Zawgyi version
ေဖေဖၚ၀ါရီ ၁၄
lllllllllllllllllllllll
ေဖေဖၚ၀ါရီ ၁၄ ဟာ
လူပါကာလီယာပြဲေတာ္က အစ
ကေလာဒီးယပ္စ္ဘုရင္ အလယ္
ဘုန္းေတာ္ႀကီး စိန္႔ဗယ္လင္တိုင္း အဆံုး
ေဖေဖၚ၀ါရီ ၁၄ ဟာ
ေခ်ာကလက္ကေလးေတြရဲ႔သီခ်င္း
ႏွင္းဆီပြင့္ကေလးေတြရဲ႕ဇာတ္လမ္း
ပို႔စကဒ္ကေလးေတြရဲ႕ကဗ်ာ
ေဖေဖၚ၀ါရီ ၁၄ ဟာ
ခံုတန္းလ်ားကေလးေတြရဲ႕ရယ္ေမာသံ
ေျမနီလမ္းကေလးေတြရဲ႕႐ႈခင္း
ျမက္ခင္းစိမ္းကေလးေတြရဲ႕ရနံ႔
ေဖေဖၚ၀ါရီ ၁၄ ဟာ
အခ်စ္ရဲ႕ရင္ခုန္ႏႈန္း
အခ်စ္ရဲ႕ရာသီဥတု
အခ်စ္ရဲ႕အဓိပၸါယ္
ေဖေဖၚ၀ါရီ ၁၄ မွာ
ေဖေဖၚ၀ါရီ ၁၄ က
ေဖေဖၚ၀ါရီ ၁၄ ကို
အနမ္းလက္ေဆာင္ေပးေတာ႔
အက်ႌဆင္တူ၀တ္ထားတဲ့ငွက္ကေလးေတြ
ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ထပ်ံကုန္ၾကတယ္
`႐ွက္လို႔´တဲ့...။
ေအာင္ကိုကိုလတ္(တမူး)
၁၄.၂.၂၀၀၈
Unicode version
ဖေဖေါ်ဝါရီ ၁၄
lllllllllllllllllllllll
ဖေဖေါ်ဝါရီ ၁၄ ဟာ
လူပါကာလီယာပွဲတော်က အစ
ကလောဒီးယပ်စ်ဘုရင် အလယ်
ဘုန်းတော်ကြီး စိန့်ဗယ်လင်တိုင်း အဆုံး
ဖေဖေါ်ဝါရီ ၁၄ ဟာ
ချောကလက်ကလေးတွေရဲ့သီချင်း
နှင်းဆီပွင့်ကလေးတွေရဲ့ဇာတ်လမ်း
ပို့စကဒ်ကလေးတွေရဲ့ကဗျာ
ဖေဖေါ်ဝါရီ ၁၄ ဟာ
ခုံတန်းလျားကလေးတွေရဲ့ရယ်မောသံ
မြေနီလမ်းကလေးတွေရဲ့ရှုခင်း
မြက်ခင်းစိမ်းကလေးတွေရဲ့ရနံ့
ဖေဖေါ်ဝါရီ ၁၄ ဟာ
အချစ်ရဲ့ရင်ခုန်နှုန်း
အချစ်ရဲ့ရာသီဥတု
အချစ်ရဲ့အဓိပ္ပါယ်
ဖေဖေါ်ဝါရီ ၁၄ မှာ
ဖေဖေါ်ဝါရီ ၁၄ က
ဖေဖေါ်ဝါရီ ၁၄ ကို
အနမ်းလက်ဆောင်ပေးတော့
အကျႌဆင်တူဝတ်ထားတဲ့ငှက်ကလေးတွေ
ပျော်ပျော်ရွှင်ရွှင် ထပျံကုန်ကြတယ်
`ရှက်လို့´တဲ့...။
အောင်ကိုကိုလတ်(တမူး)
၁၄.၂.၂၀၀၈
No comments:
Post a Comment