Wednesday, March 22, 2017

လူနာ(၆)

Zawgyi version


ေရဦး မဂၢဇင္း အမွတ္(၅)၊၂၀၁၇ မွ

လူနာ(၆)
llllllllllllll​l

​ပန္​းပြင္​့က​ေလး​ေတြကိုၾကည္​့ၿပီး
ပန္​းပြင္​့က​ေလး​ေတြလိုစိတ္​ကူးမိတယ္​
ဟို​ေ႐ွ႕ကျမက္​ခင္​း​ေပၚမွာ
​တီတီတာတာစကားလံုးက​ေလး​ေတြကခုန္​​ေနတယ္​
ဟို​ေ႐ွ႕ကခုံတန္​းလ်ား​ေပၚမွာ
တစ္​​​ေယာက္​တည္​းဆိုတဲ့အဓိပၸါယ္​ကိုဖြဲ႔ႏြဲ႔​ေနတယ္​
ဟို​ေ႐ွ႕မွာ
လူတစ္​​ေယာက္​​ကိုလူ​ေတြအမ်ားႀကီးလိုက္​ပါပို႔​ေဆာင္​​ေနၾကတဲ့႐ႈခင္​း
ဟို​ေ႐ွ႕မွာလည္​း
လူတစ္​​ေယာက္​လူမသိသူမသိထြက္​ခြာသြားတဲ့ျမင္​ကြင္​း
လမ္​းခုလတ္​မ​ေရာက္​ခင္​
လမ္​း​ေပၚမွာခ်စ္​ျခင္​​း​ေမတၱာနဲ႔ျငင္​းခုန္​ရတဲ့အရသာ
လမ္​းဆံုးမ​ေရာက္​ခင္​
လမ္​း​ေပၚမွာခ်စ္​ျခင္​း​ေမတၱာနဲ႔​ေကြကြင္​းရတဲ့ဒုကၡ
အနာက်င္​ဆံုး​ေပ်ာ္​ရႊင္​မႈထက္​
အ​ေပ်ာ္​ရႊင္​ဆံုးနာက်င္​မႈကပိုခံစားလို႔​ေကာင္​းတယ္​
​ေသရာပါမယ္​့ဒဏ္​ရာထက္​
​ေသရာပါမယ္​့အမာရြတ္​ကပိုၿပီး​ေမ့​ေဖ်ာက္​ဖို႔ခက္​တယ္​
ရယ္​​ေတာ့ရယ္​စရာပါပဲ
ငို​ေတာ့လည္​းငိုစရာပါပဲ
မ်က္​ရည္​​ေတြကိုမိုး​ေရ​ေတြလို႔ျမင္​​ေယာင္​​ေနတဲ့အခါ...။

ေအာင္​ကိုကိုလတ္​(တမူး)


Unicode version


ရေဦး မဂ္ဂဇင်း အမှတ်(၅)၊၂၀၁၇ မှ


လူနာ(၆)

lllllllllllllll


ပန်းပွင့်ကလေးတွေကိုကြည့်ပြီး

ပန်းပွင့်ကလေးတွေလိုစိတ်ကူးမိတယ်

ဟိုရှေ့ကမြက်ခင်းပေါ်မှာ

တီတီတာတာစကားလုံးကလေးတွေကခုန်နေတယ်

ဟိုရှေ့ကခုံတန်းလျားပေါ်မှာ

တစ်ယောက်တည်းဆိုတဲ့အဓိပ္ပါယ်ကိုဖွဲ့နွဲ့နေတယ်

ဟိုရှေ့မှာ

လူတစ်ယောက်ကိုလူတွေအများကြီးလိုက်ပါပို့ဆောင်နေကြတဲ့ရှုခင်း

ဟိုရှေ့မှာလည်း

လူတစ်ယောက်လူမသိသူမသိထွက်ခွာသွားတဲ့မြင်ကွင်း

လမ်းခုလတ်မရောက်ခင်

လမ်းပေါ်မှာချစ်ခြင်းမေတ္တာနဲ့ငြင်းခုန်ရတဲ့အရသာ

လမ်းဆုံးမရောက်ခင်

လမ်းပေါ်မှာချစ်ခြင်းမေတ္တာနဲ့ကွေကွင်းရတဲ့ဒုက္ခ

အနာကျင်ဆုံးပျော်ရွှင်မှုထက်

အပျော်ရွှင်ဆုံးနာကျင်မှုကပိုခံစားလို့ကောင်းတယ်

သေရာပါမယ့်ဒဏ်ရာထက်

သေရာပါမယ့်အမာရွတ်ကပိုပြီးမေ့ဖျောက်ဖို့ခက်တယ်

ရယ်တော့ရယ်စရာပါပဲ

ငိုတော့လည်းငိုစရာပါပဲ

မျက်ရည်တွေကိုမိုးရေတွေလို့မြင်ယောင်နေတဲ့အခါ...။


အောင်ကိုကိုလတ်(တမူး)




No comments:

Post a Comment