Wednesday, March 22, 2017

နယ္စပ္

Zawgyi version

နယ္စပ္
။။။။။။။။။။။။

နယ္စပ္မွာ မလြယ္ေပါက္ေတြ႐ိွတယ္
တကယ္ကို မလြယ္တဲ့မလြယ္ေပါက္
မလည္မ၀ယ္ဆိုရင္ ကြိသြားမယ္
လုံၿခံဳေရး႐ိွတယ္ လုံၿခံဳမႈမ႐ိွဘူး
ဒုစ႐ိုက္မႈနဲ႕ မူးယစ္ေဆး
လြယ္လြယ္ေလး ရႏိုင္တဲ့ေနရာ။
လိုခ်င္တာေတြ ရႏိုင္သလို
မလိုခ်င္တာေတြလည္း ရႏိုင္တယ္။
ရန္သူအခ်င္းခ်င္း ႏႈတ္ဆက္ေနတတ္တဲ့ နယ္စပ္
မိတ္ေဆြအခ်င္းခ်င္း ဖ်ံက်ေနတတ္တဲ့ နယ္စပ္။
ပီေအာင္ေပါင္း ပိုင္ေအာင္လုပ္ ပိုက္သြားေပေတာ့။
လူမ်ိဳးစုံတယ္ ဘာသာစုံတယ္
အသားအေရာင္ ခြဲျခားမႈမ႐ွိ
လူမ်ိဳးေရး ခြဲျခားမႈမ႐ိွ
လက္သီးဆုပ္ျပလို႕ လက္၀ါးေထာင္ျပရင္ ၿပီးၿပီ။
ေလာကဓံကလည္း အတက္အက်ျမန္လို႕
ခံႏိုင္ရည္္နဲ႕ သတၲိကို ေဆာင္ထားရမယ္
လွည့္စားတတ္တယ္ ျဖားေယာင္းတတ္တယ္
လူတစ္ေယာက္ရဲ႕ စာရိတၲကို
အၿမဲတမ္း စမ္းသပ္ေနတတ္တဲ့ နယ္စပ္။    ။
           
ရင္႐ိုး
( မတ္လ၊ ၂၀၁၃၊ ၿပံဳးစရာမဂၢဇင္း)
"ခုႏွစ္သြယ္ေရာင္စဥ္" ကဗ်ာစုစည္းမႈ၊

Unicode version

နယ်စပ်
။။။။။။။။။။။။

နယ်စပ်မှာ မလွယ်ပေါက်တွေရှိတယ်
တကယ်ကို မလွယ်တဲ့မလွယ်ပေါက်
မလည်မဝယ်ဆိုရင် ကွိသွားမယ်
လုံခြုံရေးရှိတယ် လုံခြုံမှုမရှိဘူး
ဒုစရိုက်မှုနဲ့ မူးယစ်ဆေး
လွယ်လွယ်လေး ရနိုင်တဲ့နေရာ။
လိုချင်တာတွေ ရနိုင်သလို
မလိုချင်တာတွေလည်း ရနိုင်တယ်။
ရန်သူအချင်းချင်း နှုတ်ဆက်နေတတ်တဲ့ နယ်စပ်
မိတ်ဆွေအချင်းချင်း ဖျံကျနေတတ်တဲ့ နယ်စပ်။
ပီအောင်ပေါင်း ပိုင်အောင်လုပ် ပိုက်သွားပေတော့။
လူမျိုးစုံတယ် ဘာသာစုံတယ်
အသားအရောင် ခွဲခြားမှုမရှိ
လူမျိုးရေး ခွဲခြားမှုမရှိ
လက်သီးဆုပ်ပြလို့ လက်ဝါးထောင်ပြရင် ပြီးပြီ။
လောကဓံကလည်း အတက်အကျမြန်လို့
ခံနိုင်ရည်နဲ့ သတ္တိကို ဆောင်ထားရမယ်
လှည့်စားတတ်တယ် ဖြားယောင်းတတ်တယ်
လူတစ်ယောက်ရဲ့ စာရိတ္တကို
အမြဲတမ်း စမ်းသပ်နေတတ်တဲ့ နယ်စပ်။    ။
           
ရင်ရိုး
( မတ်လ၊ ၂၀၁၃၊ ပြုံးစရာမဂ္ဂဇင်း)
"ခုနှစ်သွယ်ရောင်စဉ်" ကဗျာစုစည်းမှု၊

No comments:

Post a Comment