Wednesday, March 22, 2017

မီးဖို

Zawgyi version

မီးဖို
lllllll
မီးဖိုေပၚမွာ
ေရေႏြးအိုးဟာ
ပြက္ပြက္ဆူေနတယ္
မီးဖိုေဘးမွာ
ေၾကာင္မႀကီးက
ေၾကာင္ကေလးေတြကို ႏို႔တိုက္ေနတယ္
မီးဖိုေဘးမွာပဲ
ႂကြက္ေတြ
အေၾကာက္အလန္႔မ႐ွိေျပးလႊားေနၾကတယ္
ေၾကာင္မႀကီးရဲ႕စိတ္ကူးဟာ
ႂကြက္ေတြကိုစိတ္႐ွိလက္႐ွိခုတ္ပစ္ခ်င္ေနမလား
ႂကြက္ေတြရဲ႕စိတ္ကူးဟာ
ေၾကာင္မႀကီးကိုေရေႏြးအိုးထဲထည့္ျပဳတ္ပစ္ခ်င္ေနမလား
မီးဖိုေပၚမွာ
ေရေႏြးအိုးဟာ
ပြက္ပြက္ဆူေနတယ္
မီးဖိုရဲ႕စိတ္ကူးဟာ
မီးေတာက္ေတြကိုၿငိႇမ္းသတ္ပစ္ခ်င္ေနမလား။
ေအာင္ကိုကိုလတ္(တမူး)
၂၄.၁.၂၀၁၇


Unicode version

မီးဖို
lllllll
မီးဖိုပေါ်မှာ
ရေနွေးအိုးဟာ
ပွက်ပွက်ဆူနေတယ်
မီးဖိုဘေးမှာ
ကြောင်မကြီးက
ကြောင်ကလေးတွေကို နို့တိုက်နေတယ်
မီးဖိုဘေးမှာပဲ
ကြွက်တွေ
အကြောက်အလန့်မရှိပြေးလွှားနေကြတယ်
ကြောင်မကြီးရဲ့စိတ်ကူးဟာ
ကြွက်တွေကိုစိတ်ရှိလက်ရှိခုတ်ပစ်ချင်နေမလား
ကြွက်တွေရဲ့စိတ်ကူးဟာ
ကြောင်မကြီးကိုရေနွေးအိုးထဲထည့်ပြုတ်ပစ်ချင်နေမလား
မီးဖိုပေါ်မှာ
ရေနွေးအိုးဟာ
ပွက်ပွက်ဆူနေတယ်
မီးဖိုရဲ့စိတ်ကူးဟာ
မီးတောက်တွေကိုငြှိမ်းသတ်ပစ်ချင်နေမလား။
အောင်ကိုကိုလတ်(တမူး)
၂၄.၁.၂၀၁၇

No comments:

Post a Comment