Zawgyi version
ငါးေခါင္းထဲက အသားဖတ္ေတြ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ငါးေခါင္းဟင္းခ်ိဳဆိုတာ ေစ်းႀကီးတဲ့ဟင္းလ်ာ။ ခ်ဥ္ခ်ိဳအရသာအျပည့္။ လွ်ာရင္းျမက္လွပါတယ္။ ထမင္းေလးတစ္လဳတ္စားအၿပီး ငါးေခါင္းဟင္းရည္ကေလးတစ္စြန္းေလာက္ ေသာက္လိုက္ရရင္ အာလွ်ေျပေပ်ာက္သြားတတ္တယ္။ လ်ွာျပတ္တယ္ေခၚတာေပါ့။
သိတဲ့အတိုင္း ငါးေခါင္းဟင္းရည္က ဟင္းရည္တင္ ေသာက္လို႔ေကာင္းတာမဟုတ္။ ငါးေခါင္းထဲမွာ ကတ္သီးကတ္သတ္တြယ္ကပ္ေနတဲ့ အသားဖတ္ကေလးေတြကလည္း အရသာ႐ိွတယ္မဟုတ္လား။ ငါးေခါင္းကို လက္ကကိုင္တဲ့ၿပီး ႁပြတ္ခနဲႁပြတ္ခနဲစုပ္ၿမိဳလိုက္ရရင္ တစ္ခါတည္းခြန္အားျပည့္ေမာက္သြားသလို ခံစားရတတ္တယ္။
ဒါက အ႐ြယ္ေရာက္ၿပီးသူေတြသာ ျပဳမူခံစားႏိုင္တဲ့အရသာ။ အ႐ြယ္မေရာက္ေသးတဲ့ကေလးငယ္ေတြကေတာ့ တင္းျပည့္က်ပ္ျပည့္ခံစားႏိုင္မွာမဟုတ္။ ငါးေခါင္းတစ္ေခါင္းကို ခ်ေပးထားၿပီး ကေလးငယ္ေတြကို သူတို႔ဘာသာစားခိုင္းလို႔ မျဖစ္ႏိုင္ပါ။ ငါးအ႐ိုးစူးလို႔ ဒုကၡေရာက္သြားႏိုင္ပါတယ္။
ကေလးေလးေတြ ငါးေခါင္းထဲက အသားဖတ္ကေလးေတြကို စားရဖို႔ လူႀကီးေတြက အကူအညီေပးသင့္လွပါတယ္။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
"အေမရယ္
တျခားသူေတြအတြက္ေတာ့
အရာရာဟာ
လက္တစ္ပစ္စာရယ္ပါ၊
သားမွာေတာ့
ယူဇနာသန္းေပါင္းမ်ားစြာ ေဝးကြာလို႔၊"
"ၾကယ္ျပာေလးနဲ႔ ထမင္းစားၿပီးတဲ့ေနာက္"ကဗ်ာမွာ ေမာင္ေခ်ာႏြယ္ေရးခဲ့တယ္။ တခ်ိဳ႕အတြက္ လက္တစ္ပစ္စာဟာ တခ်ိဳ႕အတြက္ ယူဇနာသန္းေပါင္းမ်ားစြာ ေဝးကြာေနတတ္တယ္။
ဖခင္ရဲ႕ လက္ကေလးတစ္ဖ်စ္၊ မိခင္ရဲ႕ အနမ္းေလးတစ္႐ႈိက္ကို တခ်ိဳ႕သားသမီးေတြ ရခဲ့ၾကေပမယ့္ တခ်ိဳ႕သားသမီးေတြ မရခဲ့ၾကဘူး။ တခ်ိဳ႕က မိဘမ႐ိွလို႔၊ တခ်ိဳ႕ကေတာ့ မိဘရဲ႕ မယုယမၾကင္နာတတ္လို႔ မရခဲ့ၾကတာ။
ၿပီးခဲ့တဲ့တစ္ေခါက္ ကြၽန္ေတာ္ ႐ြာကိုျပန္ေတာ့ ကေလးတစ္ေယာက္ကို ေတြ႔ခဲ့တယ္။ ကြၽန္ေတာ့္ညီေက်ာ္ဇင္လတ္က သူ႔သားအံ့မွဴးသြင္ကို ေက်ာပိုးထားတာကိုၾကည့္ၿပီး အဲဒီေကာင္ေလး အံ့အားသင့္ေနတယ္။
ကြၽန္ေတာ့္တူအံ့မွဴးသြင္ကို သူ တိုးတိုးေလးကပ္ေမးတယ္တဲ့။ "မင္းအေဖက မင္းကို ေက်ာပိုးတယ္လား"တဲ့။
ဒီတစ္ခါ အံ့အားသင့္ရတာက ကြၽန္ေတာ္ပါ။ ဖခင္ျဖစ္သူက သားျဖစ္သူကို ေက်ာပိုးတာဟာ ျပဳ႐ိုးျပဳစဥ္သာမန္ကိစၥပါ။ သား႐ိွတဲ့ဖခင္တိုင္း ျပဳလုပ္ေနက်။ ဒီကေလးကေတာ့ သူ႔အေဖက သူ႔ကို ေက်ာပိုးေပးပုံမရပါဘူး။ သူ႔အေဖရဲ႕ေက်ာေပၚ တက္ခြစီးခြင့္ မရဘူးထင္ပါတယ္။
သူ သူ႔အေဖရဲ႕ေက်ာေပၚ တက္ခြစီးခ်င္စိတ္ေတြ မြတ္သိပ္ေနပုံရပါတယ္။ သူ႔အတြက္ သူ႔အေဖရဲ႕ေက်ာေပၚ တက္ခြစီးခြင့္ဟာ ယူဇနာတစ္သန္းေဝးကြာေနတယ္။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကြၽန္ေတာ္ ကြၽန္ေတာ့္လက္နဲ႔ႏႊင္ေပးထားတဲ့ ငါးေခါင္းထဲက အသားဖတ္ကေလးေတြကို ကြၽန္ေတာ့္သားသစၥာတည္ဦး တဆတ္ဆတ္ကိုက္စားေနတာၾကည့္ၿပီး ပီတိျဖစ္ေနတယ္။
စိတ္ထဲကလည္း ေမးေနမိတယ္။ "ငါးေခါင္းထဲက အသားဖတ္ကေလးေတြ ခ်ိဳျမပါရဲ႕လားသားရယ္"လို႔။
ရင္႐ိုး
23-1-2017
Unicode version
ငါးခေါင်းထဲက အသားဖတ်တွေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ငါးခေါင်းဟင်းချိုဆိုတာ ဈေးကြီးတဲ့ဟင်းလျာ။ ချဉ်ချိုအရသာအပြည့်။ လျှာရင်းမြက်လှပါတယ်။ ထမင်းလေးတစ်လုတ်စားအပြီး ငါးခေါင်းဟင်းရည်ကလေးတစ်စွန်းလောက် သောက်လိုက်ရရင် အာလျှပြေပျောက်သွားတတ်တယ်။ လျှာပြတ်တယ်ခေါ်တာပေါ့။
သိတဲ့အတိုင်း ငါးခေါင်းဟင်းရည်က ဟင်းရည်တင် သောက်လို့ကောင်းတာမဟုတ်။ ငါးခေါင်းထဲမှာ ကတ်သီးကတ်သတ်တွယ်ကပ်နေတဲ့ အသားဖတ်ကလေးတွေကလည်း အရသာရှိတယ်မဟုတ်လား။ ငါးခေါင်းကို လက်ကကိုင်တဲ့ပြီး ပြွတ်ခနဲပြွတ်ခနဲစုပ်မြိုလိုက်ရရင် တစ်ခါတည်းခွန်အားပြည့်မောက်သွားသလို ခံစားရတတ်တယ်။
ဒါက အရွယ်ရောက်ပြီးသူတွေသာ ပြုမူခံစားနိုင်တဲ့အရသာ။ အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကတော့ တင်းပြည့်ကျပ်ပြည့်ခံစားနိုင်မှာမဟုတ်။ ငါးခေါင်းတစ်ခေါင်းကို ချပေးထားပြီး ကလေးငယ်တွေကို သူတို့ဘာသာစားခိုင်းလို့ မဖြစ်နိုင်ပါ။ ငါးအရိုးစူးလို့ ဒုက္ခရောက်သွားနိုင်ပါတယ်။
ကလေးလေးတွေ ငါးခေါင်းထဲက အသားဖတ်ကလေးတွေကို စားရဖို့ လူကြီးတွေက အကူအညီပေးသင့်လှပါတယ်။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
"အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ
လက်တစ်ပစ်စာရယ်ပါ၊
သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့၊"
"ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်"ကဗျာမှာ မောင်ချောနွယ်ရေးခဲ့တယ်။ တချို့အတွက် လက်တစ်ပစ်စာဟာ တချို့အတွက် ယူဇနာသန်းပေါင်းများစွာ ဝေးကွာနေတတ်တယ်။
ဖခင်ရဲ့ လက်ကလေးတစ်ဖျစ်၊ မိခင်ရဲ့ အနမ်းလေးတစ်ရှိုက်ကို တချို့သားသမီးတွေ ရခဲ့ကြပေမယ့် တချို့သားသမီးတွေ မရခဲ့ကြဘူး။ တချို့က မိဘမရှိလို့၊ တချို့ကတော့ မိဘရဲ့ မယုယမကြင်နာတတ်လို့ မရခဲ့ကြတာ။
ပြီးခဲ့တဲ့တစ်ခေါက် ကျွန်တော် ရွာကိုပြန်တော့ ကလေးတစ်ယောက်ကို တွေ့ခဲ့တယ်။ ကျွန်တော့်ညီကျော်ဇင်လတ်က သူ့သားအံ့မှူးသွင်ကို ကျောပိုးထားတာကိုကြည့်ပြီး အဲဒီကောင်လေး အံ့အားသင့်နေတယ်။
ကျွန်တော့်တူအံ့မှူးသွင်ကို သူ တိုးတိုးလေးကပ်မေးတယ်တဲ့။ "မင်းအဖေက မင်းကို ကျောပိုးတယ်လား"တဲ့။
ဒီတစ်ခါ အံ့အားသင့်ရတာက ကျွန်တော်ပါ။ ဖခင်ဖြစ်သူက သားဖြစ်သူကို ကျောပိုးတာဟာ ပြုရိုးပြုစဉ်သာမန်ကိစ္စပါ။ သားရှိတဲ့ဖခင်တိုင်း ပြုလုပ်နေကျ။ ဒီကလေးကတော့ သူ့အဖေက သူ့ကို ကျောပိုးပေးပုံမရပါဘူး။ သူ့အဖေရဲ့ကျောပေါ် တက်ခွစီးခွင့် မရဘူးထင်ပါတယ်။
သူ သူ့အဖေရဲ့ကျောပေါ် တက်ခွစီးချင်စိတ်တွေ မွတ်သိပ်နေပုံရပါတယ်။ သူ့အတွက် သူ့အဖေရဲ့ကျောပေါ် တက်ခွစီးခွင့်ဟာ ယူဇနာတစ်သန်းဝေးကွာနေတယ်။
✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏ ✏
ကျွန်တော် ကျွန်တော့်လက်နဲ့နွှင်ပေးထားတဲ့ ငါးခေါင်းထဲက အသားဖတ်ကလေးတွေကို ကျွန်တော့်သားသစ္စာတည်ဦး တဆတ်ဆတ်ကိုက်စားနေတာကြည့်ပြီး ပီတိဖြစ်နေတယ်။
စိတ်ထဲကလည်း မေးနေမိတယ်။ "ငါးခေါင်းထဲက အသားဖတ်ကလေးတွေ ချိုမြပါရဲ့လားသားရယ်"လို့။
ရင်ရိုး
23-1-2017
No comments:
Post a Comment