Wednesday, March 22, 2017

ႏွင္း

Zawgyi version

ႏွင္း
lllllll

ငါ့နားရြက္ဆီတျဖည္းျဖည္းတိုးကပ္လာတဲ့ႏွင္းေတြကို
ေသေသခ်ာခ်ာနားေထာင္ၾကည့္တယ္
နားေထာင္ရင္း၊နားေထာင္ရင္းနဲ႔
နားရြက္ထဲမွာမ်က္ရည္ေတြေဘာင္ဘင္ခတ္ေနတယ္
နားေထာင္ရင္း၊နားေထာင္ဆဲမွာ
နားရြက္ထဲကေနမ်က္ရည္ေတြစီးက်လာတယ္
ႏွင္းေတြကိုနားေထာင္ရတာသိပ္ပင္ပန္းတာပဲ
နားရြက္ထဲမွာႏွင္းေတြဟာတုန္ရီေနၾကတယ္
နားရြက္ထဲမွာႏွင္းေတြဟာေၾကာက္ရြံ႕ေနၾကတယ္
ႏွင္းေတြကိုခ်စ္ရတာသိပ္ပင္ပန္းတာပဲ
ငါ့နားရြက္ထဲတျဖည္းျဖည္းတိုးဝင္လာတဲ့ေနေရာင္ျခည္ကို
ေသေသခ်ာခ်ာနားေထာင္ၾကည့္တယ္
ငါ့နားရြက္ထဲကစီးက်လာတဲ့မ်က္ရည္ေတြကို
ငါ့မ်က္လံုးကေနေငးၾကည့္ေန႐ုံပါပဲ
ႏွင္းေတြကမ်က္ရည္လြယ္တယ္ေလ...။

ေအာင္ကိုကိုလတ္(တမူး)

Unicode version

နှင်း
lllllll

ငါ့နားရွက်ဆီတဖြည်းဖြည်းတိုးကပ်လာတဲ့နှင်းတွေကို
သေသေချာချာနားထောင်ကြည့်တယ်
နားထောင်ရင်း၊နားထောင်ရင်းနဲ့
နားရွက်ထဲမှာမျက်ရည်တွေဘောင်ဘင်ခတ်နေတယ်
နားထောင်ရင်း၊နားထောင်ဆဲမှာ
နားရွက်ထဲကနေမျက်ရည်တွေစီးကျလာတယ်
နှင်းတွေကိုနားထောင်ရတာသိပ်ပင်ပန်းတာပဲ
နားရွက်ထဲမှာနှင်းတွေဟာတုန်ရီနေကြတယ်
နားရွက်ထဲမှာနှင်းတွေဟာကြောက်ရွံ့နေကြတယ်
နှင်းတွေကိုချစ်ရတာသိပ်ပင်ပန်းတာပဲ
ငါ့နားရွက်ထဲတဖြည်းဖြည်းတိုးဝင်လာတဲ့နေရောင်ခြည်ကို
သေသေချာချာနားထောင်ကြည့်တယ်
ငါ့နားရွက်ထဲကစီးကျလာတဲ့မျက်ရည်တွေကို
ငါ့မျက်လုံးကနေငေးကြည့်နေရုံပါပဲ
နှင်းတွေကမျက်ရည်လွယ်တယ်လေ...။

အောင်ကိုကိုလတ်(တမူး)

No comments:

Post a Comment