Monday, March 27, 2017

အို တပ္မေတာ္

Zawgyi version

အို တပ္မေတာ္
။။။။။။။။။။။။။။။။။။။။

အို တပ္မေတာ္၊ ျပည့္ရဲေဘာ္သည္
က်ဴးေက်ာ္ဝါဒ၊ ေခ်မႈန္းျပသည္
အာဂေယာက်္ားေကာင္းတကား။

အို တပ္မေတာ္၊ ျပည့္ရဲေဘာ္သည္
က်ဴး​ေက်ာ္​ဖက္ဆစ္၊ တိုက္ထုတ္ပစ္သည္
ျပည္ခ်စ္သားေကာင္းမ်ားတကား။

အို တပ္မေတာ္၊ ျပည့္ရဲေဘာ္တို႔
ေလာ္မာေဖာက္ျပား၊ မစိမ္းကားႏွင့္
ျပည့္အားထားရာ၊ စြမ္းေဆာင္ပါေလာ့။

အို တပ္မေတာ္၊ ျပည့္ရဲေဘာ္တို႔
အေဖာ္ေဆြမြန္၊ ျပည္သူ႔ကြၽန္ဟု
က်ိဳးႏြံ႐ိုက်ိဳး၊ သယ္ပိုးပါေလာ့။

ျပည္သူ႔ဘက္က၊ ရပ္တည္ၾကလွ်င္
ျပည္သူကလည္း၊ ခ်စ္ျမဲသာတည့္။

ျပည္သူ႔အက်ိဳး၊ ႐ြက္သယ္ပိုးလွ်င္
ျပည္သူျမတ္ႏိုး၊ လြန္အားကိုး၏။

သမိုင္းစဥ္လာ၊ ဂုဏ္ထည္ဝါျဖင့္
ဖြားကာျဖစ္တည္၊ အို စစ္သည္တို႔
တိုင္းျပည္ဂုဏ္ျမႇင့္၊ သေရတင့္ေအာင္
က်င့္ၾကံပါေလာ့ က်င့္ပါေလာ့။     ။

ျမစ္႐ိုး
27-3-2017

Uni version

အို တပ်မတော်
။။။။။။။။။။။။။။။။။။။။

အို တပ်မတော်၊ ပြည့်ရဲဘော်သည်
ကျူးကျော်ဝါဒ၊ ချေမှုန်းပြသည်
အာဂယောကျ်ားကောင်းတကား။

အို တပ်မတော်၊ ပြည့်ရဲဘော်သည်
ကျူးကျော်ဖက်ဆစ်၊ တိုက်ထုတ်ပစ်သည်
ပြည်ချစ်သားကောင်းများတကား။

အို တပ်မတော်၊ ပြည့်ရဲဘော်တို့
လော်မာဖောက်ပြား၊ မစိမ်းကားနှင့်
ပြည့်အားထားရာ၊ စွမ်းဆောင်ပါလော့။

အို တပ်မတော်၊ ပြည့်ရဲဘော်တို့
အဖော်ဆွေမွန်၊ ပြည်သူ့ကျွန်ဟု
ကျိုးနွံရိုကျိုး၊ သယ်ပိုးပါလော့။

ပြည်သူ့ဘက်က၊ ရပ်တည်ကြလျှင်
ပြည်သူကလည်း၊ ချစ်မြဲသာတည့်။

ပြည်သူ့အကျိုး၊ ရွက်သယ်ပိုးလျှင်
ပြည်သူမြတ်နိုး၊ လွန်အားကိုး၏။

သမိုင်းစဉ်လာ၊ ဂုဏ်ထည်ဝါဖြင့်
ဖွားကာဖြစ်တည်၊ အို စစ်သည်တို့
တိုင်းပြည်ဂုဏ်မြှင့်၊ သရေတင့်အောင်
ကျင့်ကြံပါလော့ ကျင့်ပါလော့။     ။

မြစ်ရိုး
27-3-2017

No comments:

Post a Comment