Wednesday, March 22, 2017

ဗြတ္ဖင္နီတာအတြက္ ေရးတဲ့စာ

Zawgyi version

ဗြတ္ဖင္နီတာအတြက္ ေရးတဲ့စာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(ရသစာတမ္း)

                     ငွက္ကေလးေရ...........
                     အဲဒီေန႔က ေန႔လယ္ခင္းေလးဟာ သာယာခဲ့ပါတယ္၊
                     ငါ့ရဲ႕ မဆင္မျခင္ရမ္းကားမႈေၾကာင့္သာ.............။

×××××××××××××××××××××××××××××××××××

                     တကယ္ေတာ့ သဘာဝတရားႀကီးဟာ မိေမြးတိုင္းဖေမြးတိုင္း လွၿပီးသားပါ။ သူ႔အ႐ိုးခံအတိုင္း အျဖဴထည္သက္သက္ပါ။ ေနဟာ အေ႐ွ႕ရပ္ကထြက္ၿပီး အေနာက္ရပ္မွာ ဝင္ပါလိမ့္မယ္။ ေကာင္းကင္ႀကီးဟာ ကြၽန္ေတာ္တို႔ရဲ႕ဦးေခါင္းေပၚမွာ႐ိွၿပီး ေျမလႊာႀကီးကေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ေျခဖဝါးေအာက္မွာ ေနပါလိမ့္မယ္။ သစ္ပင္ေတြက စိမ္းလန္းၿပီး စမ္းေရေတြက ေအးျမပါလိမ့္မယ္။ ငွက္ကေလးေတြက ေတးဆိုၿပီး........။
                ဟုတ္ပါတယ္၊ ငွက္ကေလးေတြက ေတးဆိုတတ္ပါတယ္။ အေတာင္ပံခတ္လို႔ ေဝဟင္မွာ လြတ္လြတ္လပ္လပ္ပ်ံသန္းတတ္ပါတယ္။ ဟိုပင္က ဒီပင္ကူး၊ ဒီပင္က ဟိုပင္ကူးလို႔ေပါ့။ ျဖဴနီျပာဝါ ေရာင္စုံျဖာတဲ့ငွက္ကေလးေတြဟာ ကြၽန္ေတာ္တို႔အေပၚ ရက္ရက္စက္စက္ျပဳမူဖူးပါသလား။ ကြၽန္ေတာ္တို႔အသိုက္အျမဳံေတြကို မညႇာမတာဖ်က္ဆီးဖူးပါသလား။ ေသခ်ာပါတယ္၊ ငွက္ကေလးေတြရဲ႕ႏိုင္ငံေတာ္မွာ လက္နက္အၿပိဳင္တပ္ဆင္ထားျခင္းမ႐ိွပါ။
               တကူ....ကူး......ကူး ဆိုတဲ့ ခ်ိဳးငွက္ကေလးရဲ႕"ကူ"သံကို အေဝးက ၾကားဖူးပါသလား။ ဥၾသ ဥၾသ ဆိုတဲ့ ဥၾသငွက္ကေလးရဲ႕ ေဆြးေျမ့သံကို ခပ္လွမ္းလွမ္းက နားေထာင္ဖူးပါသလား။ လက္ပံပင္ေပၚက ဆက္ရက္ငွက္ေတြရဲ႕ ဆူညံသံကို လက္ပံပင္ေအာက္ကေန နားဆင္ဖူးပါသလား။ ကြၽန္ေတာ္ကေတာ့ ၾကယ္ငါးပြင့္အဆင့္ ေဟာ္တယ္ႀကီးမွာ မတည္းဖူးေပမယ့္ ေပါက္ပင္အရိပ္ေအာက္က ျမက္ဖုတ္ကေလးေပၚ လွဲအိပ္ရင္း သဘာဝေက်းငွက္သံေတြကို နားစြင့္ခဲ့ဖူးပါတယ္။

×××××××××××××××××××××××××××××××××××

                ေက်းလက္ေတာ႐ြာေတြမွာ ဂိမ္းဆိုင္ေတြမ႐ိွ။ ပန္းျခံေတြ မ႐ိွ။ ကေလးကစားကြင္း မ႐ိွ။ ေႏြေက်ာင္းပိတ္ခ်ိန္ ေက်ာင္းအားရက္ေတြမွာ ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ကိုယ့္အေပ်ာ္ကိုယ္ ႐ွာၾကရတယ္။ ထုပ္စည္းတိုးမယ္၊ ဖန္ခုန္မယ္၊ ခေရေစ့ (ဒါမွမဟုတ္) မန္က်ီးေစ့နဲ႔ ဇယ္ေတာက္မယ္၊ ေထြပစ္မယ္၊ ေခြလိွမ့္မယ္၊ ေလာက္စာလုံးလွိမ့္မယ္၊ "ဂ်ီ"ထိုးတမ္း ေဆာ့မယ္၊
စစ္တိုက္တမ္း ကစားမယ္၊ သိပ္ငယ္တဲ့ ကေလးေတြကေတာ့ "မႀကီး"လုပ္တမ္းေပါ့။
                အနည္းဆုံး ဆယ္ႏွစ္အ႐ြယ္ေရာက္လာၿပီ၊ ေျခႏိုင္လက္ႏိုင္ျဖစ္လာၿပီဆိုရင္ေတာ့ ငါးမွ်ားမယ္၊ ငွက္ပစ္မယ္၊ ႂကြက္လိုက္မယ္၊ ဒါေတြကေတာ့ ကစား႐ုံအဆင့္မဟုတ္ေတာ့ဘူး။ ေ႐ွ႕က "က"ျပဳတ္ၿပီး "စား"လို႔ရတဲ့အဆင့္ ေရာက္သြားၿပီ။ ေျပးတမ္း လိုက္တမ္း ကစားနည္း။ ငါးေတြ၊ ငွက္ေတြ၊ ႂကြက္ေတြက ေ႐ွ႕က ေျပးရၿပီး ကေလးေတြက လိုက္ၿပီ။ ဒါက သဘာဝရဲ႕ တကယ့္ဂိမ္း။
             တကယ့္ဂိမ္းမွာ ငွက္ပစ္ရတာ အခက္ဆုံး။ ငါးနဲ႔ ႂကြက္က သိပ္မခက္။ ငါးက ေရခမ္းရင္ ပိုလြယ္။ ငါးစာတပ္ၿပီး မွ်ားလိုက္႐ုံ။ အနည္းဆုံး ငါးေျပမေလာက္ေတာ့၊ ငါးရံ႕ေခါင္းတိုေလာက္ေတာ့ ေျပးမလြတ္။ ႂကြက္က အလယ္အလတ္။ ႂကြက္လိုက္ရတာေတာ့ ကေလးအ႐ြယ္မွာ အေပ်ာ္ဆုံး။ ႂကြက္ဆိုတာ ႂကြက္ဝမ္းပူ(ျဖဴ )ကို ေျပာတာ။ လယ္ႂကြက္ေတြကိုေတာ့ ကေလးေတြက မဖမ္းႏိုင္။ ႂကြက္ဝမ္းပူေတြက ကြၽန္ေတာ္တို႔ဘက္ ျခံ႐ြာေတြမွာ အရမ္းေပါတယ္။ သူတို႔က သစ္ပင္ခ်ံဳပုတ္ေတြေပၚ အသိုက္ေဆာက္ၿပီးေနတာဆိုေတာ့ ေလးခြနဲ႔လိုက္ပစ္ရတာ ေပ်ာ္စရာႀကီး။
            ႂကြက္လိုက္ရင္ အနည္းဆုံး ကေလးသုံးေလးေယာက္ေလာက္ေတာ့ လိုတယ္။ တစ္ေယာက္က အသိုက္ကို ပစ္ထည့္လိုက္ရင္ ႂကြက္ဝမ္းပူ တစ္ေကာင္ႏွစ္ေကာင္ေတာ့ သစ္ပင္ေပၚ ဟိုေျပးဒီေျပး ေျပးၿပီ။ အဲဒီမွာ သုံးေလးေယာက္ ဝိုင္းပစ္ၾကေတာ့ တစ္ျခံလုံး ေဟးလားဝါးလား အုံးအုံးညံညံနဲ႔ဆူလို႔။ တကယ့္ဂိမ္းမွာ ေလာက္စာလုံးေတြ တေဖာင္းေဖာင္းေဖာက္ထြက္လို႔။ ကြၽန္ေတာ္တို႔ ေပ်ာ္ခဲ့ၾကဖူးတယ္။
            ငွက္ပစ္ၿပီဆိုရင္ေတာ့ လြယ္လြယ္နဲ႔မရေတာ့။ စိတ္႐ွည္ရတယ္၊ တည္ၿငိမ္ရတယ္၊ လက္ေျဖာင့္ရတယ္။ ႀကီးႀကီးက်ယ္က်ယ္ေျပာရရင္ ခြန္အားနဲ႔ကြၽမ္းက်င္မႈကို မွ်သုံးရတယ္။ အေကာင္ႀကီးေလ ကိုယ္နဲ႔ အကြာအေဝး ေဝးေလ။ ခ်ိဳးနဲ႔ဆက္ရက္တို႔ကို ရေအာင္ပစ္ႏိုင္တဲ့သူဟာ လူေတာ္ပဲ။ ဗြတ္တို႔ ႏွံျပည္စုတ္တို႔ေလာက္ကေတာ့ စာမဖြဲ႔ေလာက္။ ကြၽန္ေတာ့္အစ္ကို ကိုဝင္းခိုင္ဆိုရင္ ငွက္ပစ္သိပ္ေတာ္တယ္။ တစ္ေန႔တည္းကို ခ်ိဳးငွက္ သုံးေလးေကာင္ရေအာင္ ပစ္ႏိုင္တယ္။ သူက စစ္သားေတြ ဝမ္းလ်ားထိုးတြားတက္သလို ငွက္ကိုေခ်ာင္းတာ။ ဒီေလာက္သစ္႐ြက္ေျခာက္ေတြ ၾကားထဲမွာကို အသံမထြက္ေအာင္ ေျခသံလုံတယ္။ စိတ္႐ွည္တယ္။ ဇြဲ႐ိွတယ္။ တစ္ခ်က္တည္းပစ္လို႔ မမွန္ရင္ေတာင္ ငွက္ကို မ်က္စိေအာက္က အေပ်ာက္မခံ ပတ္ေခ်ာင္းတာ။ ကြၽန္ေတာ့္အစ္ကိုလို ငွက္မုဆိုးနဲ႔ေတြ႔ၿပီဆိုရင္ေတာ့ ငွက္ကေလးေတြ ကံဆိုးတာပဲ။

×××××××××××××××××××××××××××××××××××

            "ႏွံျပည္စုတ္ တစ္လုတ္စာ
             ငရဲတစ္ပိသ္သာ"။
             ေက်းလက္ေတာ႐ြာေတြမွာ "ငွက္မပစ္ရ"ဆိုင္းဘုတ္ေတြ မ႐ိွပါ။ အနည္းဆုံး႐ိွျခင္း႐ိွရင္ "စာသင္ေက်ာင္းအတြင္း ငွက္မပစ္ရ"တို႔ "ဘုန္းႀကီးေက်ာင္းအတြင္း ငွက္မပစ္ရ"တို႔ပဲ ႐ိွပါလိမ့္မယ္။ စာသင္ေက်ာင္းတို႔ ဘုန္းႀကီးေက်ာင္းတို႔ဆိုတာ ဧရိယာသိပ္က်ယ္လွတာမဟုတ္။ ငွက္မုဆိုးကေလးေတြကလည္း အမ်ားႀကီး။ "ငွက္မပစ္ရ"ဆိုင္းဘုတ္ တစ္ခုႏွစ္ခုေလာက္နဲ႔ေတာ့ မထိေရာက္ႏိုင္ေတာ့။
            ဒါကို လူႀကီးေတြကလည္း ႀကိဳတြက္ၿပီးသား။ ဗုဒၶဘာသာယဥ္ေက်းမႈအသိုင္းအဝိုင္းရဲ႕ အေၾကာက္တရားနဲ႔ ေျခာက္လုိက္ေရာ။ အဲဒါကေတာ့ "ငရဲ"ေပါ့။ ႏွံျပည္စုတ္ကေလးကို အေမြးႏုတ္လို႔ ကင္စားစား၊ ေၾကာ္စားစား၊ တစ္လုတ္စာပါပဲတဲ့။ က်ခံရမယ့္အျပစ္ကေတာ့ တစ္ပိသ္သာႀကီးမ်ားေတာင္။ အင္မတန္ထိေရာက္တဲ့ တားျမစ္ခ်က္ႀကီး မဟုတ္ပါလား။ ငရဲကိုေၾကာက္တဲ့ ကေလးေတြကေတာ့ ငွက္ကေလးေတြကို သိပ္ပစ္ရဲေတာ့မွာ မဟုတ္ေတာ့။
              ဒါေပမယ့္ "ေယာက်္ားနဲ႔ေမာင္းခ်ိန္ထားတဲ့ေသနတ္၊ မိန္းမနဲ႔ လ်ွိ႔ဝွက္ခ်က္"တဲ့။
              ဘယ္လိုမွ မထိန္းႏိုင္တာကို ေျပာပါတယ္။ ေယာက်္ားကေလးမ်ားက လက္ထဲ ေလးခြေလးတစ္လက္႐ိွေနၿပီဆို လက္က ယားေနၿပီ။ လက္တည့္စမ္းခ်င္ေနၿပီ။ အနည္းဆုံး မာလကာသီးေလာက္ေတာ့ ပစ္ခ်ၿပီးသား။ ငရဲ "တစ္ပိသ္သာ"ႀကီးကို အသာေဘးခ်ိတ္ၿပီး "တစ္လုတ္စာ"ကိုေတာ့ ငုံလိုက္ၿပီးသား။ ဒါကေတာ့ ေက်းလက္ေတာ႐ြာေတြမွာ႐ိွတဲ့ ေယာက်္ားကေလးတိုင္းရဲ႕ ႐ိုးရာဓေလ့။
              ေယာက်္ားေလးတိုင္း အနည္းဆုံး ခြ(ဂြ)လြယ္အိတ္(ေလးခြ၊ ေလာက္စာလုံးပါၿပီးသား)တစ္လုံး ႐ိွတတ္ၾကတယ္။ အျဖစ္႐ိွ႐ိွ မ႐ိွ႐ိွ ေဆာင္ထားတတ္ၾကတယ္။ ကိုယ့္မိသားစုအတြင္း ငွက္ပစ္ၿပီး၊ ငါးမွ်ားၿပီး လူရာဝင္မႈကို ျပခ်င္ၾကေသးတာ။ "ဟယ္ ငါးေတြ အမ်ားႀကီးရခဲ့တာပဲ"တို႔၊ "ဟယ္ ငွက္ေတြ ဘယ္ႏွစ္ေကာင္ရခဲ့တာပဲ"တို႔ ဆိုတဲ့ ခ်ီးက်ဴးမႈကိုလည္း ရခ်င္ၾကေသး။ ဟိုမေရာက္ ဒီမေရာက္ လူပ်ိဳေပါက္ကေလးတို႔ရဲ႕ ဘဝင္ေပါ့။
             ကြၽန္ေတာ္ငယ္ငယ္တုန္းကေရာ ဘာထူးလဲ။ ေလးခြတစ္လက္ ငါးမွ်ားတံတစ္ေခ်ာင္းနဲ႔ ႐ြာ႐ိုးကိုးေပါက္ ေလွ်ာက္ခဲ့ဖူးတာပဲ။ မဟာၿမိဳင္ေတာႀကီးထဲ ဝင္ေတာ့မယ့္အတိုင္း၊ အေမဇုံေတာႀကီးထဲ အေရာက္သြားေတာ့မယ့္အတိုင္း ကိုယ့္ကိုယ္ကိုယ္ ဧရာမမုဆိုးႀကီးအလား ထင္မွတ္ခဲ့ဖူးတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က အကုသိုလ္ဘက္မွာ အျဖစ္မ႐ိွ။ အကုသိုလ္ဘက္မွာ လက္မတည့္။ ငါးလည္း ခ်ီးက်ဴးရေလာက္ေအာင္ မရဘူး။ ငွက္လည္း အမႊန္းတင္ရေလာက္ေအာင္ မမွန္ဘူး။ ဒီၾကားထဲကကို.......။

×××××××××××××××××××××××××××××××××××

           မင္းဟာ
           ကမၻာေလာကႀကီးေပၚ
           အလွတစ္စက္ ျဖည့္စြက္ေနတယ္ဆိုတာ
           ငါ မသိခဲ့ဘူး။
           ငါဟာ ကဗ်ာဆရာပါ
           အလွတရားကို ဖ်က္ဆီးမိတာ
           ငါ ဝမ္းနည္းလို႔ မဆုံးဘူး ငွက္ကေလးေရ။

           ျပဳခဲ့ဖူးတဲ့ ကုသိုလ္ေတြကို ခဏခဏသတိရရင္ ကုသိုလ္ေတြ ခဏခဏျပန္ရတတ္တယ္လို႔ ၾကားဖူးတယ္။ အကုသိုလ္ေတြကို ျပန္မွတ္မိေနရင္ေရာ အကုသိုလ္ေတြ ခဏခဏျပန္ဝင္ေနမွာလား ေတြးပူမိပါတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ့္မွာ ေမ့ေပ်ာက္လို႔မရခဲ့။ ငွက္ကေလးအေပၚ စိတ္မေကာင္းျဖစ္ေနမိတယ္။
           ကြၽန္ေတာ္ ေခါင္စဥ္ေပးထားတဲ့ ဗြတ္ဖင္နီတာ ငွက္ကေလးပါပဲ။ ေသေသခ်ာခ်ာ ခ်ိန္ပစ္ရင္ေတာင္ မွန္ခဲ့မွာမဟုတ္။ မထင္မွတ္ဘဲ ေန႔လယ္ခင္းေလးတစ္ခု အလွပ်က္သြားခဲ့ရတယ္။ ငွက္ကေလးကို ေသေစခ်င္လို႔ေတာ့မဟုတ္။ ရမ္းသန္းလက္ေဆာ့လိုက္ရာကေန ငွက္ကေလး ေသဆုံးသြားခဲ့ရတာ။   
            ဘာလို႔ ဗြတ္ဖင္နီတာ ငွက္ကေလးကို မွတ္မိေနတာလဲဆိုေတာ့ ကြၽန္ေတာ္ကလည္း ငွက္ေတြအမ်ားႀကီး မပစ္ခဲ့လို႔ပါ။ ၿပီးေတာ့ ငွက္ကေလးကို တည့္တည့္ခ်ိန္ပစ္လိုက္တာလည္း မဟုတ္။ ခ်ိန္ဖို႔ေနေနသာသာ ငွက္ကေလးကို ျမင္ေတာင္မျမင္ရ။ ေဝဟင္မွာ ပ်ံဝဲလာၿပီး အုန္းပင္ေပၚနားသြားတာပဲ ျမင္လိုက္တာ။ လက္ထဲမွာလဲ ေလးခြအဆင္သင့္ပါလာတာနဲ႔ ပစ္လိုက္မိတာ။ တလည္လည္နဲ႔ ျပဳတ္က်လာေတာ့မွ ငွက္ကေလးကို မွန္သြားမွန္း သိလိုက္ရတာပါ။
             တကယ္ဆို သူ႔သဘာဝနဲ႔သူ လြတ္လြတ္လပ္လပ္ပ်ံသန္းေနတဲ့ဥစၥာ။ ငွက္ကေလးေတြကို ၾကည့္ၿပီး စိတ္အရမ္းညစ္သြားတဲ့သူဆိုတာ ႐ိွမွာမဟုတ္။ ငွက္ကေလးေတြေၾကာင့္ ကမၻာႀကီး က်က္သေရယုတ္သြားတယ္ဆိုတာလည္း မၾကားဖူးပါ။ ငွက္ကေလးေတြလို ေဝဟင္မွာ ပ်ံဝဲလိုက္ခ်င္တာတို႔၊ အေတာင္ပံပါရင္ မင္းဆီကိုတို႔၊ ငွက္ျဖစ္ရင္ကြယ္ တစ္ကိုင္းတည္းနားခ်င္တယ္တို႔ စတဲ့ စိတ္ခ်မ္းေျမ့ဖြယ္ အေၾကာင္းအရာေလးေတြပဲ ၾကားရပါလိမ့္မယ္။
               အဲဒီအခ်ိန္တုန္းကသာ ငွက္ကေလးေတြကို ၾကည့္တတ္ခဲ့ရင္ သဘာဝအလွေတြကို ျမတ္ႏိုးတတ္ခဲ့ရင္ ကြၽန္ေတာ္ မွားခဲ့မိမွာမဟုတ္ပါ။ ျပန္လည္ျပင္ဆင္ခြင့္ရမယ္ဆိုရင္ေတာ့ အဲဒီအခန္းကို ျဖတ္ပစ္ခ်င္ပါတယ္။

×××××××××××××××××××××××××××××××××××

            ေနဝင္ခ်ိန္ကို တစိမ့္စိမ့္ထိုင္ၾကည့္တာတို႔၊ ေတာေတာင္ေတြထဲသြားၿပီး မွန္ေျပာင္းနဲ႔ ငွက္ၾကည့္ၾကတာတို႔ကို ကြၽန္ေတာ္ နားလည္ခံစားတတ္ခဲ့ၿပီ။ သဘာဝအလွတရားေတြကို ျမတ္ႏိုးခံစားတတ္တဲ့သူေတြဟာ အၾကမ္းဖက္သမားေတြ လုံးဝျဖစ္မလာႏိုင္။ ေလာကကို အလွဆင္သူေတြပဲ ျဖစ္လာပါလိမ့္မယ္။
             ခိုေလးေတြကို အစာေကြၽးေနတဲ့သူေတြ၊ ကိုယ့္အိမ္ တံစက္ၿမိတ္မွာ စာကေလးေတြအတြက္ အသိုက္ေဆာက္ေပးထားတဲ့ အိမ္႐ွင္ေတြ၊ ဘုရားေက်ာင္းကန္မွာ ငါးစာေကြၽးေနတဲ့ျမင္ကြင္းေတြကို ျမင္ရရင္ ကြၽန္ေတာ္ အရမ္းၾကည္ႏူးေနမိတယ္။
              သဘာဝအလွတရားေတြဆိုတာ ဖ်က္ဆီးပစ္ဖို႔မွ မဟုတ္ဘဲ။ ခ်စ္တတ္ ခံစားတတ္ဖို႔ လိုပါတယ္။ ေ႐ႊတိဂုံဘုရားကို ျမတ္ႏိုးတတ္တဲ့သူဟာ ျပင္သစ္က ပဲရစ္ေမွ်ာ္စင္ႀကီးကိုလည္း ျမတ္ႏိုးေနပါလိမ့္မယ္။ အိႏၵိယက တပ္ခ်္္မဟာႀကိ္းကို တန္ဖိုးထားတတ္တဲ့သူဟာ တ႐ုတ္ျပည္က မဟာတံတိုင္းႀကီးကိုလည္း တန္ဖိုးထားေနပါလိမ့္မယ္။
           ကြၽန္ေတာ္ အခု ငွက္မပစ္ေတာ့ပါ။ ဗြတ္ဖင္နီတာ ငွက္ကေလးက ကြၽန္ေတာ္ ေနာက္ဆုံးပစ္ခဲ့တဲ့ ငွက္တစ္ေကာင္ျဖစ္ပါလိမ့္မယ္။ ကြၽန္ေတာ္ ငွက္ၾကည့္တတ္ခဲ့ၿပီ။ သဘာဝအလွတရားေတြကို ျမတ္ႏိုးတတ္ခဲ့ၿပီ။ ေလာကကို အလွဆင္ဖို႔ ႀကိဳးစားေနတတ္ခဲ့ၿပီ။
            ဗြတ္ဖင္နီတာ ငွက္ကေလးေၾကာင့္ရယ္ေတာ့ မဟုတ္ပါ။ ဒါေပမယ့္ ဗြတ္ဖင္နီတာ ငွက္ကေလးကို ေတြးမိတိုင္း ငွက္ကေလးက သဘာဝအလွတရားေတြကို ဆက္ခ်စ္ေနဖို႔ ကြၽန္ေတာ့္ကို တိုက္တြန္းေနသေယာင္ေယာင္.......။  ။

ရင္႐ိုး
ေအာင္ပင္လယ္ လူမႈဝန္းက်င္မဂၢဇင္း၊
ဇူလိုင္+ၾသဂုတ္၊ ၂၀၁၃ခုႏွစ္။

~~~~~~~~~~~~~~~~~~~~~~~~~~~

Unicode version
ဗွတ်ဖင်နီတာအတွက် ရေးတဲ့စာ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(ရသစာတမ်း)

                     ငှက်ကလေးရေ...........
                     အဲဒီနေ့က နေ့လယ်ခင်းလေးဟာ သာယာခဲ့ပါတယ်၊
                     ငါ့ရဲ့ မဆင်မခြင်ရမ်းကားမှုကြောင့်သာ.............။

×××××××××××××××××××××××××××××××××××

                     တကယ်တော့ သဘာဝတရားကြီးဟာ မိမွေးတိုင်းဖမွေးတိုင်း လှပြီးသားပါ။ သူ့အရိုးခံအတိုင်း အဖြူထည်သက်သက်ပါ။ နေဟာ အရှေ့ရပ်ကထွက်ပြီး အနောက်ရပ်မှာ ဝင်ပါလိမ့်မယ်။ ကောင်းကင်ကြီးဟာ ကျွန်တော်တို့ရဲ့ဦးခေါင်းပေါ်မှာရှိပြီး မြေလွှာကြီးကတော့ ကျွန်တော်တို့ရဲ့ ခြေဖဝါးအောက်မှာ နေပါလိမ့်မယ်။ သစ်ပင်တွေက စိမ်းလန်းပြီး စမ်းရေတွေက အေးမြပါလိမ့်မယ်။ ငှက်ကလေးတွေက တေးဆိုပြီး........။
                ဟုတ်ပါတယ်၊ ငှက်ကလေးတွေက တေးဆိုတတ်ပါတယ်။ အတောင်ပံခတ်လို့ ဝေဟင်မှာ လွတ်လွတ်လပ်လပ်ပျံသန်းတတ်ပါတယ်။ ဟိုပင်က ဒီပင်ကူး၊ ဒီပင်က ဟိုပင်ကူးလို့ပေါ့။ ဖြူနီပြာဝါ ရောင်စုံဖြာတဲ့ငှက်ကလေးတွေဟာ ကျွန်တော်တို့အပေါ် ရက်ရက်စက်စက်ပြုမူဖူးပါသလား။ ကျွန်တော်တို့အသိုက်အမြုံတွေကို မညှာမတာဖျက်ဆီးဖူးပါသလား။ သေချာပါတယ်၊ ငှက်ကလေးတွေရဲ့နိုင်ငံတော်မှာ လက်နက်အပြိုင်တပ်ဆင်ထားခြင်းမရှိပါ။
               တကူ....ကူး......ကူး ဆိုတဲ့ ချိုးငှက်ကလေးရဲ့"ကူ"သံကို အဝေးက ကြားဖူးပါသလား။ ဥသြ ဥသြ ဆိုတဲ့ ဥသြငှက်ကလေးရဲ့ ဆွေးမြေ့သံကို ခပ်လှမ်းလှမ်းက နားထောင်ဖူးပါသလား။ လက်ပံပင်ပေါ်က ဆက်ရက်ငှက်တွေရဲ့ ဆူညံသံကို လက်ပံပင်အောက်ကနေ နားဆင်ဖူးပါသလား။ ကျွန်တော်ကတော့ ကြယ်ငါးပွင့်အဆင့် ဟော်တယ်ကြီးမှာ မတည်းဖူးပေမယ့် ပေါက်ပင်အရိပ်အောက်က မြက်ဖုတ်ကလေးပေါ် လှဲအိပ်ရင်း သဘာဝကျေးငှက်သံတွေကို နားစွင့်ခဲ့ဖူးပါတယ်။

×××××××××××××××××××××××××××××××××××

                ကျေးလက်တောရွာတွေမှာ ဂိမ်းဆိုင်တွေမရှိ။ ပန်းခြံတွေ မရှိ။ ကလေးကစားကွင်း မရှိ။ နွေကျောင်းပိတ်ချိန် ကျောင်းအားရက်တွေမှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အပျော်ကိုယ် ရှာကြရတယ်။ ထုပ်စည်းတိုးမယ်၊ ဖန်ခုန်မယ်၊ ခရေစေ့ (ဒါမှမဟုတ်) မန်ကျီးစေ့နဲ့ ဇယ်တောက်မယ်၊ ထွေပစ်မယ်၊ ခွေလှိမ့်မယ်၊ လောက်စာလုံးလှိမ့်မယ်၊ "ဂျီ"ထိုးတမ်း ဆော့မယ်၊
စစ်တိုက်တမ်း ကစားမယ်၊ သိပ်ငယ်တဲ့ ကလေးတွေကတော့ "မကြီး"လုပ်တမ်းပေါ့။
                အနည်းဆုံး ဆယ်နှစ်အရွယ်ရောက်လာပြီ၊ ခြေနိုင်လက်နိုင်ဖြစ်လာပြီဆိုရင်တော့ ငါးမျှားမယ်၊ ငှက်ပစ်မယ်၊ ကြွက်လိုက်မယ်၊ ဒါတွေကတော့ ကစားရုံအဆင့်မဟုတ်တော့ဘူး။ ရှေ့က "က"ပြုတ်ပြီး "စား"လို့ရတဲ့အဆင့် ရောက်သွားပြီ။ ပြေးတမ်း လိုက်တမ်း ကစားနည်း။ ငါးတွေ၊ ငှက်တွေ၊ ကြွက်တွေက ရှေ့က ပြေးရပြီး ကလေးတွေက လိုက်ပြီ။ ဒါက သဘာဝရဲ့ တကယ့်ဂိမ်း။
             တကယ့်ဂိမ်းမှာ ငှက်ပစ်ရတာ အခက်ဆုံး။ ငါးနဲ့ ကြွက်က သိပ်မခက်။ ငါးက ရေခမ်းရင် ပိုလွယ်။ ငါးစာတပ်ပြီး မျှားလိုက်ရုံ။ အနည်းဆုံး ငါးပြေမလောက်တော့၊ ငါးရံ့ခေါင်းတိုလောက်တော့ ပြေးမလွတ်။ ကြွက်က အလယ်အလတ်။ ကြွက်လိုက်ရတာတော့ ကလေးအရွယ်မှာ အပျော်ဆုံး။ ကြွက်ဆိုတာ ကြွက်ဝမ်းပူ(ဖြူ )ကို ပြောတာ။ လယ်ကြွက်တွေကိုတော့ ကလေးတွေက မဖမ်းနိုင်။ ကြွက်ဝမ်းပူတွေက ကျွန်တော်တို့ဘက် ခြံရွာတွေမှာ အရမ်းပေါတယ်။ သူတို့က သစ်ပင်ချုံပုတ်တွေပေါ် အသိုက်ဆောက်ပြီးနေတာဆိုတော့ လေးခွနဲ့လိုက်ပစ်ရတာ ပျော်စရာကြီး။
            ကြွက်လိုက်ရင် အနည်းဆုံး ကလေးသုံးလေးယောက်လောက်တော့ လိုတယ်။ တစ်ယောက်က အသိုက်ကို ပစ်ထည့်လိုက်ရင် ကြွက်ဝမ်းပူ တစ်ကောင်နှစ်ကောင်တော့ သစ်ပင်ပေါ် ဟိုပြေးဒီပြေး ပြေးပြီ။ အဲဒီမှာ သုံးလေးယောက် ဝိုင်းပစ်ကြတော့ တစ်ခြံလုံး ဟေးလားဝါးလား အုံးအုံးညံညံနဲ့ဆူလို့။ တကယ့်ဂိမ်းမှာ လောက်စာလုံးတွေ တဖောင်းဖောင်းဖောက်ထွက်လို့။ ကျွန်တော်တို့ ပျော်ခဲ့ကြဖူးတယ်။
            ငှက်ပစ်ပြီဆိုရင်တော့ လွယ်လွယ်နဲ့မရတော့။ စိတ်ရှည်ရတယ်၊ တည်ငြိမ်ရတယ်၊ လက်ဖြောင့်ရတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် ခွန်အားနဲ့ကျွမ်းကျင်မှုကို မျှသုံးရတယ်။ အကောင်ကြီးလေ ကိုယ်နဲ့ အကွာအဝေး ဝေးလေ။ ချိုးနဲ့ဆက်ရက်တို့ကို ရအောင်ပစ်နိုင်တဲ့သူဟာ လူတော်ပဲ။ ဗွတ်တို့ နှံပြည်စုတ်တို့လောက်ကတော့ စာမဖွဲ့လောက်။ ကျွန်တော့်အစ်ကို ကိုဝင်းခိုင်ဆိုရင် ငှက်ပစ်သိပ်တော်တယ်။ တစ်နေ့တည်းကို ချိုးငှက် သုံးလေးကောင်ရအောင် ပစ်နိုင်တယ်။ သူက စစ်သားတွေ ဝမ်းလျားထိုးတွားတက်သလို ငှက်ကိုချောင်းတာ။ ဒီလောက်သစ်ရွက်ခြောက်တွေ ကြားထဲမှာကို အသံမထွက်အောင် ခြေသံလုံတယ်။ စိတ်ရှည်တယ်။ ဇွဲရှိတယ်။ တစ်ချက်တည်းပစ်လို့ မမှန်ရင်တောင် ငှက်ကို မျက်စိအောက်က အပျောက်မခံ ပတ်ချောင်းတာ။ ကျွန်တော့်အစ်ကိုလို ငှက်မုဆိုးနဲ့တွေ့ပြီဆိုရင်တော့ ငှက်ကလေးတွေ ကံဆိုးတာပဲ။

×××××××××××××××××××××××××××××××××××

            "နှံပြည်စုတ် တစ်လုတ်စာ
             ငရဲတစ်ပိသ်သာ"။
             ကျေးလက်တောရွာတွေမှာ "ငှက်မပစ်ရ"ဆိုင်းဘုတ်တွေ မရှိပါ။ အနည်းဆုံးရှိခြင်းရှိရင် "စာသင်ကျောင်းအတွင်း ငှက်မပစ်ရ"တို့ "ဘုန်းကြီးကျောင်းအတွင်း ငှက်မပစ်ရ"တို့ပဲ ရှိပါလိမ့်မယ်။ စာသင်ကျောင်းတို့ ဘုန်းကြီးကျောင်းတို့ဆိုတာ ဧရိယာသိပ်ကျယ်လှတာမဟုတ်။ ငှက်မုဆိုးကလေးတွေကလည်း အများကြီး။ "ငှက်မပစ်ရ"ဆိုင်းဘုတ် တစ်ခုနှစ်ခုလောက်နဲ့တော့ မထိရောက်နိုင်တော့။
            ဒါကို လူကြီးတွေကလည်း ကြိုတွက်ပြီးသား။ ဗုဒ္ဓဘာသာယဉ်ကျေးမှုအသိုင်းအဝိုင်းရဲ့ အကြောက်တရားနဲ့ ခြောက်လိုက်ရော။ အဲဒါကတော့ "ငရဲ"ပေါ့။ နှံပြည်စုတ်ကလေးကို အမွေးနုတ်လို့ ကင်စားစား၊ ကြော်စားစား၊ တစ်လုတ်စာပါပဲတဲ့။ ကျခံရမယ့်အပြစ်ကတော့ တစ်ပိသ်သာကြီးများတောင်။ အင်မတန်ထိရောက်တဲ့ တားမြစ်ချက်ကြီး မဟုတ်ပါလား။ ငရဲကိုကြောက်တဲ့ ကလေးတွေကတော့ ငှက်ကလေးတွေကို သိပ်ပစ်ရဲတော့မှာ မဟုတ်တော့။
              ဒါပေမယ့် "ယောကျ်ားနဲ့မောင်းချိန်ထားတဲ့သေနတ်၊ မိန်းမနဲ့ လျှိ့ဝှက်ချက်"တဲ့။
              ဘယ်လိုမှ မထိန်းနိုင်တာကို ပြောပါတယ်။ ယောကျ်ားကလေးများက လက်ထဲ လေးခွလေးတစ်လက်ရှိနေပြီဆို လက်က ယားနေပြီ။ လက်တည့်စမ်းချင်နေပြီ။ အနည်းဆုံး မာလကာသီးလောက်တော့ ပစ်ချပြီးသား။ ငရဲ "တစ်ပိသ်သာ"ကြီးကို အသာဘေးချိတ်ပြီး "တစ်လုတ်စာ"ကိုတော့ ငုံလိုက်ပြီးသား။ ဒါကတော့ ကျေးလက်တောရွာတွေမှာရှိတဲ့ ယောကျ်ားကလေးတိုင်းရဲ့ ရိုးရာဓလေ့။
              ယောကျ်ားလေးတိုင်း အနည်းဆုံး ခွ(ဂွ)လွယ်အိတ်(လေးခွ၊ လောက်စာလုံးပါပြီးသား)တစ်လုံး ရှိတတ်ကြတယ်။ အဖြစ်ရှိရှိ မရှိရှိ ဆောင်ထားတတ်ကြတယ်။ ကိုယ့်မိသားစုအတွင်း ငှက်ပစ်ပြီး၊ ငါးမျှားပြီး လူရာဝင်မှုကို ပြချင်ကြသေးတာ။ "ဟယ် ငါးတွေ အများကြီးရခဲ့တာပဲ"တို့၊ "ဟယ် ငှက်တွေ ဘယ်နှစ်ကောင်ရခဲ့တာပဲ"တို့ ဆိုတဲ့ ချီးကျူးမှုကိုလည်း ရချင်ကြသေး။ ဟိုမရောက် ဒီမရောက် လူပျိုပေါက်ကလေးတို့ရဲ့ ဘဝင်ပေါ့။
             ကျွန်တော်ငယ်ငယ်တုန်းကရော ဘာထူးလဲ။ လေးခွတစ်လက် ငါးမျှားတံတစ်ချောင်းနဲ့ ရွာရိုးကိုးပေါက် လျှောက်ခဲ့ဖူးတာပဲ။ မဟာမြိုင်တောကြီးထဲ ဝင်တော့မယ့်အတိုင်း၊ အမေဇုံတောကြီးထဲ အရောက်သွားတော့မယ့်အတိုင်း ကိုယ့်ကိုယ်ကိုယ် ဧရာမမုဆိုးကြီးအလား ထင်မှတ်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော်က အကုသိုလ်ဘက်မှာ အဖြစ်မရှိ။ အကုသိုလ်ဘက်မှာ လက်မတည့်။ ငါးလည်း ချီးကျူးရလောက်အောင် မရဘူး။ ငှက်လည်း အမွှန်းတင်ရလောက်အောင် မမှန်ဘူး။ ဒီကြားထဲကကို.......။

×××××××××××××××××××××××××××××××××××

           မင်းဟာ
           ကမ္ဘာလောကကြီးပေါ်
           အလှတစ်စက် ဖြည့်စွက်နေတယ်ဆိုတာ
           ငါ မသိခဲ့ဘူး။
           ငါဟာ ကဗျာဆရာပါ
           အလှတရားကို ဖျက်ဆီးမိတာ
           ငါ ဝမ်းနည်းလို့ မဆုံးဘူး ငှက်ကလေးရေ။

           ပြုခဲ့ဖူးတဲ့ ကုသိုလ်တွေကို ခဏခဏသတိရရင် ကုသိုလ်တွေ ခဏခဏပြန်ရတတ်တယ်လို့ ကြားဖူးတယ်။ အကုသိုလ်တွေကို ပြန်မှတ်မိနေရင်ရော အကုသိုလ်တွေ ခဏခဏပြန်ဝင်နေမှာလား တွေးပူမိပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်မှာ မေ့ပျောက်လို့မရခဲ့။ ငှက်ကလေးအပေါ် စိတ်မကောင်းဖြစ်နေမိတယ်။
           ကျွန်တော် ခေါင်စဉ်ပေးထားတဲ့ ဗွတ်ဖင်နီတာ ငှက်ကလေးပါပဲ။ သေသေချာချာ ချိန်ပစ်ရင်တောင် မှန်ခဲ့မှာမဟုတ်။ မထင်မှတ်ဘဲ နေ့လယ်ခင်းလေးတစ်ခု အလှပျက်သွားခဲ့ရတယ်။ ငှက်ကလေးကို သေစေချင်လို့တော့မဟုတ်။ ရမ်းသန်းလက်ဆော့လိုက်ရာကနေ ငှက်ကလေး သေဆုံးသွားခဲ့ရတာ။   
            ဘာလို့ ဗွတ်ဖင်နီတာ ငှက်ကလေးကို မှတ်မိနေတာလဲဆိုတော့ ကျွန်တော်ကလည်း ငှက်တွေအများကြီး မပစ်ခဲ့လို့ပါ။ ပြီးတော့ ငှက်ကလေးကို တည့်တည့်ချိန်ပစ်လိုက်တာလည်း မဟုတ်။ ချိန်ဖို့နေနေသာသာ ငှက်ကလေးကို မြင်တောင်မမြင်ရ။ ဝေဟင်မှာ ပျံဝဲလာပြီး အုန်းပင်ပေါ်နားသွားတာပဲ မြင်လိုက်တာ။ လက်ထဲမှာလဲ လေးခွအဆင်သင့်ပါလာတာနဲ့ ပစ်လိုက်မိတာ။ တလည်လည်နဲ့ ပြုတ်ကျလာတော့မှ ငှက်ကလေးကို မှန်သွားမှန်း သိလိုက်ရတာပါ။
             တကယ်ဆို သူ့သဘာဝနဲ့သူ လွတ်လွတ်လပ်လပ်ပျံသန်းနေတဲ့ဥစ္စာ။ ငှက်ကလေးတွေကို ကြည့်ပြီး စိတ်အရမ်းညစ်သွားတဲ့သူဆိုတာ ရှိမှာမဟုတ်။ ငှက်ကလေးတွေကြောင့် ကမ္ဘာကြီး ကျက်သရေယုတ်သွားတယ်ဆိုတာလည်း မကြားဖူးပါ။ ငှက်ကလေးတွေလို ဝေဟင်မှာ ပျံဝဲလိုက်ချင်တာတို့၊ အတောင်ပံပါရင် မင်းဆီကိုတို့၊ ငှက်ဖြစ်ရင်ကွယ် တစ်ကိုင်းတည်းနားချင်တယ်တို့ စတဲ့ စိတ်ချမ်းမြေ့ဖွယ် အကြောင်းအရာလေးတွေပဲ ကြားရပါလိမ့်မယ်။
               အဲဒီအချိန်တုန်းကသာ ငှက်ကလေးတွေကို ကြည့်တတ်ခဲ့ရင် သဘာဝအလှတွေကို မြတ်နိုးတတ်ခဲ့ရင် ကျွန်တော် မှားခဲ့မိမှာမဟုတ်ပါ။ ပြန်လည်ပြင်ဆင်ခွင့်ရမယ်ဆိုရင်တော့ အဲဒီအခန်းကို ဖြတ်ပစ်ချင်ပါတယ်။

×××××××××××××××××××××××××××××××××××

            နေဝင်ချိန်ကို တစိမ့်စိမ့်ထိုင်ကြည့်တာတို့၊ တောတောင်တွေထဲသွားပြီး မှန်ပြောင်းနဲ့ ငှက်ကြည့်ကြတာတို့ကို ကျွန်တော် နားလည်ခံစားတတ်ခဲ့ပြီ။ သဘာဝအလှတရားတွေကို မြတ်နိုးခံစားတတ်တဲ့သူတွေဟာ အကြမ်းဖက်သမားတွေ လုံးဝဖြစ်မလာနိုင်။ လောကကို အလှဆင်သူတွေပဲ ဖြစ်လာပါလိမ့်မယ်။
             ခိုလေးတွေကို အစာကျွေးနေတဲ့သူတွေ၊ ကိုယ့်အိမ် တံစက်မြိတ်မှာ စာကလေးတွေအတွက် အသိုက်ဆောက်ပေးထားတဲ့ အိမ်ရှင်တွေ၊ ဘုရားကျောင်းကန်မှာ ငါးစာကျွေးနေတဲ့မြင်ကွင်းတွေကို မြင်ရရင် ကျွန်တော် အရမ်းကြည်နူးနေမိတယ်။
              သဘာဝအလှတရားတွေဆိုတာ ဖျက်ဆီးပစ်ဖို့မှ မဟုတ်ဘဲ။ ချစ်တတ် ခံစားတတ်ဖို့ လိုပါတယ်။ ရွှေတိဂုံဘုရားကို မြတ်နိုးတတ်တဲ့သူဟာ ပြင်သစ်က ပဲရစ်မျှော်စင်ကြီးကိုလည်း မြတ်နိုးနေပါလိမ့်မယ်။ အိန္ဒိယက တပ်ချ်မဟာကြိးကို တန်ဖိုးထားတတ်တဲ့သူဟာ တရုတ်ပြည်က မဟာတံတိုင်းကြီးကိုလည်း တန်ဖိုးထားနေပါလိမ့်မယ်။
           ကျွန်တော် အခု ငှက်မပစ်တော့ပါ။ ဗွတ်ဖင်နီတာ ငှက်ကလေးက ကျွန်တော် နောက်ဆုံးပစ်ခဲ့တဲ့ ငှက်တစ်ကောင်ဖြစ်ပါလိမ့်မယ်။ ကျွန်တော် ငှက်ကြည့်တတ်ခဲ့ပြီ။ သဘာဝအလှတရားတွေကို မြတ်နိုးတတ်ခဲ့ပြီ။ လောကကို အလှဆင်ဖို့ ကြိုးစားနေတတ်ခဲ့ပြီ။
            ဗွတ်ဖင်နီတာ ငှက်ကလေးကြောင့်ရယ်တော့ မဟုတ်ပါ။ ဒါပေမယ့် ဗွတ်ဖင်နီတာ ငှက်ကလေးကို တွေးမိတိုင်း ငှက်ကလေးက သဘာဝအလှတရားတွေကို ဆက်ချစ်နေဖို့ ကျွန်တော့်ကို တိုက်တွန်းနေသယောင်ယောင်.......။  ။

ရင်ရိုး
အောင်ပင်လယ် လူမှုဝန်းကျင်မဂ္ဂဇင်း၊
ဇူလိုင်+သြဂုတ်၊ ၂၀၁၃ခုနှစ်။

~~~~~~~~~~~~~~~~~~~~~~~~~~~

No comments:

Post a Comment