Wednesday, March 22, 2017

ေရငုပ္ျခင္း

Zawgyi version

ေရငုပ္ျခင္း
။။။။။။။။။။။။။။

ဒီေန႔ သားသားသစၥာတည္ဦးကို ေရငုပ္သင္ေပးျဖစ္တယ္။ ေရငုပ္တာဟာ သင္ေပးရေလာက္ေအာင္ခက္ခဲတဲ့ ပညာရပ္တစ္ခုေတာ့ မဟုတ္ပါဘူး။ ေရထဲမွာ ေခါင္းႏွစ္ၿပီး အသက္ေအာင့္ထားလိုက္႐ုံပါပဲ။ ဒါေပမယ့္ တစ္ခါမွေရမငုပ္ဖူးတဲ့ သားသားအတြက္ေတာ့ ခက္ခဲေနခဲ့တာအမွန္ပါ။
             ေရနဲ႔နီးနီးစပ္စပ္ မေနခဲ့ဖူးသူေတြ ေရေၾကာက္တတ္တာ ဆန္းေတာ့မဆန္းပါဘူး။ တခ်ိဳ႕လူေတြ အသက္အ႐ြယ္ရလာေပမယ့္ ေရမကူးတတ္။ ေရမက်င္တတ္။ ေရမွာ ေပၚေနေအာင္ ကိုယ္ေဖာ့ၿပီး မေနတတ္ၾက။ ေရထဲမွာ တစ္ကိုယ္လုံးျမဳပ္ေနေအာင္ ငုပ္ေနဖို႔ဆိုတာကေတာ့ ေဝလာေဝး။ ေသမေလာက္ေၾကာက္ၾကတယ္။
               ကြၽန္ေတာ္ကေတာ့ ေခ်ာင္းနဲ႔ေျမာင္းနဲ႔ နီးစပ္ခဲ့သူဆိုေတာ့ အေတာ္အသင့္ေရကို မေၾကာတ္တတ္။ ေရ ဘယ္လိုကူးရမယ္၊ ေရ ဘယ္လိုက်င္ရမယ္ က်က်နနသင္ေပးခဲ့သူမ႐ိွပါဘဲ ေရကူးတတ္ခဲ့တယ္။ ေရကူးၿပိဳင္တယ္၊ ေရငုပ္ၿပိဳင္တယ္ဆိုတာ ထူးထူးျခားျခားစာဖြဲ႔ေနရေလာက္တဲ့ အေတြ႔အၾကဳံမဟုတ္။ ကိုယ့္ရပ္ကိုယ့္႐ြာက ေကာင္ေတြတိုင္း ၾကဳံေနၾက၊ ေတြ႔ေနၾက။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
                ကြၽန္ေတာ့္သားအလွည့္မွာေတာ့ ဒီလိုမဟုတ္။ ေခ်ာင္းနဲ႔ေျမာင္းနဲ႔ မနီး။ တြင္းေရပဲ အျမဲတမ္​းခပ္ခ်ိဳးေနၾကဆိုေတာ့ ေခ်ာင္းေရေျမာင္းေရကို သူေၾကာက္တယ္။ သူ႔အ႐ြယ္မွာ ကြၽန္ေတာ္ငယ္ငယ္ကဆို ကြၽမ္းျပန္ေနၿပီ။ ေ႐ွ႕ကြၽမ္း၊ ေနာက္ကြၽမ္း၊ ေဘးကြၽမ္း ကြၽမ္းေပါင္းစုံ။ ဒိုက္ဗင္တစြက္စြက္ပစ္ေနၿပီ။
                သူ႔မွာေတာ့ မဟုတ္။
                အသက္က ႐ွစ္ႏွစ္ျပည့္ေတာ့မယ္။ တစ္ခါမွ ေရမငုပ္ဖူးဘူး။ တစ္ခါမွ ေရမကူးဖူးဘူး။ တစ္ခါမွ ကြၽမ္းမပစ္ဖူးဘူး။
                ဒီေန႔ေတာ့ သားကို ပါဟဲေခ်ာင္းေခၚသြား၊ ေရကူးခိုင္း၊ ေရငုပ္ခိုင္းၾကည့္တယ္။ လုံးဝမရ၊။ လုံးဝမကူးတတ္။ လုံးဝမငုပ္တတ္။
                 ကြၽန္ေတာ့္မွာ သားသားကိုၾကည့္ၿပီး အားမရေတာ့။ စိတ္မ႐ွည္ခ်င္ေတာ့။ ဒါေလးမ်ားကြာဆိုၿပီး စိတ္က ျဖစ္လာတယ္။ ဒါနဲ႔ သူ႔ေခါင္းကို အတင္းဖိ၊ စြက္ခနဲႏွစ္မိလိုက္ေတာ့တယ္။
                ဖိထားတဲ့လက္ကို လႊတ္လိုက္ေတာ့ တဖူးဖူးနဲ႔ ဝူးရားဝူးရားေအာ္ေတာ့တာေပါ့။ အသက္ကို ႐ႈိက္တဲ့႐ိႈက္တဲ့ၿပီး ႐ွဴေနလိုက္တာ ကြၽန္ေတာ့္မွာ ဝမ္းနည္းသနားႀကီးခံစားလိုက္ရတယ္။ ဇြတ္ငုပ္မေပးဖို႔ ဆုံးျဖတ္လိုက္ေတာ့တယ္။ ကြၽန္ေတာ့္လက္ကို ကိုင္ခိုင္းၿပီး ျဖည္းျဖည္းသာသာငုပ္ဖို႔ သုံးေလးခါေလာက္ႀကိဳးစားေပးလိုက္တယ္။
                  ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ့္သား ပထမဆုံးအႀကိမ္ ေရငုပ္ဖူးၿပီ။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
                  လူ႔ဘဝမွာလည္း တစ္ခါတစ္ခါ ေရငုပ္သလို ငုပ္ေနသင့္တဲ့အေၾကာင္း သားသားသစၥာတည္ဦး အ႐ြယ္ေရာက္လာရင္ ထပ္သင္ေပးရဦးမယ္။  ။

ရင္႐ိုး
22-1-2017

Unicode version

ရေငုပ်ခြင်း
။။။။။။။။။။။။။။

ဒီနေ့ သားသားသစ္စာတည်ဦးကို ရေငုပ်သင်ပေးဖြစ်တယ်။ ရေငုပ်တာဟာ သင်ပေးရလောက်အောင်ခက်ခဲတဲ့ ပညာရပ်တစ်ခုတော့ မဟုတ်ပါဘူး။ ရေထဲမှာ ခေါင်းနှစ်ပြီး အသက်အောင့်ထားလိုက်ရုံပါပဲ။ ဒါပေမယ့် တစ်ခါမှရေမငုပ်ဖူးတဲ့ သားသားအတွက်တော့ ခက်ခဲနေခဲ့တာအမှန်ပါ။
             ရေနဲ့နီးနီးစပ်စပ် မနေခဲ့ဖူးသူတွေ ရေကြောက်တတ်တာ ဆန်းတော့မဆန်းပါဘူး။ တချို့လူတွေ အသက်အရွယ်ရလာပေမယ့် ရေမကူးတတ်။ ရေမကျင်တတ်။ ရေမှာ ပေါ်နေအောင် ကိုယ်ဖော့ပြီး မနေတတ်ကြ။ ရေထဲမှာ တစ်ကိုယ်လုံးမြုပ်နေအောင် ငုပ်နေဖို့ဆိုတာကတော့ ဝေလာဝေး။ သေမလောက်ကြောက်ကြတယ်။
               ကျွန်တော်ကတော့ ချောင်းနဲ့မြောင်းနဲ့ နီးစပ်ခဲ့သူဆိုတော့ အတော်အသင့်ရေကို မကြောတ်တတ်။ ရေ ဘယ်လိုကူးရမယ်၊ ရေ ဘယ်လိုကျင်ရမယ် ကျကျနနသင်ပေးခဲ့သူမရှိပါဘဲ ရေကူးတတ်ခဲ့တယ်။ ရေကူးပြိုင်တယ်၊ ရေငုပ်ပြိုင်တယ်ဆိုတာ ထူးထူးခြားခြားစာဖွဲ့နေရလောက်တဲ့ အတွေ့အကြုံမဟုတ်။ ကိုယ့်ရပ်ကိုယ့်ရွာက ကောင်တွေတိုင်း ကြုံနေကြ၊ တွေ့နေကြ။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
                ကျွန်တော့်သားအလှည့်မှာတော့ ဒီလိုမဟုတ်။ ချောင်းနဲ့မြောင်းနဲ့ မနီး။ တွင်းရေပဲ အမြဲတမ်းခပ်ချိုးနေကြဆိုတော့ ချောင်းရေမြောင်းရေကို သူကြောက်တယ်။ သူ့အရွယ်မှာ ကျွန်တော်ငယ်ငယ်ကဆို ကျွမ်းပြန်နေပြီ။ ရှေ့ကျွမ်း၊ နောက်ကျွမ်း၊ ဘေးကျွမ်း ကျွမ်းပေါင်းစုံ။ ဒိုက်ဗင်တစွက်စွက်ပစ်နေပြီ။
                သူ့မှာတော့ မဟုတ်။
                အသက်က ရှစ်နှစ်ပြည့်တော့မယ်။ တစ်ခါမှ ရေမငုပ်ဖူးဘူး။ တစ်ခါမှ ရေမကူးဖူးဘူး။ တစ်ခါမှ ကျွမ်းမပစ်ဖူးဘူး။
                ဒီနေ့တော့ သားကို ပါဟဲချောင်းခေါ်သွား၊ ရေကူးခိုင်း၊ ရေငုပ်ခိုင်းကြည့်တယ်။ လုံးဝမရ၊။ လုံးဝမကူးတတ်။ လုံးဝမငုပ်တတ်။
                 ကျွန်တော့်မှာ သားသားကိုကြည့်ပြီး အားမရတော့။ စိတ်မရှည်ချင်တော့။ ဒါလေးများကွာဆိုပြီး စိတ်က ဖြစ်လာတယ်။ ဒါနဲ့ သူ့ခေါင်းကို အတင်းဖိ၊ စွက်ခနဲနှစ်မိလိုက်တော့တယ်။
                ဖိထားတဲ့လက်ကို လွှတ်လိုက်တော့ တဖူးဖူးနဲ့ ဝူးရားဝူးရားအော်တော့တာပေါ့။ အသက်ကို ရှိုက်တဲ့ရှိုက်တဲ့ပြီး ရှူနေလိုက်တာ ကျွန်တော့်မှာ ဝမ်းနည်းသနားကြီးခံစားလိုက်ရတယ်။ ဇွတ်ငုပ်မပေးဖို့ ဆုံးဖြတ်လိုက်တော့တယ်။ ကျွန်တော့်လက်ကို ကိုင်ခိုင်းပြီး ဖြည်းဖြည်းသာသာငုပ်ဖို့ သုံးလေးခါလောက်ကြိုးစားပေးလိုက်တယ်။
                  ဘာပဲဖြစ်ဖြစ် ကျွန်တော့်သား ပထမဆုံးအကြိမ် ရေငုပ်ဖူးပြီ။

✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
                  လူ့ဘဝမှာလည်း တစ်ခါတစ်ခါ ရေငုပ်သလို ငုပ်နေသင့်တဲ့အကြောင်း သားသားသစ္စာတည်ဦး အရွယ်ရောက်လာရင် ထပ်သင်ပေးရဦးမယ်။  ။

ရင်ရိုး
22-1-2017

No comments:

Post a Comment