Wednesday, March 22, 2017

ကေလးေလးေတြ


Zawgyi version

ကေလးေလးေတြ
=============

အိမ္မႈကိစၥကြ်မ္းက်င္တယ္
ထမင္းမဝလင္ေသးတဲ႔အိမ္ေဖာ္ေလးေတြ

အမိႈက္ပုံကိုယပ္ဖြ ဗူးခံြ ပုလင္းခြံ 

ပလပ္စတစ္လိုက္ေကာက္ေနတာေတြ
ႏြားလွည္းမွာခိုစီးလို႔ ေခ်ာင္းေျမာင္းေဘး
ဖားငါးရွာေနတာေတြ
လက္ဘက္ရည္ဆိုင္မွာေနသားမက်
အိမ္လြမ္းစိတ္နဲ႔အလဲထိုးေနတာေတြ
ေတာင္းရမ္းစားေသာက္ျခင္းမွာက်င္လည္ရင္း
အနာဂတ္အတြက္ဝါက်င္ေနတဲ႔သစ္ရြက္ေတြ
လြယ္အိတ္ထဲပုလင္းေတြနဲ႔အေဖအတြက္အရက္ဝယ္ေပးေနရတာေတြ
အိမ္တြင္းေရးျပႆနာေဘးမ်က္ရည္ဝဲေနၾကတာေတြ
ဂလိုင္သံတညံညံေပးကာ ေရခဲေခ်ာင္းထြက္ေရာင္းေနတာေတြ
ဗီဇကဆိုးသြမ္းေပမဲ႔ျပဳျပင္ထိန္းေက်ာင္းအားစိုက္ထည့္ထားရမွာေတြ
ဘူတာရံုမွာေရကုသိုလ္ ရထားတဲြေပၚက မုန္႔မ်ိဳးစုံေရာင္းေနတာေတြ
ယမ္းေငြ႔ေတြၾကားအသက္ရႈၾကပ္စစ္ဒဏ္ခံစားေနတာေတြ
က်ည္ဆံေတြေပါမ်ားျပီးေပါင္မုန္႔ရွားပါးေနတဲ႔အရပ္ေတြ
စာေမးပဲြေမးခြန္းလႊာမွာ စစ္ရဲ႕အေၾကာင္းပါ
ေျဖဆိုခဲ႔တဲ႔သင္ခန္းစာဟာ အနိဌာရံုဆိုတာေတြ
မီးေလာင္ပ်က္ဆီးျပာပုံေတြထိုးမြရင္း လမ္းေပ်ာက္ေနတဲ႔လူမမယ္ေလးေတြ
အေရာင္းအဝယ္ပစၥည္းအျဖစ္ ႏိုင္ငံရပ္ျခားလူကုန္ကူးခံရတာေတြ
အပူအပင္ကင္းတဲ႔ကေလးေလးဘဝကေန ပူပင္စရာမ်ားျပားေနတာေတြ
သားသားၾကီးရင္ဘာလုပ္မယ္အေမးနဲ႔
နာက်င္တဲ႔ကမာၻကရင္ေသြးငယ္ကေလးေတြ ။

- သြယ္ဘ -
[ ခုႏွစ္ေရာင္စဥ္ကဗ်ာမ်ား ကဗ်ာစာအုပ္မွ ]


Unicode version


ကလေးလေးတွေ 

=============


အိမ်မှုကိစ္စကျွမ်းကျင်တယ် 

ထမင်းမဝလင်သေးတဲ့အိမ်ဖော်လေးတွေ

အမှိုက်ပုံကိုယပ်ဖွ ဗူးခွံ ပုလင်းခွံ 

ပလပ်စတစ်လိုက်ကောက်နေတာတွေ

နွားလှည်းမှာခိုစီးလို့ ချောင်းမြောင်းဘေး

ဖားငါးရှာနေတာတွေ

လက်ဘက်ရည်ဆိုင်မှာနေသားမကျ 

အိမ်လွမ်းစိတ်နဲ့အလဲထိုးနေတာတွေ

တောင်းရမ်းစားသောက်ခြင်းမှာကျင်လည်ရင်း 

အနာဂတ်အတွက်ဝါကျင်နေတဲ့သစ်ရွက်တွေ 

လွယ်အိတ်ထဲပုလင်းတွေနဲ့အဖေအတွက်အရက်ဝယ်ပေးနေရတာတွေ

အိမ်တွင်းရေးပြဿနာဘေးမျက်ရည်ဝဲနေကြတာတွေ

ဂလိုင်သံတညံညံပေးကာ ရေခဲချောင်းထွက်ရောင်းနေတာတွေ

ဗီဇကဆိုးသွမ်းပေမဲ့ပြုပြင်ထိန်းကျောင်းအားစိုက်ထည့်ထားရမှာတွေ

ဘူတာရုံမှာရေကုသိုလ် ရထားတွဲပေါ်က မုန့်မျိုးစုံရောင်းနေတာတွေ

ယမ်းငွေ့တွေကြားအသက်ရှုကြပ်စစ်ဒဏ်ခံစားနေတာတွေ

ကျည်ဆံတွေပေါများပြီးပေါင်မုန့်ရှားပါးနေတဲ့အရပ်တွေ

စာမေးပွဲမေးခွန်းလွှာမှာ စစ်ရဲ့အကြောင်းပါ

ဖြေဆိုခဲ့တဲ့သင်ခန်းစာဟာ အနိဌာရုံဆိုတာတွေ

မီးလောင်ပျက်ဆီးပြာပုံတွေထိုးမွရင်း လမ်းပျောက်နေတဲ့လူမမယ်လေးတွေ

အရောင်းအဝယ်ပစ္စည်းအဖြစ် နိုင်ငံရပ်ခြားလူကုန်ကူးခံရတာတွေ

အပူအပင်ကင်းတဲ့ကလေးလေးဘဝကနေ ပူပင်စရာများပြားနေတာတွေ

သားသားကြီးရင်ဘာလုပ်မယ်အမေးနဲ့

နာကျင်တဲ့ကမ္ဘာကရင်သွေးငယ်ကလေးတွေ ။


- သွယ်ဘ -

[ ခုနှစ်ရောင်စဉ်ကဗျာများ ကဗျာစာအုပ်မှ ]



No comments:

Post a Comment