Zawgyi version
အိမ္ေထာင္ဦး
။။။။။။။။။။။။။။။။။။။။
တစ္ေယာက္က အိပ္စက္ေနခ်ိန္
တစ္ေယာက္က ၾကယ္အျပာေလးကို ေငးလို႔
မနက္ျဖန္ေန႔မ်ား ေမာဟိုက္ေန။
ခ်စ္သူဘဝတုန္းက
ေျဖာင့္တန္းေနတဲ့ လမ္းကေလး
အခုေတာ့ က်ဳိးေၾကသြား၊
ဘာေတြ ေျပာင္းလဲသြားသလဲ ေတြးခ်ိန္မရလိုက္။
ည ည ထငိုတတ္တဲ့သားေလး
ဗိုက္ဆာေနၿပီလား၊
တစ္ေန႔ တစ္ေန႔ ေနဝင္သြားလည္း
ေန႔သစ္မ်ား ေရာက္မလာ။
အတူလက္တြဲၿပီး အတူေပ်ာ္ရဲလားေမးခြန္း
အခုခ်ိန္ ဇနီးကို မေမးရဲ၊
မျမင္ကြယ္ရာမွာ မသိခ်င္ေယာင္ေဆာင္ေနတဲ့ကံၾကမၼာကို
မသိက်ဳိးက်ြံျပဳထားလိုက္တယ္။
ဆက္ေလ်ွာက္ရမယ့္လမ္း ဆက္သြားရမွာပဲ
ညဥ့္နက္လာရင္
ၾကယ္ေတြပိုလင္းလာမွာပါ ဇနီးေလး။ ။
ရင္႐ိုး
idea မဂၢဇင္း၊ ဇြန္လ၊ ၂၀၁၂။
Unicode version
အိမ်ထောင်ဦး
။။။။။။။။။။။။။။။။။။။။
တစ်ယောက်က အိပ်စက်နေချိန်
တစ်ယောက်က ကြယ်အပြာလေးကို ငေးလို့
မနက်ဖြန်နေ့များ မောဟိုက်နေ။
ချစ်သူဘဝတုန်းက
ဖြောင့်တန်းနေတဲ့ လမ်းကလေး
အခုတော့ ကျိုးကြေသွား၊
ဘာတွေ ပြောင်းလဲသွားသလဲ တွေးချိန်မရလိုက်။
ည ည ထငိုတတ်တဲ့သားလေး
ဗိုက်ဆာနေပြီလား၊
တစ်နေ့ တစ်နေ့ နေဝင်သွားလည်း
နေ့သစ်များ ရောက်မလာ။
အတူလက်တွဲပြီး အတူပျော်ရဲလားမေးခွန်း
အခုချိန် ဇနီးကို မမေးရဲ၊
မမြင်ကွယ်ရာမှာ မသိချင်ယောင်ဆောင်နေတဲ့ကံကြမ္မာကို
မသိကျိုးကျွံပြုထားလိုက်တယ်။
ဆက်လျှောက်ရမယ့်လမ်း ဆက်သွားရမှာပဲ
ညဥ့်နက်လာရင်
ကြယ်တွေပိုလင်းလာမှာပါ ဇနီးလေး။ ။
ရင်ရိုး
idea မဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၂။
No comments:
Post a Comment