Wednesday, March 22, 2017

ဘြန္ဇိုင္းပင္ေလးသို႔

Zawgyi version

"ဘြန္ဇိုင္းပင္ေလးသို႔"

အလြမ္းဆိုတာေသျခင္းတစ္မ်ိဳးဆိုရင္ ...
ကိုယ့္ကို သရဏဂံုသာတင္လွည့္ပါေတာ့
အခ်စ္ေရ.....
ကိုယ္တို႔ကစီးဆင္းေနတဲ့ျမစ္ေတြ
ၿပီးျပည့္စံုျခင္းပင္လယ္ဆီေရာက္ဖို႔
ေသထြက္နဲ႔ရွင္ထြက္ႏွစ္မ်ိဳးလံုးမေသခ်ာျပန္ဘူး..
ဒီေတာ့ .......
ခ်စ္စရာရွိရင္ ခ်စ္လိုက္
ငိုစရာရွိရင္ ငိုလိုက္
လူငယ္သဘာဝက်က် လြမ္းၾကရေအာင္.....
ကိုယ္တို႔အသက္က
ကိုယ္တို႔တြဲလက္တစ္စံုရဲ႕နားလည္မႈပဲမဟုတ္လား
စိတ္ေကာက္လိုက္ ျပန္ေခ်ာ့လိုက္ဇာတ္လမ္းကစၿပီး
ဘုရားသြား ေက်ာင္းတက္ ....မီးဇာကုန္ဆီခမ္းအထိ
ကိုယ္တို႔အတူတူစီးဆင္းၾကမယ္ .....❤️

လင္းအိမ္ငယ္
Family life
Nov,2016

Unicode version

"ဘွန်ဇိုင်းပင်လေးသို့"

အလွမ်းဆိုတာသေခြင်းတစ်မျိုးဆိုရင် ...
ကိုယ့်ကို သရဏဂုံသာတင်လှည့်ပါတော့
အချစ်ရေ.....
ကိုယ်တို့ကစီးဆင်းနေတဲ့မြစ်တွေ
ပြီးပြည့်စုံခြင်းပင်လယ်ဆီရောက်ဖို့
သေထွက်နဲ့ရှင်ထွက်နှစ်မျိုးလုံးမသေချာပြန်ဘူး..
ဒီတော့ .......
ချစ်စရာရှိရင် ချစ်လိုက်
ငိုစရာရှိရင် ငိုလိုက်
လူငယ်သဘာဝကျကျ လွမ်းကြရအောင်.....
ကိုယ်တို့အသက်က
ကိုယ်တို့တွဲလက်တစ်စုံရဲ့နားလည်မှုပဲမဟုတ်လား
စိတ်ကောက်လိုက် ပြန်ချော့လိုက်ဇာတ်လမ်းကစပြီး
ဘုရားသွား ကျောင်းတက် ....မီးဇာကုန်ဆီခမ်းအထိ
ကိုယ်တို့အတူတူစီးဆင်းကြမယ် .....❤️

လင်းအိမ်ငယ်
Family life
Nov,2016

No comments:

Post a Comment