုင္းျပည္ကိုဖဲ့စားတာေလာက္ ဆန္းျပားတာရွိအံုးမလား
သမၼတႀကီးရဲ႕ခရီးစရိတ္က ၿမိဳ႕တစ္ၿမိဳ႕စာမကဘူး
ဆိုေတာ့၊ ညစာစားပြဲတစ္ပြဲက ဒုကၡသည္စခန္းေလာက္ကိုႀကီးတယ္
ရြာခ်င္လို႔ရြာတဲ့မိုးနဲ႔ ေအာ္ခ်င္လို႔ေအာ္တဲ့ဖားေတြ
သံၿပိဳင္းေတးတစ္ပုဒ္လို ကိုယ့္ကီးကိုယ္နင္းၿပီး ကေနၾကတယ္
စစ္ႀကီးတစ္ခုရဲ႕အဓိကထုတ္ကုန္က
မေသမရွင္တိုင္းျပည္နဲ႔ နငတ္ေရက်မိုးခါးေရေသာက္သူေတြ
ရွင္းရွင္းေလးလုပ္ျပသြားတာကိုပဲ ငါတို႔မွာ ရင္သပ္႐ႈေမာေနရ
နာတာရွည္လူေနမႈအဆင့္အတန္းမွာ သားစဥ္ေျမးဆက္ေပါက္ဖြားတာေတြ
တပ္ပိုင္ေျမနဲ႔က်ဴးေက်ာ္အိမ္ရာ တည္ေဆာက္ပံုမတူတာေတြ
သယံဇာတတစ္ခုလို ထုတ္ယူမဆံုးႏိုင္တဲ့ စစ္ဆိုတာေတြ
စစ္ႀကီးက စစ္ကေလးေတြေမြးဖြားလို႔
လူမ်ိဳးတံုးသတ္ျဖတ္မႈကစၿပီး ျပည္တြင္းစစ္ေတြအထိ ပံုျပင္လိုျပန္ေျပာျပတယ္
ကမာၻႀကီးရဲ႕စ်ာပနမွာ စစ္ပြဲေတြမပါတာလည္း ေျပာျပတယ္
ဟစ္တလာရဲ႕အဆိပ္ေငြ႕ခန္းေတြ ညံ႔ဖ်င္းလွတာလည္း ေျပာျပတယ္
မနက္မိုးလင္းတာနဲ႔ စစ္ကေလးေတြက
ကမာၻ႕စစ္ျပည္သူ႕သမၼတႏိုင္ငံေတာ္သီခ်င္းကို သံၿပိဳင္သီဆိုေနၾကတယ္။ ။
လင္းအိမ္ငယ္
Unicode version
သဘာဝစစ်သယံဇာတ ထုတ်ယူသုံးစွဲခြင်း
_______
_________လင်းအိမ်ငယ်
ပေါက်ကွဲလွင့်စင်လာတဲ့ အပိုင်းအစတွေက မျက်ရည်တွေ ဖြစ်သွားတယ်
မိသားစုကိုယ်ထည်ကြီးကိုက အရိုးငေါငေါထလို့
ကိုယ့်ရုပ်ကိုယ် မမှတ်မိချင်တော့ဘူး
မာယာကော့ဖ်စကီး၊ ဒိုင်နမိုတို့ လိုက်မမီတဲ့ပြကွက်တွေ
လေယာဉ်ကြီးဖျောက်ပြတာလောက်တော့
ရေပေါ်လမ်းလျှောက်ပြတာလောက်တော့
ဆယ့်နှစ်ကြိုးစစ်ကြီးက သနားတာပေါ့
ရိုးစင်းတဲ့ပြည်တွင်းစစ်လှည့်ကွက်တွေက
ကမ္ဘာကြီးကို ဖျားသွားစေတယ်
ဘိန်းခင်းကိုရေလောင်းပေးပြီး မူးယစ်ဆေးသုံးစွဲသူကိုဖမ်းပြတာတွေ
လူ့အခွင့်အရေးကို ကျည်ဆန်နဲ့တားဆီးပြတာတွေ
မထင်မှတ်တာတွေကို စစ်ကြီးက လုပ်ပြသွားတယ်
ကိုယ့်တိုင်းပြည်ကိုဖဲ့စားတာလောက် ဆန်းပြားတာရှိအုံးမလား
သမ္မတကြီးရဲ့ခရီးစရိတ်က မြို့တစ်မြို့စာမကဘူး
ဆိုတော့၊ ညစာစားပွဲတစ်ပွဲက ဒုက္ခသည်စခန်းလောက်ကိုကြီးတယ်
ရွာချင်လို့ရွာတဲ့မိုးနဲ့ အော်ချင်လို့အော်တဲ့ဖားတွေ
သံပြိုင်းတေးတစ်ပုဒ်လို ကိုယ့်ကီးကိုယ်နင်းပြီး ကနေကြတယ်
စစ်ကြီးတစ်ခုရဲ့အဓိကထုတ်ကုန်က
မသေမရှင်တိုင်းပြည်နဲ့ နငတ်ရေကျမိုးခါးရေသောက်သူတွေ
ရှင်းရှင်းလေးလုပ်ပြသွားတာကိုပဲ ငါတို့မှာ ရင်သပ်ရှုမောနေရ
နာတာရှည်လူနေမှုအဆင့်အတန်းမှာ သားစဉ်မြေးဆက်ပေါက်ဖွားတာတွေ
တပ်ပိုင်မြေနဲ့ကျူးကျော်အိမ်ရာ တည်ဆောက်ပုံမတူတာတွေ
သယံဇာတတစ်ခုလို ထုတ်ယူမဆုံးနိုင်တဲ့ စစ်ဆိုတာတွေ
စစ်ကြီးက စစ်ကလေးတွေမွေးဖွားလို့
လူမျိုးတုံးသတ်ဖြတ်မှုကစပြီး ပြည်တွင်းစစ်တွေအထိ ပုံပြင်လိုပြန်ပြောပြတယ်
ကမ္ဘာကြီးရဲ့ဈာပနမှာ စစ်ပွဲတွေမပါတာလည်း ပြောပြတယ်
ဟစ်တလာရဲ့အဆိပ်ငွေ့ခန်းတွေ ညံ့ဖျင်းလှတာလည်း ပြောပြတယ်
မနက်မိုးလင်းတာနဲ့ စစ်ကလေးတွေက
ကမ္ဘာ့စစ်ပြည်သူ့သမ္မတနိုင်ငံတော်သီချင်းကို သံပြိုင်သီဆိုနေကြတယ်။ ။
လင်းအိမ်ငယ်
No comments:
Post a Comment